အခုလို မိုးရာသီအချိန်မှာ သားသားမီးမီးတွေ ကိုယ်ခံအားကောင်းနေအောင်

by: Nang Htwe
 0 comments  0 love

သားသားမီးမီးတွေအတွက် ကိုယ်ခံစွမ်းအားကောင်းဖို့ အစားအသောက်တွေ ရွေးချယ်တဲ့အခါ Prebiotics ကြွယ်ဝတဲ့ အစားအသောက်တွေကို အဓိကထား ရွေးချယ်ပေးသင့်ပါတယ်

ပိုးမွှားတွေ အများဆုံးပေါက်ဖွားတဲ့ အခုလို မိုးရာသီမှာ သားသားမီးမီးတွေ ကိုယ်ခံစွမ်းအားကောင်းနေဖို့ လိုအပ်ပါတယ်။ မိုးရာသီသာမက ရာသီမရွေး ကိုယ်ခံစွမ်းအားကောင်းနေသင့်ပါတယ်။ သားသားမီးမီးတွေ ကိုယ်ခံစွမ်းအားကောင်းနေဖို့

  •  အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ကျွေးရပါမယ်။
  •  အိပ်ချိန်မှန်ရပါတယ်။ အိပ်ရေးဝရပါမယ်။
  • အားကစားနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ရပါမယ်။
  •  စိတ်ဖိစီးမှု နည်းရပါမယ်။

သားသားမီးမီးတွေအတွက် ကိုယ်ခံစွမ်းအားကောင်းဖို့ အစားအသောက်တွေ ရွေးချယ်တဲ့အခါ Prebiotics ကြွယ်ဝတဲ့ အစားအသောက်တွေကို အဓိကထား ရွေးချယ်ပေးသင့်ပါတယ်။

Prebiotics က သားသားမီးမီးတွေရဲ့ အူလမ်းကြောင်းထဲ ကောင်းတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို လှုံ့ဆော်ပေးပါတယ် (Photo by Align)

သားသားမီးမီးတွေအတွက် ဘာကြောင့် Prebiotics က အရေးကြီးတာလဲ

Prebiotics ဆိုတာ ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ ဘက်တီးရီးယားလေးတွေဖြစ်ပါတယ်။ သားသားမီးမီးတွေ ရောဂါကင်းဖို့နဲ့ ကြီးထွား ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ Prebiotics က သားသားမီးမီးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ထိန်းပေးပြီး ကာကွယ်ပေးတဲ့အပြင် ကူးစက်ရောဂါတွေနဲ့ ဓါတ်မတည့်တာကိုလည်း ဆန့်ကျင်ပေးပါတယ်။ အထူးသဖြင့် ငယ်ရွယ်တဲ့ သားသားမီးမီးတွေ အတွက် အရေးကြီးလိုအပ်ပါတယ်။

Prebiotics က သားသားမီးမီးတွေရဲ့ အူလမ်းကြောင်းထဲ ကောင်းတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို လှုံ့ဆော်ပေးပါတယ်။ ကောင်းတဲ့ ပိုးမွှားလေးတွေရဲ့ လုပ်ငန်းစဉ်တွေကိုလည်း အထောက်အကူပြုပါတယ်။ ကောင်းတဲ့ ပိုးမွှားလေးတွေ အူလမ်းကြောင်းတစ်လျှောက် များလာအောင် ပြုလုပ်ပေးပါတယ်။ Prebiotics ကြွယ်ဝတဲ့ အစားအသောက်တွေကို နေ့စဉ်မှန်မှန်ကျွေးမယ်ဆိုရင် အစားအသောက်နဲ့ ပတ်သက်ပြီး သားသားမီးမီးတွေ ကြုံရတဲ့ ဓါတ်မတည့်တဲ့ ပြဿနာကို ကာကွယ်ပေးပါတယ်။

ဒိန်ချဉ်မှာ prebiotics ကြွယ်ဝစွာပါဝင်ပါတယ် (Photo by Rally Health )

သားသားမီးမီးတွေ နေမကောင်းဖြစ်တဲ့အခါ ပဋိဇီဝဆေးဝါးတွေ တိုက်ကျွေးရပါတယ်။ ပဋိဇီဝဆေးဝါးတွေက ရောဂါဖြစ်စေတဲ့ဘက်တီးရီးယားတွေကို ဆန့်ကျင်ပေးပါတယ်။ မကောင်းတဲ့ ပိုးမွှားတွေကို ဆန့်ကျင်နေချိန် ကောင်းတဲ့ ဘက်တီးရီးယားတွေကိုလည်း သတ်မိပါတယ်။ ဒီလိုအချိန်မှာ ကောင်းတဲ့ ဘက်တီးရီးယားပိုးမွှားတွေ တိုးလာဖို့ Prebiotics ကြွယ်ဝတဲ့ အစားအသောက်တွေကို ကျွေးဖို့ လိုအပ်ပါတယ်။ နို့နဲ့ ဒိန်ချဉ်တို့မှာ Prebiotics ကြွယ်ဝစွာပါဝင်ပါတယ်။ Prebiotics ကြွယ်ဝတဲ့ အစားအသောက်တွေရဲ့ အားသာချက်ကတော့ ချက်ပြုတ်တဲ့ အပူချိန်ကြောင့် ဆုံးရှုံးသွားတာမျိုး မဖြစ်တာပါ။ နို့နဲ့ ဒိန်ချဉ်အပြင် Prebiotics ကြွယ်ဝတဲ့ အစားအစာတွေကတော့

  • ငှက်ပျောသီး
  • ဘယ်ရီသီး (စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ)
  • ကြက်သွန်ဖြူ
  • ပဲပုပ်စေ့
  • ဂျုံ
  • ဘာလီ
  • အုတ်
  • ကညွတ်
  • ခရမ်းချဉ်သီး
  • အစိမ်းရောင် ဟင်းသီးဟင်းရွက်များနဲ့
  • ကြက်သွန်နီ တို့ ဖြစ်ကြပါတယ်။

နို့ထဲမှာပါတဲ့ Prebiotics

ဒိန်ချဉ်မှာတော့ prebiotics ကြွယ်ဝစွာပါဝင်ပါတယ်။ အခုနောက်ပိုင်း သားသားမီးမီးတွေအတွက် သီးသန့်ထုတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာလည်း prebiotics ပါဝင်လာတာကို တွေ့ရပါတယ်။ သားသားမီးမီးတွေက တစ်ရက်ကို အနည်းဆုံး နို့(၂)ခွက်ခန့် သောက်ကြပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ prebiotics ပါတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ရွေးချယ်ပေးပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles