ကလေးကျန်းမာရေးမေမေတို့စိုးရိမ်နေလား?ဒစ်ဂျစ်တယ်သာမိုမီတာဆောင်ထားပါ

by: Nang Htwe
 0 comments  0 love

ခန္ဓာကိုယ်ရဲ့အပူချိန်ကို တိုင်းတာဖြစ်ပြီး အသားအရည်ရဲ့ အပူချိန်ကိုတိုင်းတာ မဟုတ်ပါဘူးနော်။ ခန္ဓာကိုယ်ရဲ့ ဘယ်လိုနေရာတွေကို တိုင်းရမှာလဲ

မိဘတိုင်းကတော့ ကိုယ့်ကလေးကို မဖျားစေချင်ကြပါဘူး။ အမြဲ ကျန်းမာပျော်ရွှင်စေချင်တယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ကလေးတွေက ကိုယ်ခံစွမ်းအားနည်းသေးလို့ မကြာခဏ ဖျားနာကြပါတယ်။ ကိုယ်ခံစွမ်းအားစနစ် တဖြည်းဖြည်းဖွံ့ဖြိုးလာတာနဲ့ ကလေးတွေအရင်တုန်းက ဖျားခဲ့တဲ့ ရောဂါတွေ သိပ်မဖြစ်တော့ပါဘူး။ ခံနိုင်ရည်ရှိလာတာလည်း ပါပါတယ်။

ဒစ်ဂျစ်တယ်သာမိုမီတာ

ဒစ်ဂျစ်တယ်သာမိုမီတာက ကလေးတွေအတွက် အကောင်းဆုံးသာမိုမီတာတွေထဲက တစ်ခုပါ (Photo by Pluppis)

ဒစ်ဂျစ်တယ်သာမိုမီတာ

မေမေတို့ကတော့ ကလေးတွေ ကိုယ်ငွေ့နည်းနည်းပဲပူရင် အိမ်မှာဆေးတိုက်လိုက်ကြတာများပါတယ်။ ပုံမှန်ထက်ပိုဖျားမှ ဆရာဝန်ဆီပြကြတာပါ။ ဘာပဲပြောပြော ကလေးနေမကောင်းတာကို ချက်ချင်းသိဖို့ သာမိုမီတာလေးတွေ ဆောင်ထားတာ အကောင်းဆုံးပါ။ ဒစ်ဂျစ်တယ်သာမိုမီတာက ကလေးတွေအတွက် အကောင်းဆုံးသာမိုမီတာတွေထဲက တစ်ခုပါ။ ကလေးကျန်းမာရေးကို ညွှန်ပြတဲ့ပစ္စည်းပါ။ ကလေးဆေးသတ္တာထဲမှာ အမြဲထည့်ထားသင့်တဲ့ ပစ္စည်းပါ။

သာမိုမီတာရဲ့ အကျိုးကျေးဇူးများ

အမြန်ဖတ်လို့ရခြင်း

သာမိုမီတာက ကလေးရဲ့ ကိုယ်အပူချိန်ကို တိတိကျကျညွှန်းနိုင်တဲ့အပြင် အမြန်ဖော်ပြပေးပါတယ်။ ဒစ်ဂျစ်တယ် သာမိုမီတာဆိုရင် ကြာချိန်တစ်မိနစ်တောင် မရှိပါဘူး။ မာကျူရီသာမိုမီတာကတော့ သုံးမိနစ်ကြာပါတယ်။

သိမ်းထားပေး

တချို့ ဒစ်ဂျစ်တယ်သာမိုမီတာတွေက ကလေးရဲ့ အပူချိန်ကို သိမ်းထားပေးနိုင်တဲ့ memory တွေ ပါပါတယ်။ ဒါဟာ အလွန်အထောက်အကူပြုပါတယ်။ လက်ရှိခံစားနေရတဲ့ အပူချိန့် တိုက်ကြည့်လို့ရတယ်။

ခိုင်တယ်၊ လွယ်တယ်

အရင် သာမိုမီတာတွေက  ဟောင်းလွယ်ပြီး ကျိုးလွယ်တယ်။ အခုခေတ် သာမိုမီတာတွေက ရှင်းလင်းတဲ့ အညွှန်းပါပြီး သုံးရတာလွယ်တယ်။

ပြန်ပြင်ရခြင်း

အရင်တုန်းက သာမိုမီတာတွေကို ဗူးထဲ သေသေချာချာ သိမ်းဆည်းရတယ်။ အခုခေတ် ဒစ်ဂျစ်တယ်သာမိုမီတာတွေက အဲဒီလောက်ကြီး သေသေချာချာသိမ်းစရာ မလိုပါဘူး။

ဒစ်ဂျစ်တယ်သာမိုမီတာ

ဒစ်ဂျစ်တယ်သာမိုမီတာတွေကို ဘယ်လိုသုံးရမှာလဲ

သူ့မှာ အညွှန်းပါပါတယ်။ အညွှန်းကိုဖတ်ပြီး အသုံးပြုနိုင်ပါတယ်။ မေမေတို့အနေနဲ့ အညွှန်းကိုသေချာဖတ်ပြီးသုံးတာ အမှားနည်းပါတယ်။ ဒစ်ဂျစ်တယ်သာမိုမီတာတွေက ခန္ဓာကိုယ်ရဲ့အပူချိန်ကို တိုင်းတာဖြစ်ပြီး အသားအရည်ရဲ့ အပူချိန်ကိုတိုင်းတာ မဟုတ်ပါဘူးနော်။ ခန္ဓာကိုယ်ရဲ့ ဘယ်လိုနေရာတွေကို တိုင်းရမှာလဲ။ ကလေးဆိုရင် နဖူး၊ နား၊ ချိုင်း၊ ပါးစပ် စတဲ့နေရာတွေမှာ တိုင်းနိုင်တယ်။ နဖူးကတော့ အတိအကျဆုံးနေရာလို့ ကျွမ်းကျင်သူတွေက ပြောတယ်။ နှုတ်ခမ်းနဲ့ ချိုင်းကလည်း အမှားနည်းတဲ့ နေရာတွေပါ။ မွေးကင်းစကနေ အသက် (၃)လထိ ကလေးတွေကိုတော့ နဖူးကိုပဲ တိုင်းပေးတာ အကောင်းဆုံးပါ။ အကယ်လို့ ကလေးက အသက်(၃)လနဲ့ (၄)နှစ် ကြားဆိုရင်တော့ နဖူးနဲ့ နားနဲ့ လက်မောင်းကို တိုင်းလို့ရတယ်။ အသက်(၄)နှစ်အထက်ဆိုရင်တော့ ဘယ်နေရာ တိုင်းတိုင်းရတယ်။

ဒစ်ဂျစ်တယ်သာမိုမီတာက ကလေးတွေအတွက် သူငယ်ချင်းကောင်းတစ်ယောက်လို ဂရုစိုက်ပေးမယ့် ပစ္စည်းဖြစ်လို့ ကလေးရှိတဲ့အိမ်တိုင်း ဝယ်ထားသင့်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles