သားသားမီးမီးလေးတွေမှာ မကြာခဏတွေ့ရတဲ့ ခေါင်းကိုက်ခြင်းဝေဒနာ

by: Nang Htwe
 0 comments  0 love

ဦးခေါင်းကို မတော်တဆထိခိုက်မိတာကြောင့် ခေါင်းကိုက်တာအဖြစ်များပါတယ်။ လိမ့်ကျတာနဲ့ မာကျောတဲ့ အရာဝတ္ထုနဲ့တိုက်မိတာတွေက သားသားမီးမီးလေးတွေကို ခေါင်းကိုက်စေပါတယ်။

စကားပြောတတ်တဲ့ သားသားမီးမီးလေးတွေမှာတော့ ခေါင်းကိုက်တာကို မေမေဖေဖေတို့ အလွယ်တကူသိနိုင်ပါတယ်။ စကားမပြောနိုင်သေးတဲ့ သားသားမီးမီးလေးတွေမှာတော့ ခေါင်းကိုက်တဲ့ ဝေဒနာကို မေမေဖေဖေတို့က သိထားဖို့လိုအပ်ပါတယ်။ သားသားမီးမီးလေးတွေက အဆက်မပြတ်ငိုကြွေးနေတာ၊ ခေါင်းကို ပွတ်တိုက်တာနဲ့ မကြာခဏ ဂျီကျတာတွေပုံစံနဲ့ ပြသကြပါတယ်။ သားသားမီးမီးလေးတွေက မျက်စိကို သေသေချာချာမဖွင့်ပဲ အလင်းရောင်ကို ကြောက်နေတယ်ဆိုတာလည်း ခေါင်းကိုက်နေတယ်လို့ သိနိုင်ပါတယ်။

စကားပြောတတ်တဲ့ သားသားမီးမီးလေးတွေမှာတော့ ခေါင်းကိုက်တာကို မေမေဖေဖေတို့ အလွယ်တကူသိနိုင်ပါတယ် (Photo by BabyInfo)

သားသားမီးမီးလေးတွေ ဘာကြောင့် ခေါင်းကိုက်ရတာလဲ

ဦးခေါင်းကို မတော်တဆထိခိုက်မိတာကြောင့် ခေါင်းကိုက်တာအဖြစ်များပါတယ်။ လိမ့်ကျတာနဲ့ မာကျောတဲ့ အရာဝတ္ထုနဲ့တိုက်မိတာတွေက သားသားမီးမီးလေးတွေကို ခေါင်းကိုက်စေပါတယ်။ အိပ်ရေးမဝတာနဲ့ အိပ်ရေးပျက်တာတွေကလည်း သားသားမီးမီးလေးတွေကို ခေါင်းကိုက်တတ်ပါတယ်။ ဒါကြောင့် သားသားမီးမီးလေးတွေကို အိပ်ရေးဝဝအိပ်ခိုင်းဖို့ အရေးကြီးပါတယ်။ ခေါင်းကိုက်တာပြင်းပြင်းထန်ထန်ဖြစ်လာခဲ့ရင် အန်တာနဲ့ မျက်စိဝေဝါးတာတွေ ဖြစ်လာနိုင်ပါတယ်။ သားသားမီးမီးလေးတွေမှာ ပင်ပန်းနွမ်းနယ်တဲ့အခါ ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။ အဖျားရောဂါနဲ့ တခြားကူးစက်ရောဂါတွေကြောင့်လည်း ကလေးငယ်တွေမှာ ခေါင်းကိုက်တာကို ကြုံတွေ့ရနိုင်ပါတယ်။

ဦးခေါင်းကို မတော်တဆထိခိုက်မိတာကြောင့် ခေါင်းကိုက်တာအဖြစ်များပါတယ် (Photo by Earth’s Daughter)

ခေါင်းကိုက်နေတဲ့ သားသားမီးမီးလေးတွေကို ဘယ်လိုဂရုစိုက်စောင့်ရှောက်ရမလဲ

  • ခေါင်းကိုက်နေတဲ့ သားသားမီးမီးလေးတွေကို သက်တောင့်သက်သာနေထိုင်ခိုင်းပါ။
  • အလင်းရောင်စူးရှခြင်းမရှိတဲ့ နေရာမှာ အနားယူခိုင်းပါ။
  • ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေကို တိတိကျကျတိုက်ကျွေးပေးပါ။
  • သားသားမီးမီးလေးတွေမှာ မကြာခဏ ခေါင်းကိုက်ပြီး အန်နေတယ်ဆိုရင်တော့ ဆရာဝန်ဆီကို အမြန်ဆုံးပြသပေးပါ။ ဦးခေါင်းထဲမှာ အကျိတ်ရှိနိုင်တာကြောင့်ပါ။
  •  ခေါင်းကိုက်ပြီး လည်ပင်းလှုပ်ရှားမှု ခက်ခဲနေတယ်ဆိုရင်တော့ ဦးနှောက်အမြှေးပါးရောင်နိုင်ပါတယ်။

ဆရာဝန်တွေဆီကို အမြန်ဆုံးပြသပေးပါ။ သားသားမီးမီးလေးတွေက ချော်လဲတာ သို့မဟုတ် တစ်ခုခုနဲ့ထိခိုက်မိလို့ ခေါင်းကိုက်တာတဲ့အခါမှာ ဆရာဝန်တွေဆီကို သွားရောက်ပြသသင့်ပါတယ်။ မျက်လုံးနဲ့နားထဲမှာ သွေးယိုစိမ့်တာတွေဖြစ်နိုင်ပြီး ဦးခေါင်းအတွင်းပိုင်းမှာလည်း ပြဿနာဖြစ်စေနိုင်လို့ပါ။

သားသားမီးမီးလေးတွေ ခေါင်းကိုက်တဲ့အခါမှာ မေမေဖေဖေတို့ ပေါ့ပေါ့ဆဆမနေဘဲ သတိထားပြီး ဂရုစိုက်ပေးဖို့ Kalay ကနေ သတိပေးလိုက်ပါတယ်။

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: BabiesfluHeadaches


Comments

0 comments
Latest video
Refer to more useful articles