ကလေးမှာ ဘာကြောင့် အနာတွေပေါက်ရတာလဲ

by: Nang Htwe
 0 comments  0 love

အပေါ်ပိုင်း သို့မဟုတ် အရေပြားအောက်ပိုင်းအထိ နက်နက်ရှိုင်းရှိုင်း ကူးစက်နိုင်ပါတယ်

ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်မှာ အရည်ကြည်ဖုလေးတွေ ထွက်နေတယ်ဆိုရင် မကြာခင် အနာ ဖြစ်လာတော့မှာပါ။ အနာကို လျင်လျင်မြန်မြန် မကုဘူးဆိုရင် ခန္ဓာကိုယ် တလျှောက် အချိန်မရွေးပျံ့နှံ့သွားနိုင်ပါတယ်။ ဒါဆိုရင် ကုသဖို့လည်း အချိန်တွေကြာလာမှာပါ။ ကလေးငယ်တွေမှာ အနာဖြစ်တာကို ဘယ်လိုတားဆီးကြမလဲ။ Kalay ကနေ မေမေတို့အတွက် ပြောပြပေးသွားမှာပါ။

ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်မှာ အရည်ကြည်ဖုလေးတွေ ထွက်နေတယ်ဆိုရင် မကြာခင် အနာ ဖြစ်လာတော့မှာပါ (Photo by shutterstock)

အနာတွေ ဘာကြောင့် ဖြစ်လာတာလဲ

ဘက်တီးရီးယားပိုးမွှားတွေ အရေပြားထဲကူးစက်တာကြောင့် အနာဖြစ်လာတာပါ။ အပေါ်ပိုင်း သို့မဟုတ် အရေပြားအောက်ပိုင်းအထိ နက်နက်ရှိုင်းရှိုင်း ကူးစက်နိုင်ပါတယ်။ အရေပြားအပေါ်ပိုင်းမှာပဲ ကူးစက်ခံရတယ်ဆိုရင် အနားအသေးလေးတွေနဲ့ အရည်ကြည်ဖုလေးတွေ ပေါက်လာပါတယ်။ အရေးပြားအောက်ဖက်အထိ ဘက်တီးရီးယားပိုးမွှား တွေ ရောက်ရှိသွားတယ်ဆိုရင်တော့ အနာစိမ်းဖြစ်လာပြီး အချိန်တော်တော်ကြာကုသရကာ ခန္ဓာကိုယ်တခြားနေရာတွေ အလွယ်တကူ ပျံ့နှံ့နိုင်ပါတယ်။

ဘက်တီးရီးယားပိုးမွှားတွေ အရေပြားထဲကူးစက်တာကြောင့် အနာဖြစ်လာတာပါ (Photo by Homeopathy For Women)

အနာတွေ ဘယ်လိုကူးစက်လဲ

  • အနာရှိတဲ့ တခြားကလေးငယ်တွေနဲ့ အတူတူကစားရင်လည်း ကူးစက်နိုင်ပါတယ်။
  • မသန့်ရှင်းတဲ့ ကစားစရာအရုပ်တွေကြောင့်လည်း ကလေးငယ်တွေမှာ အနာတွေဖြစ်လာနိုင်ပါတယ်။
  • အင်းဆက်ပိုးမွှားတွေ ကိုက်ခံရတဲ့အခါ ယားတာကြောင့် ကုတ်ဖဲ့ရင်း ဘတ်တီးရီးယားပိုးမွှားဝင်ကာ အနာဖြစ်လာပါတယ်။
  • ပူပြင်းတဲ့ ရာသီဥတု သို့မဟုတ် စိုထိုင်းတဲ့အချိန်တွေမှာ အနာပိုဖြစ်နိုင်ပါတယ်။ အထူးသဖြင့် နွေရာသီမှာ ကလေးငယ်တွေကို ပိုဂရုစိုက်ပေးပါ။
  • နှင်းခူ သို့မဟုတ် တခြားကူးစက်ရောဂါတွေကြောင့်လည်း အနာစိမ်းဖြစ်လာနိုင်ပါတယ်။
  • အရေပြားထိခိုက်ဒဏ်ရာတွေကြောင့်လည်း ဘက်တီးရီးယားပိုးမွှားကူးစက်ကာ အနာဖြစ်လာပါတယ်။
  • လူစည်ကားတဲ့ ပတ်ဝန်းကျင်ကြောင့်လည်း ကလေးငယ်ကို အနာဖြစ်စေပါတယ်။
  • လည်ချောင်းနာခြင်းနဲ့ ချောင်းဆိုးတာကြောင့်လည်း ဘက်တီးရီးယားပိုးမွှားတွေ အရေးပြားပေါ်ကို ကူးစက်သွားနိုင်ပါတယ်။
  • မွေးကင်းစကနေ အသက်(၈)နှစ်အတွင်းမှာ အနာရောဂါ အဖြစ်များနိုင်ပါတယ်။
  • ကိုယ်ခံစွမ်းအားနည်းတဲ့ ကလေးငယ်တွေမှာလည်း အနာရောဂါဖြစ်ပွားနိုင်ပါတယ်။ ဥပမာ HIV ရောဂါ ကူးစက်ခံရတဲ့ ကလေးငယ်များ

အနာရောဂါကို ဘယ်လိုကုသမလဲ

  • အနာရောဂါအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ပဋိဇီဝလိမ်းဆေးတွေကို လိမ်းပေးနိုင်ပါတယ်။ အနာစိမ်းကို သန့်ရှင်းရေးပြုလုပ်ပြီးမှ ပဋိဇီဝဆေးကို လိမ်းပေးပါ။ ပဋိဇီဝ ဆေးဝါးတွေက ကလေးငယ်တွေအတွက် ဘေးထွက်ဆိုးကျိုးတွေရှိလာနိုင်တာကြောင့် ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို အတိအကျလိုက်နာတာ အကောင်းဆုံးပါ။
  • ကလေးငယ်တွေအတွက်တော့ ဘေးထွက်ဆိုးကျိုးများတဲ့ ပဋိဇီဝလိမ်းဆေးတွေကို ရှောင်ရှားတာ အကောင်းဆုံးပါပဲ။ ဆရာဝန်နဲ့ အရင်ဆုံးပြသပေးပါ။
  • အနာကုသတဲ့အခါမှာ ကူစက်တဲ့ပေါ်မှာမူတည်ပြီး အနည်းဆုံး(၁၀)ရက်ကနေ အများဆုံးရက်(၂)ပတ်အထိ ကြာနိုင်ပါတယ်။ ဆေးဝါးနဲ့ ဘက်တီးရီးယားပိုးမွှားတွေ ယဉ်ပါးမှုမဖြစ်အောင် သတိထားဖို့လိုပါတယ်။ အနာတွေပျောက်သွားရင်တောင်မှ အရည်ကြည်ဖုနဲ့ အမာရွတ်များ ကျန်ခဲ့နိုင်တာကို သတိထားပေးပါ။

ကလေးငယ်တွေမှာ အနာတွေဖြစ်တဲ့အခါ မေမေဖေဖေတို့ပေါ့ပေါ့ဆဆမနေဘဲ တခြားနေရာတွေမပျံ့နိုင်အောင် ဂရုစိုက်ပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

From Kalay with


Comments

0 comments
Latest video