သားသားမီးမီးအတွက် ချက်တဲ့အစားအစာတိုင်း စိတ်ချရစေဖို့

by: Phyo Pyae Thu
 0 comments  13 love

ထမင်းဟင်း ချက်တဲ့အခါမှာ အာဟာရပြည့်စုံဖို့ အဓိကထားပြီး ချက်ကြပါတယ်။ အစားအစာစကျွေးတဲ့အခါမှာ သန့်ရှင်းဖို့နဲ့ အစားအစာတွေ လတ်ဆတ်ဖို့က အဓိက အရေးအကြီးဆုံးပါပဲ။

မေမေတို့ သားသားမီးမီးလေးတွေအတွက် ဖြည့်စွက်စာ ဒါမှမဟုတ် ထမင်းဟင်း ချက်တဲ့အခါမှာ အာဟာရပြည့်စုံဖို့ အဓိကထားပြီး ချက်ကြပါတယ်။ သားသားမီးမီးလေးတွေကို အစားအစာစကျွေးတဲ့အခါမှာ သန့်ရှင်းဖို့နဲ့ အစားအစာတွေ လတ်ဆတ်ဖို့က အဓိက အရေးအကြီးဆုံးပါပဲ။ ဒီလို သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာဖြစ်အောင် ဘယ်လိုချက်ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

မေမေတို့ရေ သားသားမီးမီးလေးတွေရဲ့ အစာအိမ်ဟာ သိပ်ကိုနုနယ်ပါသေးတယ်။ ဒါကြောင့် မေမေတို့ ချက်ပြုတ်တဲ့အခါမှာ အသုံးပြုတဲ့ အိုး၊ ပန်းကန်တွေကအစ သန့်ရှင်းနေဖို့ လိုပါတယ်။ နောက်တစ်ခုကတော့ မေမေတို့ မချက်ခင်မှာ လက်သန့်ရှင်းရေး လုပ်ဖို့ အမြဲသတိရပါ။ အသားငါးစိမ်းတွေ ချက်ချင်းမချက်သေးဘူးဆိုရင် ဘက်တီးရီးယား ပေါက်တာကို ကာကွယ်ဖို့ ရေခဲသေတ္တာထဲ ထည့်ထားပါ။ အသီးအရွက်၊ အသားငါးတွေကို လှီးမယ့် ဓါး၊ စဥ့်နှီးတုံးတို့ကိုလည်း သန့်ရှင်းအောင်ထားပါနော်။ မချက်ပြုတ်မီ ပါဝင်ပစ္စည်းများကို သေချာဆေးကြာထားပါ။ ရေခဲသေတ္တာထဲ တစ်ညလုံးထည့်ထားတဲ့အသားများကို microwaveထဲထည့်ပြီး အပူပေးပါ။ အခန်းအပူချိန်နဲ့ အရည်မပျော်စေပါနဲ့။

ကျက်အောင်ချက်ပါ။ မကျက်တဲ့အစိတ်အပိုင်းမကျန်ရလေအောင်  ကလေးကိုကျွေးပြီး ပန်းကန်ထဲကျန်နေသေးရင် နွေးပြီးထပ်ကျွေးတာမျိုးမလုပ်ပါနဲ့။ ရေခဲသေတ္တာထဲ ထည့်ထားရင်တောင် ဘက်တီးရီးယားတွေ ပေါက်ဖွားတတ်ပါတယ်။ မေမေတို့ရေ ဖြည့်စွက်စာဆိုရင်တော့ အစိမ်းအတိုင်း ဖြစ်နေတဲ့ နို့ထွက်ပစ္စည်း၊ ပျားရည်၊ စည်သွပ်ဘူးနဲ့ သံချေးတတ်နေတာတွေ၊ အပေါက်ဖြစ်နေတဲ့ ဘူးနဲ့ထည့်ထားတဲ့ စားစရာတွေ မကျွေးသင့်ပါဘူး။

သားသားမီးမီးလေးတွေကို ရာသီစာ အသီးအနှံတွေ ကျွေးပေးရပါမယ်။ ကိုယ်တိုင်စိုက်ပျိုးတာက အကောင်းဆုံး ဆိုပေမယ့် မေမေတို့ အချိန်မရှိရင်တော့ စိုက်ပျိုးနိုင်မှာ မဟုတ်ပါဘူး။ အသီးအနှံတွေ ကွဲနေတာ၊ အနာအဆာပါတာ ဒါမှမဟုတ် ပျက်စီးနေတာမျိုးတွေ ရှောင်ပါ။ သူတို့လေးတွေ စားမယ့် အစားအစာရဲ့သက်တမ်းကုန်ဆုံးရက်ကိုလည်း ကြည့်ဖို့ မမေ့နဲ့နော်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles