သားသားလေးတွေရဲ့လိင်အင်္ဂါအရေပြား ဖြတ်တောက်ဖို့လိုလား

by: Phyo Pyae Thu
 1 comments  5 love

သားသားလေးတွေရဲ့ လိင်အင်္ဂါမှာ အရေပြားလေးရှည်နေတယ်ဆိုရင် ဖြတ်တောက်ဖို့ လို မလို ဆရာဝန်နဲ့ အရင်ဆုံးပြရပါမယ်။ ဆရာဝန်က ဖြတ်တောက်ဖို့ လိုတယ်ဆိုမှသာ ဖြတ်တောက်ပါ။

မေမေတို့ရေ တချို့သားသားလေးတွေမှာတော့ လိင်အင်္ဂါ အရေပြား ဖြတ်တောက်ဖို့ လိုအပ်ပြီး တချို့ သားသားလေးတွေမှာတော့ လိင်အင်္ဂါ အရေပြား ဖြတ်တောက်စရာ မလိုပါဘူး။ သားသားလေးတွေရဲ့ လိင်အင်္ဂါမှာ အရေပြားလေးရှည်နေတယ်ဆိုရင် ဖြတ်တောက်ဖို့ လို မလို ဆရာဝန်နဲ့ အရင်ဆုံးပြရပါမယ်။ ဆရာဝန်က ဖြတ်တောက်ဖို့ လိုတယ်ဆိုမှသာ ဖြတ်တောက်ပါ။ တချို့သားသားလေးတွေကတော့ မွေးကင်းစကတည်းက ဖြတ်တောက်ကြပြီး တချို့ကတော့ နောင်တော်တော်လေးကြာမှ ဖြတ်တောက်ကြပါတယ်။ ဆရာဝန်က သားသားလေးရဲ့ ဆေးမှတ်တမ်းနဲ့ ဓါတ်မတည့်တဲ့ ဆေးတွေ ရှိမရှိ စစ်ဆေးတာတွေ လုပ်မှာပါ။ ခွဲစိတ်ပြီးတဲ့ အချိန်ရော၊ မခွဲစိတ်ရသေးတဲ့ အချိန်မှာပါ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပေးပါ။

တချို့သားသားလေးတွေမှာတော့ လိင်အင်္ဂါ အရေပြား ဖြတ်တောက်ဖို့ လိုအပ်ပြီး တချို့ သားသားလေးတွေမှာတော့ လိင်အင်္ဂါ အရေပြား ဖြတ်တောက်စရာ မလိုပါဘူး (Photo by google)

သားသားလေးတွေရဲ့ လိင်တံထိပ် အရေပြားဖြတ်တောက်မယ်ဆိုရင်

ဆီးလမ်းကြောင်းမှာ ပိုးဝင်ခြင်း၊ လိင်အင်္ဂါဆိုင်ရာ ကင်ဆာနဲ့ လိင်ကတဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေ ဝင်ရောက်မှုကို လျော့ချပေးနိုင်ပါတယ်။ လိင်အင်္ဂါ အရေပြား ဖြတ်တောက်ခြင်းဟာ ဆီးလမ်းကြောင်းမှာ ပိုးဝင်ခြင်းကိုတော့ ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။ ပထမ(၃) ကလနေ (၆) လအတွင်းမှာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဟာ ဖြတ်တောက်ထားသူနဲ့ မဖြတ်တောက်ထားသူ နှိုင်းယှဉ်ရင် ဖြတ်တောက်ထားသူက ပိုးဝင်နိုင်မှု နည်းပါတယ်။

လိင်တံအရေပြားကို ဖြတ်တောက်ခြင်း ပြုလုပ်တဲ့အခါမှာတော့ များသောအားဖြင့် မေ့ဆေးနဲ့ ပြုလုပ်ကြပြီး မိနစ်(၃၀)ောလာက်ပဲ ကြာတတ်ပါတယ်။ လိင်တံထိပ်က အရေပြားကို ဖယ်ထုတ်ပြီး သွေးကြောလေးတွေကို ပိတ်ကာ အရေပြားအစွန်းကို ဆွဲချုပ်မှာပါ။

အရေပြား မဖြတ်ခင်နဲ့ ဖြတ်တောက်ပြီး

ခွဲစိတ်မှုပြီးသွားတဲ့အခါမှာ

သွေးမတိတ်ခြင်း၊ အဝါရောင်အရည်တွေထွက်ခြင်း၊ နီမြန်းခြင်း၊ အရောင်မကျခြင်း၊ အဖျားတက်ခြင်း၊ တပတ်လောက်ကြာသည့်တိုင် လိင်အင်္ဂါအရေပြားဖြတ်တောက်ရာမှာ သုံးတဲ့ Plastibell မကွာကျခြင်းတို့ ဖြစ်တယ်ဆိုရင် ဆရာဝန်ဆီမှာ အမြန်ဆုံး ပြန်ပြပါ။

လိင်အင်္ဂါ အရေပြား ဖြတ်တောက်ထားပြီးပြီဆိုရင်တော့ ဆပ်ပြာနဲ့ ရေသုံးပြီး ရေဆေးတာမျိုး လုပ်ရပါမယ်။ ပတ်တီးကိုလည်း သေးခံလဲတိုင်း လဲပေးရပါမယ်။ ဆီးသွားတဲ့အခါ ထိပ်မှာကျန်ခဲ့တဲ့ ဆီးစက်တွေကြောင့် မယားယံအောင် ချောဆီ လိမ်းနိုင်ပါတယ်။ ပုံမှန်အားဖြင်တော့ ဖြတ်တောက်ပြီး (၅) ရက်ကနေ (၇) ကျော်မှာ ပျောက်ကင်းသက်သာနိုင်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: caringhealthoperation


Comments

0 comments
Latest video
Refer to more useful articles