တခါတလေ ကလေးက လန်းတယ် ဒါပေမယ့် သာမိုမီတာလေးနဲ့ ကိုယ်အပူချိန် တိုင်းလိုက်တဲ့အခါ အပူချိန်ကျနေတာကို မေမေတို့သတိထားမိတယ်။ ကလေးခန္ဓာကိုယ်အပူချိန် အလွန်အမင်းကျတာမျိုးမဖြစ်အောင် အခုလို ကာကွယ်နိုင်ပါတယ်။

တခါတလေ ကလေးက လန်းတယ် ဒါပေမယ့် သာမိုမီတာလေးနဲ့ ကိုယ်အပူချိန် တိုင်းလိုက်တဲ့အခါ အပူချိန်ကျနေတာကို မေမေတို့သတိထားမိတယ် (Photo by FirstCry Parenting)
ပထမအဆင့်အနေနဲ့
(၁) ကလေးမွေးဖွားပြီးတဲ့အခါ ခန္ဓာကိုယ်အပူချိန် ကျဆင်းတာမျိုးမဖြစ်အောင် နွေးနွေးထွေးထွေးထားပါ။
- ကလေးနေတဲ့အခန်းကို သန့်ရှင်းအောင်ထားပါ။ ပြီးတော့ အခန်းအပူချိန်ကို ပြောင်းလဲပေးပါ။
- ရာသီဥတုအခြေအနေကိုလိုက်ပြီး အခန်းပြတင်းပေါက် အဖွင့်၊ အပိတ်လုပ်ပါ။
- ကလေးငယ် ရေချိုးပြီးပြီးချင်း ပုဝါ ဒါမှမဟုတ် တဘတ်နဲ့ ရေပြောင်အောင် သုတ်ပေးပါ။ ရေခြောက်အောင် သုတ်ပေးပါ။ အင်္ကျီအမြန်ဝတ်ပေးပါ။ နွေးနွေးထွေးထွေးထားပါ။
- မိခင်နို့တိုက်တဲ့အခါ အသားချင်းထိတိုက်တာ ပိုကောင်းပါတယ်။

ချက်ကြွေပြီးမှ ရေစချိုးပေးတာ ပိုကောင်းပါတယ် (Photo by CafeMom)
(၂) ကလေးငယ် အိမ်ကိုရောက်လာတာနဲ့ တပြိုင်နက် အခုလို နွေးနွေးထွေးထွေးထားဖို့ မေမေတို့ကြိုးစားပါ။
- လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားမျိုး ဝတ်ပေးပါ။ ဦးခေါင်းကိုလည်း ဖုံးပေးထားပါ။
- ကလေးကို စောင်နဲ့ထုတ်ထားတာမျိုးလုပ်ပေးပါ။ စနစ်တကျထုတ်ပေးတာမျိုး ဖြစ်ပါစေ။
- ချက်ကြွေပြီးမှ ရေစချိုးပေးတာ ပိုကောင်းပါတယ်။ ရေချိုးပြီး အသားအရည် moisture လိမ်းပေးတာက အပူချိန်ဆုံးရှုံးမှုနည်းအောင် ကူညီပေးပါတယ်။
- နို့တိုက်ချိန်မှာ ကလေးကို အနှီးတွေ၊ အင်္ကျီတွေ ဘာမှ မဝတ်ပေးထားဘဲ မေမေတို့ရင်သားနဲ့ အသားချင်းထိ နို့တိုက်တာ အလွန်အကောင်းပါတယ်။
- ရေအေးထက် ရေနွေးနွေးလေးနဲ့ချိုးပေးတာ ပိုကောင်းပါတယ်။ ရေအကြာကြီး အချိုးပေးရ။ ရေချိုးပြီးရင် တဘတ်နဲ့အမြန် ရေသုတ်ပါ။
- ကလေး ကိုယ်အပူချိန်ကျဆင်းတာမျိုး မဖြစ်အောင် ဆရာဝန်ဆီ အကြံဥာဏ်တောင်းပါ။ ကိုယ်ဝန်ဆောင်ချိန်ကတည်းက ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်တွေကို မေမေတို့များများစားခဲ့ပါ။
ကိုယ်အပူချိန်ကျဆင်းတဲ့အခါ ကလေးမှာ မိခင်နို့စို့တဲ့ အရေအတွက် ကျဆင်းနှေးကွေးတဲ့ လက္ခဏာပြတတ်ပါတယ်။ ဒါကြောင့် မေမေတို့က ကိုယ့်ကလေးနို့စို့နှေးကွေးတဲ့အခါ ကိုယ်အပူချိန် တိုင်းကြည့်ဖို့ သတိရပါ။ မေမေတို့အနေနဲ့လည်း ကလေးကိုယ်အပူချိန်ကျသွားနိုင်တဲ့ ပြဿနာတွေကို ဆရာဝန်ကို မေးတာမျိုး ဒါမှမဟုတ် အင်တာနက်ကနေ လေ့လာတာမျိုး ဒါမှမဟုတ် ကျန်းမာရေးစာအုပ်တွေဖတ်ကြည့်ပါ။
မေမေတို့ရေ ကလေးနို့တိုက်တဲ့အခါ အသားအရည်ချင်းထိပြီး တိုက်ကျွေးတာက ကလေးတွေအတွက် အလွန်ကောင်းသလို ကိုယ်အပူချိန်အလွန်အမင်းကျတဲ့ ပြဿနာကာကွယ်ပေးပြီးသားပါ။
Comments