ယခုရာသီချိန်အတွင်း ကလေးငယ်တွေ သွေးလွန်တုပ်ကွေးမဖြစ်အောင်

by: Nang Htwe
 0 comments  4 love

သွေးလွန်တုပ်ကွေး လက္ခဏာဖြစ်ပွားနေတယ်လို့ သံသယဝင်နေပြီဆိုရင် ဆေးရုံ၊ ဆေးခန်းတွေဆီကို အမြန်ဆုံးသွားရောက်ပြသပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ကလေးငယ်တွေကို အများဆုံးဒုက္ခပေးပါတယ်။ ခြင်ကြောင့် ဖြစ်ပွားတဲ့ ရောဂါပါ။ ကလေးငယ်တွေမှာတော့ သွေးလွန်တုပ်ကွေးရောဂါက ရာသီမရွေးဖြစ်ပွားနိုင်ပါတယ်။ ယခုချိန်က မိုးရာသီဖြစ်တာကြောင့် ခြင်ပေါက်ဖွားနှုန်းမြင့်မားပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်ပွားတဲ့ ခြင်အမျိုးအစားက ရေကြည်ရေသန့်တွေမှာ ပေါက်ဖွားတဲ့ ခြင်ကျားခေါ် ခြင်ပုန်းတွေကြောင့် ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ကလေးငယ်တွေကို အများဆုံးဒုက္ခပေးပါတယ် (Photo by momjunction)

မေမေတို့အိမ်မှာ ခြင်တွေမပေါက်ဖွားအောင် ရေပုံး၊ ရေကန်တွေကို အဖုံးဖုံးပေးဖို့ လိုပါတယ်။ ခြင်ခိုအောင်းနိုင်တဲ့ ခြုံနွယ်တွေနဲ့ အမှိုက်တွေရှိတယ်ဆိုရင်လည်း ဖယ်ရှားပေးပါ။ ကလေးငယ် ဘယ်အချိန်ပဲအိပ်အိပ် ခြင်ထောင်နဲ့သာ သိပ်ပါ။ သာမန်ခြင်ထောင်အစား ဆေးစိမ်ခြင်ထောင်ကို အသုံးပြုပါ။

သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ

  • ဖျားခြင်း ((၁၀၀.၄)ဒီဂရီဖာရင်ဟိုက် ဒါမှမဟုတ် (၃၈)ဒီဂရီစင်တီဂရိတ်အထက်) ဒါမှမဟုတ် သာမန်ရှိသင့်ထက်အပူချိန်ထက် နိမ့်ခြင်း ((၉၆.၈)ဒီဂရီဖာရင်ဟိုက် ဒါမှမဟုတ် (၃၆)စင်တီဂရိတ်)
  • ပုံမုန်မဟုတ်တဲ့ ဇီဇာကြောင်ခြင်း၊ အိပ်မပျော်ခြင်းနဲ့ အစားမစားခြင်း
  • သာမန်ထက်ပိုပြီး ခေါင်းမူးခြင်း ဒါမှမဟုတ် မခံမရပ်နိုင်အောင် မူးခြင်း
  • မျက်လုံးနောက်ပိုင်း နာကျင်ခြင်း
  • အဆစ်အမြစ်နဲ့ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
  • အော့အန်ခြင်းနဲ့ ပျို့အန်ခြင်းနဲ့
  • အနီရောင်အဖုအပိန့်ထွက်တာတွေကို ကြုံတွေ့ရနိုင်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါရဲ့ နောက်ဆက်တွဲ လက္ခဏာများ

  • သွေးကြောနဲ့ ပြန်ရည်ကြောတွေ ပျက်စီးလာခြင်း
  • သွေးလွန်တာ
  • သွေးပေါင်ကျတာ
  • နှာခေါင်းသွေးထွက်တာနဲ့
  • သွားဖုံးနဲ့ အရေပြားအောက်မှာ သွေးထွက်ခြင်းနဲ့ သွေးခြေဥတာတွေ ကြုံတွေ့ရနိုင်ပါတယ်။

ပတ်ဝန်းကျင်မှ တခြားကလေးငယ်တွေ သွေးလွန်တုပ်ကွေးဖြစ်ပွားနေတယ်လို့ အသံကြားတယ်ဆိုရင် အကာအကွယ်တွေပြုလုပ်ပေးပါ (Photo by mammamuntetiem)

ဒီထက်ပိုပြီး ပြင်းထန်လာမယ်ဆိုရင် အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေး လက္ခဏာဖြစ်ပွားနေတယ်လို့ သံသယဝင်နေပြီဆိုရင် ဆေးရုံ၊ ဆေးခန်းတွေဆီကို အမြန်ဆုံးသွားရောက်ပြသပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ရေဓါတ်ခမ်းခြောက်ခြင်း

တစ်နှစ်အောက် ကလေးငယ်တွေမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားတဲ့အခါ ရေဓါတ်ခမ်းခြောက်တာ မဖြစ်စေဖို့အတွက် မိခင်နို့များများတိုက်ကျွေးဖို့ အရေးကြီးပါတယ်။ တစ်နှစ်နဲ့ တစ်နှစ်အထက် ကလေးငယ်တွေကိုတော့ ရေများများတိုက်ဖို့ လိုအပ်ပါတယ်။

သွေးလွန်တုပ်ကွေးဖြစ်တဲ့ ရာသီအချိန်တွေမှာ ကလေးငယ်နဲ့အတူ ခရီးမထွက်တာ အကောင်းဆုံးပါ။ ပတ်ဝန်းကျင်မှ တခြားကလေးငယ်တွေ သွေးလွန်တုပ်ကွေးဖြစ်ပွားနေတယ်လို့ အသံကြားတယ်ဆိုရင် မေမေတို့ရဲ့ ကလေးငယ်ကို အကာအကွယ်တွေပြုလုပ်ပေးပြီး စောင့်ကြည့်နေပေးဖို့ Kalay ကနေ အကြံပြုလိုက်ပါတယ်။

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x