အခုရက်ပိုင်း ကလေးငယ်တွေမှာ အဖြစ်များလာသော  ရေကျောက်ပေါက်ခြင်း

by: Khin Nyein Lwin
 0 comments  0 love

ရေကျောက်ရောဂါပြုစုနည်း ရေကျောက်ရောဂါ နမည်အတိုင်းဘဲ ရေအင်မတန်ကြောက်သော ရောဂါတစ်မျိုးဖြစ်တာကြောင့် အရည်များများသောက်ခြင်း၊ အနားယူခြင်းများလိုအပ်သည်။‌

(Chicken Pox) ရေကျောက်ဆိုတာ ရေယုန်ဗိုင်းရပ်စ်တမျိုးဖြစ်တဲ့ varicella-zoster virusကြောင့်ဖြစ်ရတာပါ။‌ နွေရာသီကာလမှာကလေးအများစုမှာ အဖြစ်များတဲ့ ရောဂါမို့ သေချာသိရှိ နားလည်ဖို့လိုပါတယ်။။ နေထိုင်မကောင်းဖြစ်ခြင်း၊ ကိုယ်လက်ကိုက်ခြင်း၊ ဖျားခြင်း( နေမကောင်းဖြစ်ခြင်း) တို့က အစချီတက်ပါတယ် ။ ရှေးဦးစွာ ဖျားနာခြင်းဖြစ်ပါက မပေါ့ဆရန်တိုက်တွန်းချင်ပါတယ်။

ရေကျောက်ပေါက်ခြင်းရောဂါသည်လည်း နေမကောင်းဖြစ်ခြင်းမှ စတာဖြစ်ပါတယ်။ ရေကျောက်ပေါက်ပြီဆိုရင် ပထမဆုံးအနေနဲ့ မျက်နှာနဲ့ ကျောမှာ ယားယံပြီး ခြင်ကိုက်ဖုကဲ့သို့သော အနီစက်အရည်ဖုလေးတွေ ထွက်လာပါမယ်။ ဒီအစက်လေးတွေဟာ တကိုယ်လုံးကို ပျံ့သွားပီးအဆင့်သုံးဆင့်နဲ့ ဖြစ်ပေါ်လာပါတယ်။ ပထမအနေနဲ့ အနီစက်လေးတွေ စတင်ဖြစ်ပေါ်လာပြီး ၊ ဒုတိယအဆင်အနေနဲ့ နှစ်ရက်ကနေ လေးရက်ကြာပြီးတဲ့အခါမှာ ပေါက်လွယ်တဲ့အရည်ကြည်ဖုလေးတွေဟာ ဖြစ်ပေါ်လာပြီး ၊ သူတို့ပေါက်သွားတဲ့အခါ တတိယ အဆင်အနေနဲ့ ဟောင်းလောင်းပေါက်လေးဖြစ်လာပြီး အနာဖေးလေးတွေဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

Chickenpox: Causes, Symptoms, Treatment & Prevention

ကလေးများတွင် အများအားဖြင့် ဖြစ်လေ့ဖြစ်ထရှိပြီး ခုခံအားကျဆင်းနေချိန်တွင် အနီစက်လေးပိုများတာမျိုးဖြစ်နိုင်ပါတယ်။ ခေါင်းမူးခြင်း၊ရင်တုန်ခြင်း၊ အသက်ရူကျပ်ခြင်း၊ ခြေလက်များတုန်ရီခြင်း၊ မူးမေ့ခြင်း၊ ချောင်းတအားဆိုးခြင်း၊ အန်ခြင်း၊ ဇက် ကြောတက်ခြင်း၊အဖျားကြီးခြင်း၊ ဗိုက်နာ၊ ဗိုက်အောင့်၊ မအီမသာဖြစ်တာ၊ အစားအသောက်ပျက်တာ ဖြစ်ပေါ်တတ်ပါတယ်။ ကူးစက်မှုပုံစံ  အရည်ကြည်ဖုလေးပေါက်သွားတဲ့ချိန်တွင် ဗိုင်းရပ်စ်အမှုန်လေးတွေကို ရူရိုက်မိရင်ဘဲဖြစ်ဖြစ် နေမကောင်းဖြစ်နေတဲ့သူက နှာချေတာ၊ ချောင်းဆိုးတာတဲ့အခါတွင် လေထဲကတဆင့် ရှုလိုက်မိရင်ပဲ ဖြစ်ဖြစ် ရောဂါကူးနိုင်ပါတယ်။

အနီးကပ်ပြုစုတဲ့အချိန်မျိုးမှာ ကူးစပ်နိုင်ချေများသောကြောင့် နေမကောင်းဖြစ်နေတဲ့သူကို ပြုစု‌ပေးရချိန်မျိုးတွင် ပိုမိုဂရုစိုက်နေထိုင်သင့်ပါတယ်။ ရေကျောက်ရောဂါသည် ဖြစ်ပြီးလျှင် ဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိသွားပြီမို့ နောက်တစ်ကြိမ်ထပ်ဖြစ်နိုင်ချေ (%)ရာခိုင်းနူန်း အလွန်နည်းပါတယ်။သို့ဖြစ်သောကြောင့် ရေကျောက်လည်းတခါမှ မပေါက်ဖူး၊ကာကွယ်ဆေးလည်းတခါမှ မထိုးထားဖူးသူတွေဟာ ရေကျောက်ဖြစ်ဖို့ (%)ရာခိုင်းနူန်း အများဆုံးသူတွေပဲ ဖြစ်ပါတယ်။

Chickenpox in babies: Pictures, symptoms, and treatments

ရေကျောက်ရောဂါပြုစုနည်း ရေကျောက်ရောဂါ နမည်အတိုင်းဘဲ ရေအင်မတန်ကြောက်သော ရောဂါတစ်မျိုးဖြစ်တာကြောင့် အရည်များများသောက်ခြင်း၊ အနားယူခြင်းများလိုအပ်သည်။‌ ခန္ဓာကိုယ်သန့်ရှင်းရေး ၊ တကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုစိုက်သင့်ပါတယ်။ ရေချိုး မပျင်းဖို့လိုအပ်ပါတယ်။ အဖျားတက်တဲ့အချိန်မျိုးတွင် သောက်ဆေး ၊ အရည်ကြည်ဖုအနာတွေအတွက်လိမ်းဆေးများကို ဆရာဝန်ညွန်ကြားချက်အတိုင်း ဆောင်ရွတ်ရန်လိုအပ်ပါတယ်။

အနာအဖုလေးတွေကို အနာမဖြစ်အောင် ကာကွယ်သည့်အနေဖြင့် ကလေးကို လက်သည်းညှပ်ပေးခြင်းဖြင့် အရည်ကြည်ဖုများ ကုပ်မိခြင်း မှကာကွယ်နိုင်ပြီး ပိုးမဝင်အောင် တားဆီးနိုင်သည်။ လက်ကိုသေချာစွာဆေးကြောသင့်ပါတယ်။ ယားယံခြင်းသက်သာစေရန် ဆေးတိုက်ခြင်း၊ ရေပတ်တိုက်ခြင်းများပြုလုပ်ပေးနိုင်သည်။ ရေကျောက်ဖြစ်တဲ့အခါ ရောဂါဖြစ်သူရဲ့ အသုံးအဆောင်၊အဝတ်အစားများကို ရေနွေးနဲ့သီးသန့်လျှော်ဖွတ်ပါ။ ရေကျောက်ရောဂါကာကွယ်ဆေး ရေကျောက်ကာကွယ်ဆေးကို( Varicella ) အဖြစ် လူသိများပြီး ရေကျောက်ရောဂါကို ကာကွယ်ဖို့ အတွက် ထိုးခြင်းဖြစ်ပါတယ်။ ကလေးတွေမှာ ရေကျောက်ရောဂါ မဖြစ်စေဖို့ (၉၅%) ကာကွယ် ပေးပါ တယ်။

သားသားမီးမီးလေးတွေကို ရေကျောက်ကာကွယ် ဆေး ထိုးပေးဖို့ လိုအပ်ပါတယ်။ ကလေး အသက်(၁) နှစ်ကနေ (၁) နှစ်ခွဲကြားထဲမှာ ပထမတစ်ကြိမ်ထိုးပေးရမှာပါ။ဒုတိယအကြိမ်ဆိုရင်တော့ အသက်(၄) နှစ်ကနေ (၆) နှစ် အတွင်းမှာ ထိုးပေးရပါမယ်။ အသက်(၁၃) နှစ်နဲ့အထက် ကလေးဆိုရင်တော့ နှစ်ကြိမ်ထိုးပြီးနောက် တစ်လအကြာ မှာ ထိုးနိုင်ပါတယ်။ ထပ်ဆင့်ဖြစ်ဆက်သောနောက်ဆက်တွဲဆိုးကျိုးများ ရေကျောက်ရောဂါ(Chicken Pox) ကတော့ က‌လေးအများစုမှာဖြစ်လေ့ရှိတာ ဖြစ်ပြီးဂရုစိုက်ကုသပါက ပြန်လည်သက်သာနိုင်တဲ့ ရာခိုင်နူန်းပိုများပါတယ်။ နောက်ဆက်တွဲဖြစ်ပေါ်နိုင်တဲ့ဆိုးကျိုး ကလေး‌တွေအများစုမှာ အရေပြားဘက်တီးရီးယားပိုးဝင်ခြင်း၊အဆုတ်ရောင်ခြင်း ၊ကာလရှည်ချောင်းဆိုးတာ၊အသက်ရှုတာနှုန်းမြန်ခြင်း၊ခေါင်းအရမ်းကိုက်/မူးနေခြင်း ဖြစ်လာနိုင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးမှာဆိုရင်ဖြင့် ဗိုက်ထဲက ကလေးဆီ ပိုးကူးဆက်နိင်ချေရှိပါတယ်။

အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ကိုယ်ဝန်ဆောင်တွေ၊ကလေးငယ်ငယ်လေးတွေ နဲ့ ခုခံအားစနစ် မကောင်းတဲ့ သူတွေတွင် အထက်ပါဆိုးကျိုး လေးတွေ ဖြစ်နိုင်ပါတယ်။အထပ်ပါပြသနာလေးတွေကတော့ ဖြစ်နိုင်ချေနည်းပေမဲ့ ပေါ့ဆမှုကြောင့် ဖြစ်နိုင်သောနောက်ဆက်တွဲ ဆိုးကြိုးလေးတွေဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဆိုရင်ဖြင့် ၁၉၉၅ ခုနှစ်မှစတင်၍ ရေကျောက်ကာကွယ်ဆေးထိုးပေးခဲ့ရာ ဖြစ်ပွားနှုန်း ၉၀ ရာခိုင်နှုန်းခန့် အထိလျှော့ချနိုင်ခဲ့ပါတယ်။ သို့သော် ကိုယ်ဝန်ဆောင်မိခင်များ၊ HIV ကူးစက် ခံနေရသူများ၊ aspirin ကဲ့သို့ အကိုက် အခဲပျောက်ဆေး ရေရှည်သုံးစွဲနေသူများ နှင့် lincomycin ကဲ့သို့ပဋိဇီဝဆေး မတည့်သူများကတော့ ထို ရေကျောက်ရောဂါ ကာကွယ်ဆေးထိုးမသင့်ပါဘူး။ အထူးသဖြင့် ရေကျောက်ဖြစ်ပွားဖူးခြင်း လုံး၀မရှိသေးသော မိခင်လောင်းအနေနဲ့ ကိုယ်ဝန်မဆောင်ခင် ၁-လ အလိုမှာ ကာကွယ်ဆေး အပြည့်အစုံဖြစ်အောင်ကြိုတင်ထိုးထားခြင်းဖြင့် မွေးဖွားလာမည့် ကလေးအတွက် ကြိုတင်ကာကွယ်ပေး နိုင်ပါတယ်။

အဲဒီ ကြိုတင်ကာကွယ်ဆေးမျိုးကို ဂျပန်လူမျိုး michiaki Takahashi က ၁၉၇၄ ခုနှစ်လောက်မှာ စတင် တီထွင် ထုတ်လုပ်ပေးခဲ့ ကြောင်း လေ့လာမှတ်သားရပါတယ်။ အထူးသတိပြုရမည့် အချက်မှာ ရေကျောက် တစ်ခါဖြစ်ဖူးရင်၊ နောင်လူကြီးဘဝမှာ ရေယုန်ဖြစ်ဖို့ ၂၀ ရာခိုင်နှုန်း သေချာ နေပါပြီ။ ဒါဘာကြောင့်လဲဆိုရင် ကလေးငယ်ဘ၀မှာ ရေကျောက်အနီစက်လေးတွေ လုံးဝပျောက်ကင်းသွားပေမယ့် ဗိုင်းရပ်စ်ပိုး ကတော့ ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ထဲမှာ ရှိနေတုန်းပါဘဲ။ ဒီလိုနဲ့အသက်ကြီးလာပြီးနောက် ခုခံအားကျဆင်းတဲ့ အခါဖြစ်စေ၊ အာဟာရချို့တဲ့ နေချိန်မှာဖြစ်စေ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ပိုးဟာ ရေယုန်အနေနဲ့ ပြန်လည်ပေါ်ပေါက်လာ တတ်လို့ ပါဘဲဖြစ်ပါတယ်။ ထိုပြဿနာမျိုးကို အများအားဖြင့် အသက် ၆၀-ကျော် အရွယ်မှာ ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် ရေကျောက် ဖြစ်ဖူးသူတွေအနေနဲ့ တစ်ချိန် မှာ ရေယုန်မဖြစ်အောင် ကာကွယ်ဆေးထိုးထားသင့်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles