မေမေတို့ရေ ကလေးတို့ ဆယ်ကျော်သက်အရွယ်မှာ အရပ်ရှည်ဖို့ဆိုရင် ငယ်ရွယ်စဉ်အချိန်ထဲက အစားအသောက်ကို နည်းလမ်းမှန်မှန် စားပေးဖို့ လိုပါတယ်။
ဒီတော့ ကလေးကို ငယ်စဉ်ကတည်းက မှန်ကန်တဲ့ အစားအသောက်တွေကျွေးပေးဖို့ လိုပါတယ်နော်။ ကလေးကိုထိန်းရ အိမ်အလုပ်တွေ လုပ်ရနဲ့ အလုပ်များတဲ့ကြားက အစားအသောက်တွေ စီစဉ်ရဦးမလားဆိုပြီး စိတ်မပူပါနဲ့။ ရေခဲသေတ္တာထဲမှာရှိတဲ့ ဘယ်အစားအစာလေးတွေက အရပ်ရှည်ဖို့ အထောက်အကူပြုလဲဆိုတာ ပြောပြပေးမယ်နော်။
(၁) ကြက်ဥ
ကြက်ဥမှာပါတဲ့ ပရိုတင်းဓာတ်ဟာ ကလေးရဲ့ အရပ်ရှည်ဖို့အတွက် အဓိကနေရာကပါဝင်တဲ့အတွက် တနေ့ ၁လုံးပုံမှန်ကျွေးသင့်ပါတယ်။
မနက်စာမှာ ကြက်ဥမွှေကြော်လေးတွေ ကြက်ဥပြုတ်လေးတွေကျွေးလိုက်ရင် သူတို့အတွက် အဆင်ပြေတာပေါ့
(၂) နွားနို့
နွားနို့မှာ အရိုးသန်မာစေပြီး အားပြည့်စေတာကြောင့် ကလေးကို တစ်နေ့နို့(၁)ခွက်ပုံမှန်တိုက်ပေးတာမျိုး ဒါမှမဟုတ် နို့ထွက်ပစ္စည်းများကျွေးပေးခြင်းမျိုး ပြုလုပ်ပေးသင့်ပါတယ်။
(၃) ကြက်သား
ကြက်သားပါတဲ့ဟင်းလျာတိုင်းကို ကလေးတွေက ကြိုက်ကြပါတယ်။ ကြက်သားက ကျန်းမာပြီး ပရိုတင်းဓာတ် ကြွယ်ဝတာကြောင့် ကလေးအရပ်ရှည်ဖို့ အစားအစာ စာရင်းမှာ မပါမဖြစ်ပါဝင်သင့်ပါတယ်။
(၄) ဟင်းနုနယ်ရွက်
ဟင်းနုနယ်ရွက်ကတော့ ကလေး လိုအပ်တဲ့ခွန်အားကို ပေးနိုင်တဲ့အပြင် သံဓာတ်နဲ့ ကယ်စီယမ်ဓာတ်ကိုပါ ပံ့ပိုးပေးနိုင်ပါတယ်။ အဲ့ဒီအာဟာရဓာတ်တွေက ကလေးအရပ်ရှည်ဖို့ မရှိမဖြစ်လိုအပ်တာကြောင့် ကလေးလေး စားချင်အောင် ချက်ကျွေးဖို့ပဲ လိုတော့တယ်နော်။
(၅) ဒိန်ချဉ်
ဒိန်ချဉ်မှာ ကလေးတွေ အရပ်ရှည်ဖို့ မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်ဒီ နဲ့ ကယ်စီယမ်ဓာတ် ၂မျိုးလုံး ပါဝင်ပါတယ်။ ကလေးက ဒိန်ချဉ်မကြိုက်ရင်လဲ Cheese ကျွေးတာက ဒိန်ချဉ်လိုပဲ အကျိုးသက်ရောက်မှု ရှိတာကြောင့် နှစ်သက်ရာကို ရွေးချယ်ပြီးကျွေးလိုက်ပါနော်။
ကလေးကို အရပ်လဲရှည်စေဖို့ တကူးတက ရှာနေစရာမလိုပဲ အလွယ်တကူ ကျွေးလို့ရတာကြောင့် အံ့သြစရာရလဒ်တွေကို စောင့်ကြည့်ရုံပဲနော်။
ကဲ စမ်းကြည့်လိုက်ကြပါဦးမေမေတို့ရေ…
Comments