မေမေတို့ဂရုစိုက်သင့်တဲ့ သားသားမီးမီးတို့ဝမ်းအနေအထားနဲ့ကျန်းမာရေး

by: Khin Nyein Lwin
 0 comments  0 love

ကလေးလေးမွေးပီး၂ရက်အတွင်းသွားသော ဝမ်းက အမဲရောင် ဒါမှမဟုတ် အစိမ်းရောင် ရှိနေတတ်ပါတယ်။ ဒါကို ငယ်ချီးပါတယ်လို့လည်း ခေါ်ကြပါတယ်။

မေမေတို့ရေ သားသားမီးမီးတို့ရဲ့ဝမ်းအနေအထားကို ဂရုတစိုက်ရှိဖို့ အထူးလိုအပ်ပါတယ်နော်။ အဓိက ကြည့်သင့်တဲ့ (၄) မျိုးကတော့

1. အရောင်
2. အပျော့၊အမာ
3. အကြိမ်ရေ
4. အနံ့ 

 အရောင်

ကလေးလေးမွေးပီး၂ရက်အတွင်းသွားသော ဝမ်းက အမဲရောင် ဒါမှမဟုတ် အစိမ်းရောင် ရှိနေတတ်ပါတယ်။ ဒါကို ငယ်ချီးပါတယ်လို့လည်း ခေါ်ကြပါတယ်။ သုံးရက်နောက်ပိုင်း သွားတဲ့ ဝမ်းတွေကတော့ အရောင်ပျော့လာပြီး အဝါရောင်သန်းလာပါတယ်။ ဒါဟာ ကလေးတစ်ယောက်ရဲ့ အူလမ်းကြောင်း ကောင်းစွာ အလုပ်လုပ်နေကြောင်း သိနိုင်ပါတယ်။ ခြောက်လ အထိ မိခင်နို့ တစ်မျိုးထဲ တိုက်ပေးရင် အဝါရောင်(အနည်းငယ်စိမ်း) ပြီး ဝမ်းပျော့ပျော့သာ ဆက်ပြီး သွားနေပါတယ်။ နို့မှုန့်တိုက်ရင်တော့ အနည်းငယ်စေးကပ်တဲ့ ဝမ်းသွားနိုင်ပါတယ်။ဖြည့်စွက်စာ ကျွေးရင်တာ့ ဝမ်း ပိုမာလာပြီး အစားမှာပါတဲ့ အရောင်များအတိုင်း ဝမ်းအရောင်ပြောင်းတတ်ပါတယ်။ အခန့်မသင့်ရင် ဝမ်းချုပ်တတ်ပါတယ်။ ဥပမာ- ဥနီကျွေးရင် ဝမ်းအရောင်သည် လိမ္မော်ရောင် သွားတတ်ပါတယ်။

အရေးကြီးသော ဝမ်းအရောင် ၄မျိုး

သွေးရောင်ပါခြင်း သွေးစများပါခြင်း

ဝမ်းချုပ်လွန်းလို့ ဖြစ်နိုင်သလို အူလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

ဝမ်းရောင်ဖြူဖြူသွားနေလျှင်

အသည်းနှင့် သည်းချေပြသနာဖြစ်နိုင်ပါတယ်။

ဂျယ်လီကဲ့သို့ ဝမ်းသွားပါက

အူလမ်းကြောင်း ပြဿနာရှိနေတတ်ပါတယ်။

အမာစာကျွေးရင် (၁) ပါတ်မှ (၁) ကြိမ်သွားသည်ပင်ရှိတတ်ပါတယ်

2. အပျော့/အမာ

  • အရည်(နို့)သီးသန့် တိုက်လျှင် ဝမ်းပျော့ပြီး အစာမာကျွေးရင်တော့ ဝမ်းမာပါတယ်
  • အရည်ဝမ်း  (၃) ကြိမ်နှင့်အထက်သွားရင်တော့ ဝမ်းလျောနေခြင်းဖြစ်တာမို့ ဆေးခန်းပြရပါမယ်။
  • ကလေး ဝမ်းတွင်း သွေးပါခြင်း စအိုဝပြဲခြင်း ဖြစ်နေရင်တော့ ဝမ်းချုပ်နေခြင်းဖြစ်ပါတယ်။

3. အကြိမ်ရေ

မိခင်နို့သာတိုက်သော ကလေးငယ်က နို့စို့ပီးတိုင်း ဝမ်းသွားတတ်ပါတယ်။ အမာစာကျွေးရင် (၁) ပါတ်မှ (၁) ကြိမ်သွားသည်ပင်ရှိတတ်ပါတယ်။ ဝမ်း မမာရင် ပုံမှန်ပဲဖို့ စိုးရိမ်ဖို့မလိုပါဘူး။

4. အနံ့

ညှီနံ့ ကို အထူးဂရုစိုက်ရပါမယ်။ ငါးညှီနံ့က အူလမ်းကြောင်းပိုးဝင်ခြင်းဖြစ်ပါတယ်။

 

Credit: Dr. လင်းရောင်ခြည်

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles