ကလေးငယ်လေးတွေကို နေပြပေးဖို့ လိုအပ်လား

by: Nang Htwe
 0 comments  0 love

နေပူထဲမှာ ကလေးငယ်ကို ထိုင်ခိုင်တာမျိုး မပြုလုပ်ရဘူးနော်။ ကလေးကိုခေါ်ပြီး အပြင်ထွက်လည်တာနဲ့ လမ်းလျှောက်တာမျိုး ပြုလုပ်ပေးရပါမယ်။

နေရောင်ခြည်က လူသားတွေရဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ကျန်းမာရေး အတွက် ဗီတာမင် D အမြောက်အများ နေရောင်ခြည်ကနေ ထုတ်ပေးနိုင်ပါတယ်။ အရိုးတွေ ကြီးထွားဖို့နဲ့ ကျန်းမာဖို့အတွက် လိုအပ်နေပါတယ်။

ကလေးကိုခေါ်ပြီး အပြင်ထွက်လည်တာနဲ့ လမ်းလျှောက်တာမျိုး ပြုလုပ်ပေးရပါမယ် (Photo by 123RF.com)

နေရောင်ခြည်နဲ့ ဗီတာမင်D

ဗီတာမင် D ဟာ လူ့ခန္ဓာကိုယ်ထဲမှာ မျိုးရိုးဗီဇအပေါ် သက်ရောက်မှု ရှိတယ်လို့ စစ်တမ်းတွေအရ တွေ့ရပါတယ်။ ဗီတာမင် D ဟာ အရိုးပွရောဂါဖြစ်ပွားတာကို တားဆီးပေးပြီး ကင်ဆာရောဂါတွေကိုလည်း ဆန့်ကျင်ပေးပါတယ်။ နေရောင်ခြည်က ကျန်းမာရေးအတွက် အရေးပါပေမယ့်လည်း တိုက်ရိုက်ထိတွေ့တာကိုတော့ ရှောင်ရှားသင့်ပါတယ်။

ကလေးငယ်ရော၊ လူကြီးတွေပါ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တာကို  ရှောင်ရှားရပါမယ်။ နေရောင်ခြည်ကို တိုက်ရိုက်ထိတွေ့တယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်ပွားနှုန်း ဆက်စပ်နေပါတယ်။ နေရောင်ခြည်ကို အပြီးတိုင် လုံးဝရှောင်ခိုင်းတာမျိုး မဟုတ်ပါဘူးနော်။ ကလေးငယ်ရဲ့ အရိုးတွေ သန်မာဖို့အတွက် လိုအပ်တဲ့ ဗီတာမင် D ကို နေရောင်ခြည်ကနေ ရရှိဖို့ လိုအပ်ပါသေးတယ်။

နေပြခြင်း

တစ်ရက်ကို နေရောင်ခြည် (၁၀)မိနစ် ခန့်ရပြီဆိုရင် လုံလောက်နေပါပြီ။ နေပူထဲမှာ ကလေးငယ်ကို ထိုင်ခိုင်တာမျိုး မပြုလုပ်ရဘူးနော်။ ကလေးကိုခေါ်ပြီး အပြင်ထွက်လည်တာနဲ့ လမ်းလျှောက်တာမျိုး ပြုလုပ်ပေးရပါမယ်။ မနက်ခင်း နေထွက်ချိန်ဖြစ်ရပါမယ်။ မနက်(၇)နာရီကနေ (၉)နာရီ အတွင်း ရရှိတဲ့ နေရောင်ခြည် ဖြစ်ဖို့ လိုအပ်ပါတယ်။

နေရောင်ထဲ လမ်းလျှောက်ထွက်တော့မယ်ဆိုရင် ကလေးငယ်ကို ပေါ့ပေါ့ပါးပါး အဝတ်အစားလေးတွေ ဝတ်ဆင်ပေးထားသင့်ပါတယ်။ နေရောင်ခြည်ကို (၁၀)မိနစ်ထက်ပိုပြီး ထိတွေ့တာ ရှောင်ကျဉ်ပါ။

ပြင်းထန်တဲ့ နေရောင်ခြည်များ ကလေးငယ်ကို မထိတွေ့အောင် ဘယ်လို ကာကွယ်မလဲ

ပြင်းထန်တဲ့ နေရောင်ခြည်တွေက ကလေးငယ်ကို အန္တရာယ်ဖြစ်စေပါတယ်။ ဒီလို ပြင်းထန်တဲ့ နေရောင်ခြည်တွေ ကလေးငယ်အပေါ် သက်ရောက်မှု မရှိအောင် အောက်မှာ ဖော်ပြထားတဲ့ အချက်လေးတွေကို လိုက်နာပေးပါ။

နေရောင် ပြင်းထန်တဲ့အချိန်

မနက်(၁၁)နာရီကနေ ညနေ(၃)နာရီအတွင်းမှာ ကျရောက်တဲ့ နေရောင်ခြည်က အလွန်ပြင်းထန်ပါတယ်။ ပူပြင်းဆုံးအချိန်လည်း ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကလေးငယ် အပြင်ထွက်တာကို ရှောင်ကြဉ်သင့်ပါတယ်။

တစ်ရက်ကို နေရောင်ခြည် (၁၀)မိနစ် ခန့်ရပြီဆိုရင် လုံလောက်နေပါပြီ (Photo by 123RF.com)

အဝတ်အစား

သားသားမီးမီးလေးတွေကို လုံခြုံပြီး သက်တောင့်သက်သာရှိစေမယ့် အဝတ်အစားမျိုးကို ဝတ်ဆင်ပေးပါ။ လေဝင်လေထွက်ကောင်းပြီး ပေါ့ပေါ့ပါးပါး အဝတ်အစားတွေကို ရွေးချယ်ပါ။

အရိပ်

ကလေးငယ်ကို အရိပ်ထဲ ကစားခိုင်းပါ။ နေပူထဲ ထွက်ဆော့တာကို တားဆီးပါ။

နေရောင်ကာခရင် (sunscreen)

နေပူတဲ့အချိန်မှာ ကလေးငယ်ကိုခေါ်ပြီး အပြင်ထွက်ရတော့မယ်ဆိုရင် အဝတ်အစား လွတ်တဲ့နေရာမှာ sunscreen လိမ်းပေးပါ။ ကလေးငယ်အတွက် သီးသန့်ထုတ်ထားတဲ့ sunscreen တွေရှိပါတယ်။

ကား

ကားစီးတဲ့အခါ နေရောင်ခြည်တွေက ကလေးငယ်အပေါ် အချိန်ကြာကြာ ကျရောက်စေနိုင်ပါတယ်။ နေရောင်ခြည်ကြာကြာ မကျရောက်နိုင်အောင် ကလေးငယ်ကို သတိထားပေးပါ။

ကလေးငယ်ကို နေရောင်ခြည် တကူးတက ပြပေးစရာမလိုပါဘူးနော်။ မနက်ခင်း မေမေတို့ အပြင်ထွက်တဲ့အခါ ကလေးငယ်ကို ခေါ်သွားခြင်းဖြင့် နေရောင်ပြပြီးသား ဖြစ်သွားစေတာကို Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

 

From Kalay with

Tag: babyneedsunlight

Comments

0 comments
Latest video