ကလေးဖျားတဲ့ အဖျားက အန္တရာယ်ရှိမရှိ မေမေတို့ ဘယ်လိုသိနိုင်လဲ

by: Nang Htwe
 0 comments  0 love

မေမေတို့ရေ ကလေးဖျားတာ အန္တရာယ်ရှိမရှိ အလွယ်တကူသိနိုင်ဖို့ သာမိုမီတာကိုတော့ မဖြစ်မနေ ဝယ်ထားပါနော်။

ကလေးအဖျားကြီးပြီး ဆေးရုံတင်လိုက်ရတဲ့ သတင်းတွေ မေမေတို့ ခဏခဏ ကြားဖူးမှာပါ။ ဒီတော့ မေမေတို့အနေနဲ့ ကိုယ့်ကလေးရဲ့ အဖျားက အန္တရာယ်ရှိမရှိ သိထားဖို့ အရေးကြီးတယ်နော်။ Kalay ကနေ မေမေတို့သိထားသင့်တဲ့ အဖျားအပူချိန်အကြောင်းကို ပြောပြပေးပါ့မယ်။

ကိုယ့်ကလေးရဲ့ အဖျားက အန္တရာယ်ရှိမရှိ သိထားဖို့ အရေးကြီးတယ်နော် (Photo by Times Now)

မေမေတို့ သိထားသင့်တဲ့ ကိုယ်အပူချိန်

ကလေးအများစုကတော့ ရောဂါကူးစက်မှုကြောင့် ပြင်းပြင်းထန်ထန် ဖျားကြပါတယ်။ အထူးသဖြင့် ဗိုင်းရပ်စ် ကြောင့် အဖြစ်များတယ်။ ဖျားခါစမှာ လက္ခဏာ မပြတတ်ပါဘူး။ အသက်(၃)လအထက် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားက အဖျားကို တိုက်ထုတ်ပေးပါတယ်။ ကလေးဖျားလို့ သာမိုမီတာလေးနဲ့ တိုင်းလိုက်ရင်

  • 100° – 102° F (37.8° – 39° C) ဆိုရင် သာမန်အဖျားလေးပါ။
  • 102° – 104° F (39 – 40° C) ဆိုရင် အဖျားနည်းနည်းပြင်းမယ်။ ကလေးမှာလည်း နေထိုင်ရတာ အဆင်မပြေဖြစ်နေမယ်။
  • 104° F (40° C) ကျော်ရင်တော့ အဖျားကြီးပါတယ်။ ဆေးကုသမှု ခံယူရမယ်။
  • 106° F (41.1° C) ကျော်ရင်တော့ တော်တော်လေးကို အဖျားကြီးနေပါပြီ။ ဆေးကုသမှု အမြန်ခံယူပါ။
  • 108° F (42.3° C) ကျော်ရင်တော့ အန္တရာယ်ရှိတဲ့ အခြေအနေ ရောက်နေပါပြီ။

မွေးကင်းစကနေ ခြောက်လအထိတော့ ဖျားရင် မိခင်နို့ကို များများတိုက်ပါ (Photo by FirstCry Parenting)

ဖျားတဲ့အချိန်မှာ အရည်ဓါတ် ပမာဏ များများ လိုအပ်ပါတယ်။ မွေးကင်းစကနေ ခြောက်လအထိတော့ မိခင်နို့ကို များများတိုက်ပါ။ ကိုယ်အပူချိန် 100°-102° F (37.8° – 39°C) အတွင်းမှာ ကိုယ်ခံအားက အဖျားကို တိုက်ထုတ်နေပါတယ်။

မေမေတို့ရေ ကလေးဖျားတာ အန္တရာယ်ရှိမရှိ အလွယ်တကူသိနိုင်ဖို့ သာမိုမီတာကိုတော့ မဖြစ်မနေ ဝယ်ထားပါနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: Fever


Comments

0 comments
Latest video
Refer to more useful articles