သားသားမီးမီးလေးတွေမှာ သွားပိုးစားတာတွေ ဖြစ်နေပြီလား

by: Phyo Pyae Thu
 0 comments  2 love

သားသားမီးမီးလေးတွေ သွားပိုးစားတာကြောင့် သွားနာတာတွေ ဖြစ်ပြီဆိုရင် အစားကောင်းကောင်း မစားနိုင်ဘဲ တခြားရောဂါတွေပါ ဝင်လာစေနိုင်ပါတယ်

မေမေတို့ရေ သွားပိုးစားတာက ကျန်းမာရေး ပြဿနာ တစ်မျိုးထဲမှာ ပါဝင်ပါတယ်နော်။ သားသားမီးမီးလေးတွေ သွားပိုးစားတာကြောင့် သွားနာတာတွေ ဖြစ်ပြီဆိုရင် အစားကောင်းကောင်း မစားနိုင်ဘဲ တခြားရောဂါတွေပါ ဝင်လာစေနိုင်ပါတယ်။ ဒါကြောင့် သွားပိုးစားခြင်းကို အထူးဂရုစိုက်ရပါမယ်။

သွားတွေကို ကာကွယ်ပေးထားတဲ့ကြွေလွှာပျက်စီးသွားပြီဆိုရင်တော့ အရုပ်ဆိုးစေမယ့်လုပ်ငန်းစဉ်ဖြစ်တဲ့  သွားပျက်စီးခြင်း အရှိန် ဟာ ပိုမြန်လာပါတော့တယ် (Photo by The Courier)

သားသားမီးမီးလေးတွေ စားတဲ့အစားအစာတွေထဲမှာ အချိုအရသာ များများ ပါဝင်တဲ့ ဖျော်ရည်၊ နွားနို့၊ အသီးဖျော်ရည်တွေမှာ ပုံမှန်သဘာဝထက် ပိုတဲ့ အချိုဓါတ်တွေ ရှိနေပြီး ဒီအချိုဓါတ်တွေဟာ သားသားမီးမီးလေးရဲ့ သွားထဲမှာ အချိန်အတော်ကြာ ရှိနေတတ်ပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ ဘက်တီးရီးယားတွေဟာ အချိုဓါတ်တွေနဲ့ အာဟာရပြုပြီး အက်စစ်တွေ ထုတ်လုပ်တာမို့ သွားတွေကို ထိခိုက်စေပါတယ်။ အချိန်ကြာလာတဲ့အခါမှာ သွားပိုးစားခြင်း ဖြစ်ပေါ်ပါတော့တယ်။

သားသားမီးမီးလေးတွေရဲ့ ရှေ့သွားနှစ်ချောင်းမှာ သွားပိုးစားတာလေးတွေက ချစ်စရာ ကောင်းနေလောက်ပါတယ်။ သွားတွေကို ကာကွယ်ပေးထားတဲ့ကြွေလွှာပျက်စီးသွားပြီဆိုရင်တော့ အရုပ်ဆိုးစေမယ့်လုပ်ငန်းစဉ်ဖြစ်တဲ့  သွားပျက်စီးခြင်း အရှိန် ဟာ ပိုမြန်လာပါတော့တယ်။

သွားတိုက်ဆေးကို ပဲစေ့တဝက်လောက်ပဲ သုံးပေးပါနော် (Photo by Recommended keywords, Popular Keywords!)

 သွားပိုးစားတာတွေ မဖြစ်စေဖို့အတွက် ကြိုတင် ကာကွယ်လို့ ရပါတယ်

အစားအစား ကျွေးပြီးတိုင်းမှာ သွားနဲ့ သွားဖုံးကို သန့်ရှင်းတဲ့ အဝတ်စနဲ့ သုတ်ပေးတာ၊ ပလုတ်ကျင်းတာတွေ လုပ်ပေးသင့်ပါတယ်။ သားသားမီးမီးလေးတွေ သွားစပေါက်တဲ့အခါမှာ သွားတိုက်ဆေး မပါသေးဘဲ သွားတိုက်ပေးပါ။ သွားမထွက်သေးတဲ့ သွားဖုံးနေရာတွေကိုတော့ သန့်စင်ပြီးဖိပေးပါ။ သွားတွေအားလုံးထွက်လာပြီဆိုရင်တော့ သွားကြားသန့်ရှင်းရေးကို ဂရုတစိုက်ပြုလုပ်ပေးပါ။

သွားပိုးစားတာတွေ မဖြစ်စေဖို့အတွက် အိပ်ရာမဝင်ခင်မှာ

သွား တစ်ကြိမ် တိုက်ပေးပါ။ သားသားမီးမီးလေးက အရမ်းငယ်လွန်းသေးတာ၊ လမ်းလျှောက်တတ်စအရွယ်ပဲဆိုရင် ဖလိုရိုက် မပါတဲ့ သွားတိုက်ဆေးကို အသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် သွားတိုက်ဆေး မပါဘဲ သွားတိုက်ပါ။ သွားတိုက်ဆေးကို သုံးမယ်ဆိုရင်တော့ သန့်ရှင်းတဲ့အ၀တ်စထဲထည့်ပြီး သွားတွေကို ညင်သာစွာ ပွတ်တိုက်သန့်စင်ပေးပါ။ အကယ်လို့ သားသားမီးမီးလေးက သွားတိုက်ဆေးတွေ အကုန်လုံး ထွေးထုတ်နိုင်ပြီဆိုရင်တော့ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေး ပြောင်းသုံးနိုင်ပါတယ်။ သွားတွေ မထိခိုက်စေဖို့အတွက်တော့ နူးညံ့လွန်းပြီး ပျော့ပျောင်းတဲ့ သွားတိုက်တံနဲ့ တိုက်ပေးပါ။ ကလေးသုံး သွားတိုက်တံလေးတွေ သုံးပေးနိုင်ရင် အကောင်းဆုံးပါနော်။ ကြွေလွှာတွေ မပျက်စီးဖို့အတွက်တော့ သွားတိုက်ဆေးကို ပဲစေ့တဝက်လောက်ပဲ သုံးပေးပါနော်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: baby teethcarehealth


Comments

0 comments
Latest video
Refer to more useful articles