မေမေ့ကလေးလေး လက်စုပ်တာကို ဘယ်လိုဖြေရှင်းမလဲ

by: Phyo Pyae Thu
 0 comments  1 love

သားသားမီးမီးလေးတွေရဲ့ လက်ဟာ တခြားအရာဝတ္ထုတွေကို ထိတွေ့ထားပြီး လက်မစုပ်မယ်ဆိုရင် အရာဝတ္ထုမှာ ရှိတဲ့ ပိုးမွှားတွေ ဝင်နိုင်ပါတယ်။

မေမေတို့ရဲ့ သားသားမီးမီးလေးတွေ လက်မစုပ်လို့ စိတ်ညစ်နေရတယ်ဆိုတော့ ကလေး လက်စုပ်ခြင်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေးအခြေအနေနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိထားဖို့ လိုပါတယ်နော်။ မေမေတို့လည်း သားသားမီးမီးလေးတွေ လက်မစုပ်ပြီး သွားရည်တွေ ကျနေတာမျိုးကို လုံးဝကြိုက်မှာ မဟုတ်ပါဘူးနော်။

သားသားမီးမီးလေးတွေ လက်မစုပ်ပြီး သွားရည်တွေ ကျနေတာမျိုးကို လုံးဝကြိုက်မှာ မဟုတ်ပါဘူးနော်(Photo:in60.com)

 လက်မစုပ်ခြင်းက ပါးစပ်ထဲကို ပိုးမွှားတွေ အလွယ်တကူ ဝင်စေနိုင်ဖို့ ဖိတ်ခေါ်နေသလိုပါပဲ

သားသားမီးမီးလေးတွေရဲ့ လက်ဟာ တခြားအရာဝတ္ထုတွေကို ထိတွေ့ထားပြီး လက်မစုပ်မယ်ဆိုရင် အရာဝတ္ထုမှာ ရှိတဲ့ ပိုးမွှားတွေ ဝင်နိုင်ပါတယ်။ မသန့်ရှင်းတာတွေ လက်မစုပ်ခြင်းကနေ တဆင့် ဝင်မယ်ဆိုရင် ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်ပါတယ်။

သားသားမီးမီးလေးတွေ လက်မစုပ်ခြင်းဟာ အရမ်းငယ်သေးတဲ့ အရွယ်မှာဆိုရင်တော့ စကားပြောတတ်တဲ့ အရွယ်မှာ စကားပြောနှေးစေနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ နောက်တော့ သားသားမီးမီးေးလတွေ လက်စုပ်တာဟာ သွားလေးတွေ အစီအရီ ပေါက်ဖို့အတွက်လည်း ပြသာနာဖြစ်စေနိုင်ပါသေးတယ်။ သားသားမီးမီးလေးတွေရဲ့ ဗိုက်ထဲမှာ သန်ကောင်တွေ ရှိနေတာကလည်း လက်မစုပ်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

လက်မစုပ်တာက အကျင့်တစ်ခုလို ဖြစ်နေတာဆိုရင်တော့ နေ့ချင်းညချင်းကြီးတော့ ပျောက်မှာ မဟုတ်ပါဘူးနော်(Photo:in60.com)

 လက်မစုပ်တာက အကျင့်တစ်ခုလို ဖြစ်နေတာဆိုရင်တော့

နေ့ချင်းညချင်းကြီးတော့ ပျောက်မှာ မဟုတ်ပါဘူးနော်။ သားသားမီးမီးလေးတွေ လက်မစုပ်ပြီဆိုရင် အာရုံပြောင်းပါ။ တခြား အသံတွေ၊ အရုပ်လေးတွေနဲ့ ချော့မြူပါ။ သူတို့လေးတွေကို လက်မအစား တခြား ချိုလိမ် သန့်သန့်လေးတွေ ပေးပါ။ အစားထိုးပေးပါ။ သူတို့လေးတွေ လက်မစုပ်တယ်ဆိုတာဟာ သက်တောင့်သက်သာ ရှိတယ်လို့ ခံစားရခြင်းပါ။ ဒါကြောင့် မေမေတို့ သူတို့လေးတွေကို အော်ငေါက်တာမျိုးတွေ မလုပ်ပါနဲ့နော်။ သားသားမီးမီးလေးတွေ တစ်နေ့ကို ဘယ်နှကြိမ်လောက် လက်မစုပ်သလဲဆိုတာမှတ်ပါ။ ပြီးရင် သူတို့လေးတွေကို နေရာနဲ့ အချိန်သတ်မှတ်ပေးကြည့်ပါ။  ဒီနေ့ ဘယ်နှကြိမ်ပဲ လက်မစုပ်ခွင့်ရှိမယ်၊ ဘယ်နေရာမှာ မလုပ်ရဘူး စသဖြင့် လုပ်ပါ။ နောက်ပိုင်းအကြိမ်ရေ လျော့လာပါလိမ့်မယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: advicegood tipshealth


Comments

0 comments
Latest video
Refer to more useful articles