သားသားမီးမီးတို့အတွက် လိုအပ်တဲ့အစာအာဟာရဆိုတာ

by: Khin Nyein Lwin
 0 comments  0 love

Nestle Cerelac Multigrain and Garden Vegetables ကို တစ်​​နေ့ကို​ အနည်းဆုံးတစ်​ခွက်​​ ​တိုက်ကျွေးပေးသင့်ပါတယ်နော်

ကလေးတစ်ယောက်အတွက် တစ်နေ့တာလိုအပ်သော အစာအာဟာရကို တစ်နေ့တာစားမည့် အစားအစာထဲတွင် ထည့်သွင်းကျွေးရမည်ဖြစ်ပါတယ်နော်။  အစာအာဟာရပြည့်ဝနေရင် ကူးစက်ရောဂါ နဲ့ အခြားရောဂါများ ဝင်ရောက်မှု နည်းပါးနိုင်ပါတယ်။ ဒါကြောင့် (၁)နှစ်ကနေ( ၅) နှစ်အရွယ် ကလေးများအတွက် အင်အားဓါတ်၊ ကြီးထွားဓါတ်၊ ဗီတာမင်ဓါတ်၊ သက်စောင့်ဓါတ်နှင့် ဓါတ်သတ္တုများပါဝင်တဲ့အစားအစာများကို သင့်တင့်မျှတစွာကျွေးရန် လိုအပ်ပါတယ်နော်။

အထက်ပါ ဓါတ်များပါဝင်သော အစားအစာများကတော့

ကယ်လိုရီ (ခေါ်) အင်အားဓါတ်

အင်အားဓါတ်ပါဝင်တဲ့ အစားအစာများမှာ ဆန်၊ ဂျုံ၊ ပြောင်း၊ ထန်းလျက်၊ သကြား၊ ဆီအမျိုးမျိုး၊ မြေပဲ၊ ကန်စွန်းဥ၊ အာလူး၊ ငှက်ပျောသီး

ပရိုတင်း (ခေါ်) အသားဓါတ် (ကြီးထွားဓါတ်)

ကြီးထွားဓါတ်ပါဝင်တဲ့ အစားအစာများမှာ အသား၊ အသည်း၊ ငါး၊ ဥ၊ ပဲနို့

ဗီတာမင်ဓါတ်

ဗီတာမင်ဓါတ်ပါဝင်သော အစားအစာများမှာ အစိမ်းရင့်ရောင်ရှိသော လတ်လတ်ဆတ်ဆတ် အသီးအရွက်များ

ကလေးငယ်များအား စနစ်တကျ ချက်ပြုတ်ကျွေးရင် ငွေကုန်ကြေးကျနည်းပြီး အာဟာရပြည့်ဝမည်ဖြစ်ပါတယ်

 

ကလေးငယ်များရဲ့ အစာအိမ်က သေးငယ်တာကြောင့် လူကြီးများကဲ့သို့ ထမင်းနှစ်ကြိမ်စားခြင်းထက် ထမင်းသုံးနပ်၊ သရေစာ သုံးထပ် စားသင့်ပါတယ်။ နည်းနည်းနဲ့ ခဏခဏ ပြည့်စုံလုံလောက်အောင် ကျွေးဖို့လိုအပ်ပါတယ်။ ကလေးငယ်များက ခြောက်သွေ့တဲ့ အစာကို မနှစ်သက်တာကြောင့်  ထမင်းပျော့ပျော့ကို အသီးအရွက်၊ ငါးဟင်းချိုရည်တို့နဲ့ ကျွေးသင့်ပါတယ်။ အသားမကျွေးဘူးဆိုလည်း ပဲကျွေးနိုင်ပါတယ်။  အာဟာရပြည့်ဝတဲ့ ပဲ၊ အာလူး၊ ကန်စွန်းရွက်၊ ထမင်းတို့ကို ကလေးငယ်များအား စနစ်တကျ ချက်ပြုတ်ကျွေးရင် ငွေကုန်ကြေးကျနည်းပြီး အာဟာရပြည့်ဝမည်ဖြစ်ပါတယ်။

သားသားမီးမီး တို့ ကျန်းမာစွာ ကြီးထွားဖွံ့ဖြိုးဖို့ အတွက်​ ​နေ့စဉ်​စား​သောက်​မှုပုံစံမှာ အဓိကအစာအုပ်​စုကြီးများ ဖြစ်​တဲ့ ကစီဓာတ်​ ၊ အသားဓာတ်​ ၊ အဆီဓာတ်​ တို့အပြင်​ ဗီတာမင်​နဲ့ သတ္တုဓာတ်​​တွေလည်း လုံ​လောက်​မျှတစွာ ပါဝင်​ဖို့အ​ရေးကြီးပါတယ်။ Nestle Cerelac Multigrain and Garden Vegetables (နှံစားသီးနှံနှင့်​ဟင်းသီးဟင်းရွက်​မျိုးစုံ) မှာဆိုရင်​ သားသားမီးမီးတို့ လိုအပ်​တဲ့ ကစီဓာတ်၊​ အသားဓာတ်၊​ အဆီဓာတ်​တို့အပြင်​ သံဓာတ်၊​ ဇင့်ဓါတ်၊​ မီတာမင်​​အေ၊ ဗီတာမင်​ဘီဝမ်း၊ ဗီတာမင်​ စီ အစရှိတဲ့ ဗီတာမင်​နဲ့ သတ္တုဓာတ်​များပြည့်​ဝစွာပါဝင်​တာမို့ ​အာဟာရချို့တဲ့မှု မဖြစ်​ရ​လေ​အောင်​ တစ်​​နေ့ကို​ အနည်းဆုံးတစ်​ခွက်​​ ​တိုက်ကျွေးပေးသင့်ပါတယ်နော်။

JUNCTION CITY မှာ ကျင်းပမယ့်​ Kalay and Mom fair မှာ​လည်း Cerelac NutriTalk booth မှာ ဆရာဝန်​မှ အာဟာရဆိုင်​ရာ အ​ကြောင်းအရာများကို ​မေ​မေတို့နဲ့ တိုင်​ပင်​ ​ဆွေး​နွေး​ပေးသွားမှာပါ​နော်

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles