
ဖျားနေတဲ့ သားသားလေး
မေမေတို့ သားသားမီးမီးလေးတွေကို ကျန်းမာအောင် ဂရုစိုက်ကြပေမယ့် အခန့်မသင့်တဲ့အခါ ဖျားနာတာတွေ ဖြစ်တတ်ပါတယ်။ သားသားမီးမီးလေးတွေ ဖျားနေတယ်ဆိုရင် သူတို့ အစားစားချင်စိတ် ရှိမှာ မဟုတ်ပါဘူး။ ဒီအခါမှာ မေမေတို့ ဘာကျွေးရမလဲဆိုကလည်း အတော့်ကို စိတ်ပူစရာ ကိစ္စပါပဲ။ ဒါတွေ အဆင်ပြေစေဖို့ နေမကောင်းတဲ့အချိန် ကျွေးလို့ ရတာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
ဆက်လက်တိုက်ကျွှေးပေးဖို့လိုတဲ့ နို့နဲ့ဖြည့်စွက်စာ
နို့ဗူးစို့တဲ့ သားသားမီးမီးလေးတွေဟာ နေမကောင်းရင် နို့ဗူးမစို့ကြတော့ပါဘူး။ ဒီလိုအချိန်မှာ မေမေတို့ရဲ့ နို့ချိုတိုက်ပါ။ မေမေရဲ့ နို့ချိုက ဘက်တီးရီးယားပိုးတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ နောက်တစ်ခုက မေမေတို့ သားသားမီးမီးလေးတွေကို ပုံမှန်ဖြည့်စွက်စာ ကျွေးလို့ ရပါတယ်။ နေမကောင်းနေတာကြောင့် အများကြီး မကျွေးပါနဲ့။ အများကြီးမစားနိုင်တာကိုလည်း အရမ်းစိတ်ပူစရာ မရှိပါဘူး။

နေမကောင်းလို့ အစားမစားချင်
အစာကြေလွယ်တာကျွှေးပါ
နေမကောင်းတဲ့အချိန်တွေမှာ အစာကြေလွယ်တဲ့ အစားအစာတွေကျွေးပါ။ ဆန်ပြုတ်၊ ငါး ကျွေးနိုင်ပါတယ်။ အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာ၊ အသီးအနှံတွေ ကျွေးပါ။ သားသားမီးမီးလေးတွေ ခန္ဓာကိုယ်က နေမကောင်းချိန်မှာ ပင်ပန်းလွန်းတာမို့ အစားအများကြီး မစားနိုင်ရင် အတင်းမကျွေးပါနဲ့။ အာဟာရပြည့်တဲ့ အစားအစာတွေနဲ့ ရေဓါတ်များများရနိုင်မယ့် အစားအစာကိုသာ ကျွေးပါ။ ဆိုဒါ၊ အအေးနဲ့ ချိုလွန်းတဲ့ အစားအစာတွေ မကျွေးပါနဲ့။
ဘာတွေမကျွှေးရတာလဲ
သားသားမီးမီးလေးတွေက အအေးမိတာဆိုရင် ဗီတာမင်စီ များတဲ့ အစားအစာလေးတွေ ကျွေးလို့ ရပါတယ်။ နို့ထွက် ပစ္စည်းတွေက အအေးမိဖျားနာပြီးရင် ကျန်ခဲ့တဲ့ ချောင်းဆိုးခြင်းကို ပိုဖြစ်စေတဲ့အတွက် နေမကောင်းချိန်မှာ မကျွေးတာ အကောင်းဆုံးပါ။ ဗိုက်အရမ်းအောင့်တယ်ဆိုရင်တော့ အရည်များများ တိုက်ပေးတာနဲ့ အသီးလေးတွေ စားနိုင်ပါတယ်။ အစာကြေလွယ်တာတွေပဲ ကျွေးပါ။ အရမ်းငန်တာ၊ စပ်တာ၊ ချဉ်တာတွေ မကျွေးပါနဲ့။ ဓါတ်ဆားရည် တိုက်လို့ရပါတယ်။ ကလေး အန်မယ်ဆိုရင် ရေဓါတ်ပြန်လည်ဖြည့်တင်းပေးဖို့ လိုတာမို့ ဓါတ်ဆားရည် လိုပါတယ်။
Comments