မွေးကင်းစကလေးငယ်တွေကို ကူးစက်နိုင်တဲ့ ရောဂါ(၅)မျိုး

by: Nang Htwe
 0 comments  0 love

မွေးကင်းစကလေးငယ်တွေက ကိုယ်ခံစွမ်းအားနည်းတာကြောင့် ရောဂါကူးစက်နိုင်မယ့် အခွင့်အရေးများပါတယ်

မွေးကင်းစကလေးငယ်တွေက ကိုယ်ခံစွမ်းအားနည်းတာကြောင့် ရောဂါကူးစက်နိုင်မယ့် အခွင့်အရေးများပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ အမြဲသတိထားဖို့ လိုအပ်ပါတယ်။

မွေးကင်းစကလေးငယ်တွေက ကိုယ်ခံစွမ်းအားနည်းတာကြောင့် ရောဂါကူးစက်နိုင်မယ့် အခွင့်အရေးများပါတယ် (Photo by parenting.firstcry)

(၁) Group B Streptococcal ရောဂါ

Streptococcal ဘက်တီးရီးယားပိုးမွှားကြောင့် ဦးနှောက်အမြှေးပါးရောင်တာပါ။ အဓိက ကတော့ မိခင်ဝမ်းကနေ ကူးစက်လာတာပါ။  ဒီဘက်တီးရီးယားတွေက မေမေတို့ရဲ့ လိင်အင်္ဂါနဲ့ စအိုလမ်းကြောင်းတွေမှာ ရှိနေပြီး မွေးဖွားဖို့ ဖြတ်သန်းလာတဲ့အခါ ဒီပိုးမွှာတွေက ကလေးငယ်ဆီကူးစက်သွားတာပါ။

လက္ခဏာများ

  • ပင်ပန်းနွမ်းနယ်ခြင်း
  • အသည်းအသန်ငိုကြွေးခြင်း
  • နို့စို့တဲ့အခါ ပြဿနာရှိနေခြင်း
  • ခန္ဓာကိုယ်အပူချိန် မြင့်မားခြင်းနဲ့
  • အသက်ရှူရခက်ခဲခြင်းတို့ကို ရင်ဆိုင်ရနိုင်ပါတယ်။

ဆိုးကျိုးများ

  • အဆုတ်ရောင်ရောဂါ
  • ဦးနှောက်အမြှေးပါးရောင်ရောဂါနဲ့
  • သွေးတွင်းရောဂါကူးစက်ခြင်း တို့ကို ဖြစ်ပွားစေပြီး အသက်အန္တရာယ် ထိခိုက်လာစေပါတယ်။

(၂) Listeriosis

သန္ဓေသားဘဝကတည်းက မိခင်ဆီကနေ ကူးစက်တဲ့ ရောဂါပါ။ ကူးစက်စေတဲ့ ဘက်တီးရီးယား တစ်မျိုးဖြစ်ပြီး အဆုတ်ရောင်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်းနဲ့ အဆိပ်ပျံ့နှံ့တာတွေ ဖြစ်ပွားနိုင်ပါတယ်။

လက္ခဏာများ

  • ဖျားနာခြင်း
  • ကြွက်သားကိုက်ခဲခြင်းနဲ့
  • ဝမ်းပျက်ခြင်းတို့ ဖြစ်ပွားနိုင်ပါတယ်။

ဆိုးကျိုးများ

  • လမစေ့ဘဲ မွေးခြင်း
  • မွေးဖွားချိန် သေဆုံးခြင်း
  • အဆုတ်ရောင်ခြင်းနဲ့
  • ဦးနှောက်အမြှေးရောင်ခြင်းတို့ ဖြစ်ပွားနိုင်ပါတယ်။

(၃) ဦးနှောက်အမြှေးပါးရောင်ခြင်း

ဦးနှော်က်အမြှေးပါးရောင်တာဟာ ကလေးငယ်တွေမှာ အဖြစ်များတဲ့ ရောဂါတစ်ခုပါ။ မွေးဖွားပြီးမှ ဦးနှောက်အမြှေးပါးရောင်တာ ပိုဖြစ်ပွားပါတယ်။ ဘက်တီးရီးယား၊ မှိုနဲ့ တခြားဗိုင်းရပ်စ်တွေကြောင့် ဖြစ်ပွားတာပါ။ ဦးနှောက်နဲ့ ကျောရိုးကနေ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အကုန်နီးပါး အန္တရာယ်ကျရောက်စေပါတယ်။

လက္ခဏာများ

  • ငိုခြင်း
  • အလွန်အကျွံအိပ်ခြင်း
  • နို့တိုက်ကျွေးနေစဉ် ပြဿနာရှိခြင်း
  • ခန္ဓာကိုယ်အပူချိန် မမှန်ခြင်း
  • အသက်ရှူရတာ အခက်အခဲရှိခြင်း
  • အလျင်လိုခြင်း
  • အသားဝါခြင်းနဲ့
  • ဝမ်းပျက်ခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။

အန္တရာယ်များ

  • သေဆုံးခြင်း
  • သင်ယူမှု ချို့တဲ့သွားခြင်း
  • ကျောက်ကပ်ပျက်စီးခြင်း
  • မှတ်ဥာဏ်ပြဿနာများနဲ့
  • အကြားအာရုံဆုံးရှုံးခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။

ကုသမှု အမြန်ခံယူပါ (Photo by Medscape)

(၄) E-Coli

E-Coli ဘက်တီးရီးယားပိုးမွှားတွေဟာ လူတိုင်းမှာရှိပါတယ်။ ဆီးလမ်းကြောင်းမှာ ပေါက်ဖွားပါတယ်။ ကလေးငယ်က မေမေတို့ရဲ့ မိန်းမကိုယ်ကို ဖြတ်ကျော်လာတဲ့အခါ ဆီလမ်းကြောင်းကနေ ကလေးငယ်ကို E-Coli ဘက်တီးရီးယားပိုး ကူးစက်သွားနိုင်ပါတယ်။ ကလေးငယ်မွေးဖွားတဲ့နေရာ သန့်ရှင်းမှု မရှိရင်လည်း ဒီဘက်တီးရီးယား ပိုးမွှားတွေ ကူးစက်နိုင်ပါတယ်။

လက္ခဏာများ

  • အဖျားရောဂါ
  • အစားစားချင်စိတ် မရှိခြင်းနဲ့
  • ဇီဇာကြောင်ခြင်း စတဲ့ လက္ခဏာတွေ ကြုံတွေ့ရနိုင်ပါတယ်။

အန္တရာယ်များ

  • အူလမ်းကြောင်းပျက်စီးခြင်း
  • ကျောက်ကပ်ပျက်စီးခြင်းနဲ့
  • အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိ ဖြစ်ပွားနိုင်ပါတယ်။

(၅) Conjunctivitis

Conjunctivitis ကို ပန်းရောင်မျက်စိရောဂါလို့ ခေါ်ကြပါတယ်။ ကလေးငယ်အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ကူးစက်လွယ်ပါတယ်။ ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယားကူးစက်မှုတွေကြောင့် ဖြစ်ပေါ်လာတာပါ။

လက္ခဏာများ

  • မျက်စိရောင်ရမ်းခြင်း
  • မျက်စိနီခြင်းနဲ့
  • မျက်ဝတ်များထွက်ခြင်း စတဲ့ လက္ခဏာတွေ ကြုံတွေ့ရနိုင်ပါတယ်။

အန္တရာယ်များ

  • လျင်မြန်စွာကုသမှုမရှိဘူးဆိုရင် အမြင်အာရုံချို့ယွင်းနိုင်ပါတယ်။

မေမေတို့ရေ ရင်သွေးငယ်မွေးဖွားတဲ့အခါ အထက်မှာပြောထားတဲ့ ရောဂါတွေကူးစက်မှုမရှိအောင် ကြိုတင်ကာကွယ်ပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x