အသက်(၆)လပြည့်လို့ အဖတ်စစားချိန်မှာ မကျွေးသင့်တဲ့ အစားအစာတွေ

by: Swe Mar
 0 comments  4 love

(၆) လ အရွယ်ဟာ အဖတ်စ စားချိန်ဖြစ်တာကြောင့် မေမေတို့အနေနဲ့ အစာကျွေးတဲ့အခါ သတိထားစေချင်ပါတယ်။ အာဟာရပြည့်ပြီး ကလေးအသက်အရွယ်နဲ့ ကိုက်ညီမယ့် အစားအစာကိုသာ ကျွေးပါ။

(၆) လကျော် သားသားမီးမီးလေးတွေကို အဖတ်တွစတင်ကျွေးလို့ရပြီဆိုပေမယ့် မေမေတို့က ကျွေးလို့မရတဲ့ အစားအစာတွေလည်း ရှိပါသေးတယ်နော်။

အဖတ်စစားပြီဆိုတဲ့အခါ ဝါးလို့လွယ်တဲ့ အစားအစာလေးတွေကို ကျွေးပါ

ပျားရည်ကို မကျွေးပါနဲ့

သဘာဝက ရတဲ့ ပျားရည်ဟာ အားရှိတယ်ဆိုပေမယ့် မွေးကင်းစကလေးတွေအတွက်တော့ ကျွေးဖို့ မသင့်တော်ပါဘူး။ ဈေးကွက်မှာဝယ်လို့ရတဲ့ ကလေးအသက်အရွယ်အလိုက် ဖြည့်စွက်စာတွမှာတော့ ပျားရည်နဲ့ အထူးပြုလုပ်တဲ့ အာဟာရမှုန့်တွေကိုတော့ ကျွေးလို့ရပါတယ်။

နွားနို့ကို သောက်စရာအနေနဲ့ မတိုက်ပါနဲ့

မိခင်နို့နဲ့ နို့မှုန့်ကလွဲလို့ နွားနို့ကို တိုက်စရာအနေနဲ့ မတိုက်ပါနဲ့။ နို့နဲ့ပြုလုပ်ထားတဲ့ မုန့်ကိုတော့ ကျွေးလို့ ရပါတယ်။ ဥပမာ နို့ဆန်ပြုတ်၊ ပူတင်း စတဲ့ အားရှိစေမယ့် အစားအစာတွေပါ။

အသားမကျက်တကျက်တွေ ဥ မကျက်တကျက်အနေအထားတွေကို မကျွေးပါနဲ့

အထဲက ဘက်တီးရီးယားပိုးတွေ မသေနိုင်တာကြောင့် ကလေးကို အစိမ်းမကျွေးပါနဲ့။ ကျက်အောင်ချက်ပြုတ်ထားတဲ့ အစားအစာတွေကို ညက်ကျေတဲ့အနေအထားနဲ့သာ ကျွေးပါ။

ကျွေးတဲ့အစားအစာတွေထဲမှာ အရသာတွေကို အများကြီးမထည့်ပါနဲ့

မေမေတို့က အစားအစာတွေကို အရသာရှိစေလိုဇောနဲ့ ဆားတွေ သကြားတွေ ထည့်ပြီး ပြုလုပ်လိုကြပါတယ်။ ကလေးအတွက် အစားအစာတွေက သဘာဝအရသာမပျက်ရှိတာက အကောင်းဆုံးပါ

အခွံမာသီးတွေနဲ့ အသီးအရွက်အစိမ်းတွေကို မပေးပါနဲ့

မြေပဲဆန်လို၊ သီဟိုစေ့လို အခွံမာသီးတွေက ဘယ်လောက်ပဲ ကောင်းတယ်ပြောပြော မွေးကင်းစအရွယ်လေးအတွက်တော့ စားဖို့ အသင့်မဖြစ်သေးပါဘူး။ တတ်နိုင်သမျှ ပါးစပ်ထဲ နှာခေါင်းထဲထည့်လိုက်မှာစိုးလို့ သူတို့နဲ့ လက်လှမ်းမှီရာမှာတောင် မထားပါနဲ့။ အလားတူပါပဲ။ အသီးအရွက်အစိမ်းတွေကိုလည်း သူတို့ စားဖို့ အသင့်မဖြစ်သေးပါဘူး။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles