ကလေးမွေးပြီးနောက်ပိုင်း မေမေတို့မမေ့ထားရမယ့် ကျန်းမာရေးကိစ္စများ

by: Nang Htwe
 0 comments  0 love

ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဝမ်းနည်းလွယ်တာ၊ ဒေါသကြီးတာ၊ စိတ်ဓါတ်ကျတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားရပါတယ်

ကိုယ်ဝန်ဆောင်ချိန်တုန်းက ကျန်းမာရေးကို အမြဲသတိထားခဲ့သလို ကလေးမွေးပြီးတဲ့အခါ မေမေနဲ့ကလေး ကျန်းမာရေးကို ဂရုစိုက်ရပါမယ်။ ကလေးမွေးပြီးနောက်ပိုင်းမှာ မေမေတို့ ဆက်လက်ပြုလုပ်ရမယ့် ကျန်းမာရေးကိစ္စတွေရှိနေပါသေးတယ်။ အဲဒါတွေကတော့

မိခင်ရဲ့ ကျန်းမာရေးကော ကလေးငယ်ရဲ့ ကျန်းမာရေးကိုပါ ဂရုစိုက်ပေးရပါမယ် (Photo by Tommy’s)

စိတ်ပိုင်းဆိုင်ရာ

ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဝမ်းနည်းလွယ်တာ၊ ဒေါသကြီးတာ၊ စိတ်ဓါတ်ကျတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားရပါတယ်။

နို့တိုက်ခြင်း

ကလေးငယ် မိခင်နို့အပြည့်အဝရဖို့ စနစ်တကျ နို့တိုက်ဖို့ လိုအပ်ပါတယ်။ သားဦးမေမေတွေအနေနဲ့ ကျွမ်းကျင်သူနာပြုတွေရဲ့ အကူအညီကို ရယူပါ။

အတိုင်ပင်ခံ

မေမေတို့ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ ပြဿနာတွေကို ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရိုးနဲ့ အကြောအဆစ်

ခါးနာတဲ့ ပြဿနာကို မေမေတို့ ကြုံရနိုင်ပါတယ်။

မိခင်နဲ့ ကလေး

မိခင်ရဲ့ ကျန်းမာရေးကော ကလေးငယ်ရဲ့ ကျန်းမာရေးကိုပါ ဂရုစိုက်ပေးရပါမယ်။

  • မိခင်နို့တိုက်ကျွေးခြင်း
  • ရေချိုးပေးခြင်း
  • အသားအရည်ဂရုစိုက်ခြင်း
  • မှန်မှန်ကန်ကန် ချီခြင်း
  • ရာသီဥတုအလိုက် ကိုက်ညီတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပေးခြင်း
  • ဒိုက်ပါ လှဲပေးခြင်း
  • ကိုယ်အလေးချိန် မှန်မှန်ချိန်ပေးခြင်း
  • အစားအသောက်နဲ့ အိပ်ချိန် ဂရုစိုက်ပေးခြင်း
  • ချက်ကြိုးကြွေမကြွေ ဂရုစိုက်ခြင်း
  • အသားအရည်ကျန်းမာရေးနဲ့ ဆီးဝမ်းစစ်ဆေးပေးတာကို ပြုလုပ်ပေးရပါမယ်။

ချုပ်ရိုးနဲ့ ပတ်သက်ပြီး ပြဿနာတွေကြုံနေရတယ်ဆိုရင် ဆရာဝန်နဲ့ ပြသပေးပါ (Photo by ФрутоНяня)

အသက်(၆)ပတ်မြောက်

ကလေးငယ်ရဲ့ အသက်(၆)ပတ်မြောက်မှာ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပေးသင့်ပါတယ်။

စိတ်ကျန်းမာရေး

စိတ်ဓါတ်ကျတာ ပြင်းထန်နေတယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ ကုသမှု ခံယူသင့်ပါတယ်။

ဖြေရှင်းနည်း

မေမေတို့ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို ဆရာဝန်နဲ့ ကျွမ်းကျင်သူနာပြုတွေဆီမှာ အကြံဥာဏ်တောင်းယူနိုင်ပါတယ်။

ချုပ်ရိုး

ချုပ်ရိုးနဲ့ ပတ်သက်ပြီး ပြဿနာတွေကြုံနေရတယ်ဆိုရင် ဆရာဝန်နဲ့ ပြသပေးပါ။

ကလေးငယ်ကျန်းမာရေး

ကလေးငယ်ရဲ့ ကိုယ်အလေးချိန်နဲ့ အရပ်ကို တိုင်းတာပေးပါ။

ကျန်းမာရေးစောင့်ရှောက်မှုအတွက်

  • ဆရာဝန်
  • သူနာပြုနဲ့
  • သားဖွားဆရာမ တို့နဲ့ တိုင်ပင်ဆွေးနွေးနိုင်သလို လိုအပ်တဲ့ အကြံဥာဏ်တွေကိုလည်း တောင်းယူနိုင်ပါတယ်။

ကလေးမွေးပြီးနောက်ပိုင်းမှာလည်း မေမေတို့အနေနဲ့ မိခင်ရော ကလေးငယ်ရဲ့ ကျန်းမာရေးကိုပါ စောင့်ရှောက်ဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Ref: betterhealth.vic.gov.au

 

 

 

 

 

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x