မိုးတွင်းမှာ ကလေးတွေကို ကျွေးရမယ့် အစားအစာများ

by: Phyo Pyae Thu
 0 comments  17 love

မိုးရာသီမှာ ဘက်တီးရီးယားတွေလည်း ပိုပြီးတော့ ပေါက်ဖွားလွယ်တာကြောင့် ခြေထောက်မှာ သဲဝဲစားတာတွေနဲ့ ခြင်အန္တရာယ်လည်း ပိုဖြစ်နိုင်ပါသေးတယ်။

ကလေးရဲ့ခန္ဓာကိုယ်က အားရှိနေဖို့ လိုပါတယ် (photo: forbabies.pt)

မေမေတို့အနေနဲ့ သားသားမီးမီးတွေကို မိုးရာသီမှာ ပိုပြီးဂရုစိုက်ရမယ် ထင်ပါတယ်။ မိုးရာသီမှာ အအေးမိဖျားနာတာတွေလည်း ပိုပြီးတော့ ဖြစ်နိုင်သလို ဝမ်းပျက်ဝမ်းလျှောလည်း ဖြစ်နိုင်ပါသေးတယ်။ မိုးရာသီမှာ ဘက်တီးရီးယားတွေလည်း ပိုပြီးတော့ ပေါက်ဖွားလွယ်တာကြောင့် ခြေထောက်မှာ သဲဝဲစားတာတွေနဲ့ ခြင်အန္တရာယ်လည်း ပိုဖြစ်နိုင်ပါသေးတယ်။ ဒီတော့ ရောဂါတွေကို ခုခံကာကွယ်နိုင်အောင် လုပ်ဖို့ဆိုရင် ကလေးရဲ့ခန္ဓာကိုယ်က အားရှိနေဖို့ လိုပါတယ်။ မိုးရာသီမှာ ကလေးပိုပြီးကျန်းမာအောင် ကျွေးရမယ့် အစားအစာတွေလည်း ရှိပါသေးတယ်။ ဘာတွေဖြစ်မလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

ခြေထောက်မှာ သဲဝဲစားတာတွေနဲ့ ခြင်အန္တရာယ်လည်း ပိုဖြစ်နိုင်ပါသေးတယ် (photo: forbabies.pt)

စွပ်ပြုတ်

မေမေတို့ရေ သားသားမီးမီးလေးတွေကို ဟင်းချို ပူပူနွေးနွေးလေးတွေနဲ့ စွပ်ပြုတ်ပူပူလေးတွေ တိုက်ပေးဖို့ လိုပါတယ်။ အသားနဲ့ အသီးအရွက်ပါအောင်တော့ ချက်ရမယ်နော်။ ဒါဆိုရင်တော့ သားသားမီးမီးလေးတွေ အားပြည့်နေမှာဖြစ်တဲ့အပြင် ဖျားနာတာတွေလည်း ကင်းဝေးမှာပါ။ ယင်နားစာ မဟုတ်တာကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်မှာလည်း စိတ်မပူရပါဘူးနော်။

ရေ

မေမေတို့ရေ ကလေးတွေကို မိုးအေးတာကြောင့် ရေမတိုက်တာမျိုး မလုပ်ပါနဲ့။ ဘယ်လိုရာသီဥတုပဲဖြစ်ဖြစ် ခန္ဓာကိုယ်က ရေဓါတ်ကို လိုအပ်ပါတယ်။ မေမေတို့သားသားမီးမီးလေးတွေ ရေဓါတ်များများ ရနေမယ်ဆိုရင် အစာခြေစနစ်ကောင်းမွန်နေမှာမို့ ဝမ်းပျက်ဝမ်းလျှောတွေ မဖြစ်စေပါဘူး။

ပူနွေးတဲ့ အစားအစာကိုသာ ကျွေးပါ (photo: forbabies.pt)

 

ပန်းသီး

ပန်းသီးကတော့ မေမေတို့ လွယ်လွယ်ကူကူ ဝယ်ယူလို့ အသီးတစ်မျိုးပါနော်။ ပန်းသီးမှာ ပါဝင်တဲ့ ဗီတာမင်တွေက ကလေးတွေ အဓိက လိုအပ်တဲ့ အာဟာရဓါတ်ပါ။ ဒါ့အပြင် ရောဂါတွေ မဝင်ရောက်နိုင်အောင်လည်း ကာကွယ်ပေးတာကြောင့် ကလေးဖျားမှာ စိတ်ပူစရာ မလိုတော့ပါဘူး။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက သွေးလည်ပတ်မှု အားကောင်းပြီး ကိုယ်ခံအားစနစ်ကို တိုးတက်စေပါတယ်။ သားသားမီးမီးလေးတွေကို ကျွေးတဲ့ဟင်းလျာထဲမှာ ကြက်သွန်ဖြူ ထည့်ချက်ပေးနော်။ အကယ်လို့ မေမေ့ကလေးလေးက ကြက်သွန်ဖြူ ကြိုက်တယ်ဆိုရင်တော့ မီးဖုတ်ပြီး ကျွေးလို့ ရပါသေးတယ်။

ငှက်ပျောသီး

ငှက်ပျောသီးကလည်း မိုးရာသီမှာ ပေါပေါများများ ရရှိနိုင်တဲ့ အသီးပါ။ ငှက်ပျောသီး စားသုံးခြင်းက သားသားမီးမီးလေးတွေအတွက် အားပြည့်စေတာမို့ အအေးမိ ဖျားနာခြင်းနဲ့ ရောဂါပိုးမွှားတွေ အလွယ်တကူ ဝင်ရောက်နိုင်မှာ မဟုတ်ပါဘူး။ သတိပြုရမှာကတော့ အမှည့်လွန်တဲ့ ငှက်ပျောသီး မဖြစ်ဖို့ပါ။ အမှည့်လွန်တာတွေတော့ မကျွေးပါနဲ့နော်။

မေမေတို့အနေနဲ့ မိုးရာသီမှာ သားသားမီးမီးကျွေးဖို့ လိုတဲ့ အစားအစာတွေကို သိပြီးပြီဆိုတော့ မိုးတွင်းမှာ ကျွေးပေးပါနော်။ ဒါဆိုရင် ကလေးတွေမှာ ကိုယ်ခံအားကောင်းမွန်ပြီး ရောဂါဖြစ်ပွားမှုနှုန်းလည်း လျှော့နည်းသွားမှာပါနော်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles