အိပ်စက်ခြင်းက ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ အရေးကြီးတဲ့ နေရာကနေ ရှိနေပါတယ်။ ကလေးငယ်တွေ အိပ်ချိန်နည်းနေတယ်ဆိုရင် အောက်ပါပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။
- စိုးရိမ်ပူပန်ခြင်း
- စိတ်ကျခြင်း
- သင်ယူနိုင်စွမ်း နည်းလာခြင်း
- ကိုယ်ခံအားစနစ်မျာ ပြဿနာတွေရှိလာခြင်း
- နှလုံးပြဿနာရှိလာခြင်း
- ဒေါသကြီးလာခြင်း
- ဒေါသကို မထိန်းချုပ်နိုင်ခြင်း
- မကြာခဏ ယားယံခြင်း
- အာရုံစူးစိုက်မှု မရခြင်း
- စိတ်တည်ငြိမ်မှုနည်းခြင်းနဲ့
- ဇီဝဖြစ်စဉ် အားနည်းတဲ့ ပြဿနာကို ရင်ဆိုင်ရပါတယ်။

အနည်းဆုံး (၇)နာရီလောက် အိပ်ဖို့ လိုအပ်ပါတယ် (Photo by NY Metro Parents)
ဒီလက္ခဏာတွေတွေ့နေရပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုအပ်ပါတယ်။ မွေးကင်းစ ကလေးငယ်တွေကတော့ တစ်ရက်ကို (၁၂-၁၆)နာရီထိ အိပ်ဖို့လိုအပ်ပြီး အရွယ်ရောက်လာပြီးဖြစ်တဲ့ သားသားမီးမီးလေးတွေမှာ အနည်းဆုံး (၇)နာရီလောက် အိပ်ဖို့ လိုအပ်ပါတယ်။ ဖုန်း၊ ကွန်ပျူတာ၊ တီဗီ ကြည့်တာကို ကန့်သတ်ပါ။ Screen အကြည့်များတာက ကလေးငယ်ဆီမှာ ဖိအားတွေနဲ့ တခြားကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။
အိပ်ချိန်နည်းတဲ့ ပြဿနာတွေအပြင် နောက်ထပ်ရင်ဆိုင်ရတာက အိပ်နေချိန်မှာ ဟောက်တဲ့ ပြဿနာပါ။ ဘာကြောင့် သားသားမီးမီးလေးအချို့ အိပ်ချိန်မှာ ဟောက်တာလဲ။
ပန်းနာရင်ကျပ်
ပန်းနာရင်ကျပ် ပြဿနာဟာ အသက်ရှူတာကို အဟန့်အတားဖြစ်စေတာကြောင့် ကလေးငယ်တွေ အိပ်ပျော်နေချိန်မှာ ဟောက်တာပါ။ ကလေးငယ်က အိပ်တဲံအခါ ဟောက်တဲ့အပြင် နေ့ခင်းနေ့လည်တွေမှာ အသက်ရှူကျပ်တာနဲ့ ချောင်းဆိုးတဲ့ လက္ခဏာတွေ ပြနေတယ်ဆိုရင် ဆရာဝန်နဲ့ ပြသပေးသင့်ပါတယ်။
တုပ်ကွေး
တချို့တုပ်ကွေးအမျိုးအစားတွေက လေလမ်းကြောင်းကို အဟန့်အတားဖြစ်စေတာကြောင့် ကလေးငယ်တွေ အိပ်ပျော်နေချိန်မှာ ဟောက်တဲ့ပြဿနာ ရင်ဆိုင်ရပါတယ်။ တုပ်ကွေးပျောက်သွားတာနဲ့ ဟောက်တာလည်း ရပ်သွားပါလိမ့်မယ်။
နေရာလွဲခြင်း
Deviated Septum လို့ခေါ်တဲ့ နှာနုရိုးနေရာလွဲတဲ့ပြဿနာကြောင့် လေထုအတားအဆီးဖြစ်ပြီး ကလေးငယ်တွေ အိပ်တဲ့အခါ ဟောက်တာမျိုး ဖြစ်လာနိုင်ပါတယ်။

အိပ်ချိန်နည်းတဲ့ ပြဿနာတွေအပြင် နောက်ထပ်ရင်ဆိုင်ရတာက အိပ်နေချိန်မှာ ဟောက်တဲ့ ပြဿနာပါ (Photo by www.aboutkidshealth.ca)
ကိုယ်အလေးချိန်
ကိုယ်အလေးချိန် မြင့်မားတဲ့ ကလေးငယ်တွေမှာလည်း ဟောက်တဲ့ပြဿနာ ရင်ဆိုင်ရပါတယ်။
Tonsillitis
Tonsillitis လို့ခေါ်တဲ့ ကြီးမားတဲ့ဂလင်းတစ်မျိုးက အထက်ကိုရောက်လာပြီး လေကြောင်းလမ်းကို ပိတ်ဆို့တာကြောင့် ဟောက်တာကို ရင်ဆိုင်ရပါတယ်။
ဓါတ်မတည့်ခြင်း
ပြင်းထန်တဲ့ ဓါတ်မတည့်ခြင်းတွေကြောင့် လည်ချောင်းရောင်ရမ်းပြီး နှာခေါင်းလမ်းကြောင်းပိတ်ဆို့ကာ အိပ်နေချိန်မှာ ဟောက်တာကို ကြုံရပါတယ်။
Neuromuscular Disease
အိပ်ပျော်နေချိန်မှာ ကိုယ်တွင်းအင်္ဂါလှုပ်ရှားမှုတွေ နှေးကွေးသွားပြီး ကြွက်သားတွေကို ထိန်းချုပ်တဲ့ အာရုံကြော ထိန်းချုပ်မှုပြောင်းသွားတာကြောင့် ဟောက်တဲ့ပြဿနာကြုံရပါတယ်။ တချို့တွေမှာ အသက်အန္တရာယ်ထိ စိုးရိမ်ရပါတယ်။
မျိုးရိုးဗီဇ
မျိုးရိုးအရ ကလေးငယ်မှာလည်း အိပ်ပျော်နေချိန် ဟောက်တဲ့ပြဿနာကို လက်ဆင့်ကမ်း သယ်ဆောင်လာတတ်ပါတယ်။
ဆေးလိပ်ငွေ့
ကလေးငယ်ရဲ့ ပတ်ဝန်းကျင်မှာ ဆေးလိပ်ငွေ့တွေရှိတာမျိုးက အိပ်ပျော်တဲ့အချိန်မှာ ဟောက်တာကို ရင်ဆိုင်ရနိုင်ပါတယ်။
အိပ်ပျော်နေချိန် အသက်ရှူကျပ်ခြင်း
အိပ်ပျော်နေချိန်မှာ အသက်ရှူကျပ်တဲ့ ဝေဒနာတွေကြောင့်လည်း ဟောက်တဲ့လက္ခဏာ ပြတတ်ပါတယ်။
ကလေးငယ် အိပ်ပျော်နေချိန် ဟောက်တာက မျိုးရိုးဗီဇနဲ့ ကိုယ်အလေးချိန်ကြောင့် ရှိနိုင်သလို ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။
Comments