ကလေးတွေ မကြာခဏဖျားနာခြင်းမှ ကင်းဝေးအောင် ဒါတွေဆောင်

by: Nang Htwe
 0 comments  15 love

မသန့်ရှင်းတဲ့ လက်နဲ့ သားသားမီးမီးလေးတွေကို ပြုစုမယ်ဆိုရင် သူတို့လေးတွေမှာ အအေးမိဖျားနာတာတွေ ဖြစ်ပေါ်စေပါတယ်။

သားသားမီးမီးလေးတွေမှာ အအေးမိဖျားနာရောဂါ ဖြစ်နိုင်ပါတယ်။ ဒါက ကလေးငယ်တိုင်းမှာ ဖြစ်ပွားနိုင်တာပါ။ ဘာကြောင့် သားသားမီးမီးလေးတွေက အအေးမိဖျားနာတာတွေကို ကြုံတွေ့ရတာလဲ။ သူတို့လေးတွေရဲ့ ပတ်ဝန်းကျင်မှာ အအေးမိ ဖျားနာစေတဲ့ viruses ပိုးတွေ ရှိနေလို့ပါ။

Photo: dreamstime.com

မေမေဖေဖေတို့ ကာကွယ်ပေးရမှာက

၁။ သတိထားပါ

ကာကွယ်ဆေးမထိုးရသေးမီ သားသားမီးမီးလေးတွေကို လူအရမ်းများတဲ့ နေရာတွေဆီ မခေါ်သွားပါနဲ့။ သားသားမီးမီးလေးတွေကို မဖြစ်မနေ လူအများရှိတဲ့ နေရာတွေကို ခေါ်သွားတယ်ဆိုရင် အကာအကွယ်တွေ ပြုလုပ်ပေးထားပါ။ သူတို့လေးတွေလိုက်ပါလာတဲ့ တွန်းလှည်းကို ပဝါးပါး သို့မဟုတ် စောင်ပါးတစ်ထည် ဖုံးအုပ်ပေးထားပါ။ ဒီလိုအကာအကွယ်လေးတွေ ပြုလုပ်ပေးတာက ပတ်ဝန်းကျင်မှာရှိတဲ့ ရောဂါပိုးတွေ ဝင်ရောက်မလာအောင် ကာကွယ်ပေးပါတယ်။

၂။ လက်ကို သန့်ရှင်းအောင်ထားပါ

ဈေးဝယ်တဲ့အခါမှာ မေမေဖေဖေတို့အနေနဲ့ လက်ကို ပစ္စည်းတွေကိုင်ရပါတယ်။ ကောင်တာပေါ်လက်တင်တာတွေနဲ့ ပိုက်ဆံကိုင်တာတွေက လက်မှာ ပိုးမွှားတွေ ကပ်နေစေပါတယ်။ ဒါ့ကြောင့် သားသားမီးမီးလေးတွေကို ခေါ်သွားမယ်ဆိုရင်တော့ လက်ဆေးဆပ်ပြာကို ဆောင်ထားဖို့ လိုပါတယ်။ မသန့်ရှင်းတဲ့ လက်နဲ့ သားသားမီးမီးလေးတွေကို ပြုစုမယ်ဆိုရင် သူတို့လေးတွေမှာ အအေးမိဖျားနာတာတွေ ဖြစ်ပေါ်စေပါတယ်။

သားသားမီးမီးလေးတွေကို လာကြည့်တဲ့ ဧည့်သည်တွေကိုလည်း လက်ဆေးခိုင်းဖို့လိုပါတယ် (Photo by Popsicle)

၃။ ဧည့်သည်

လာတဲ့ ဧည့်သည်တွေကိုလည်း လက်ဆေးခိုင်းဖို့လိုပါတယ်။ မေမေဖေဖေတို့အနေနဲ့ ဧည့်သည်ကို လက်ဆေးခိုင်းတာ အားနာစရာကောင်းပါတယ်။ သားသားမီးမီးလေးတွေ အအေးမိဖျားနာတာကို ကာကွယ်ဖို့အတွက်တော့ လက်ဆေးခိုင်းတာက အကောင်းဆုံးပါ။

၄။ မိခင်နို့

မိခင်နို့က သားသားမီးမီးလေးတွေကို အအေးမိဖျားနာခြင်းတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် ခြောက်လအောက် သားသားမီးမီးလေးတွေကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပါ။ ခြောက်လအထက် သားသားမီးမီးလေးတွေကိုတော့ ဖြည့်စွက်စာအပြင် မိခင်နို့ကိုပါ ဆက်လက်တိုက်ကျွေးပေးပါ။

 မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးလေးတွေမှာ အအေးမိဖျားနာခြင်းတွေ မဖြစ်စေဖို့ အကာအကွယ်တွေ ပြုလုပ်ပေးထားသင့်ကြောင်းကို Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles