ကလေးပျားတုပ်ခံရရင် မေမေတို့ ဘာတွေလုပ်ပေးရမလဲ

by: Nang Htwe
 0 comments  0 love

ကလေး ပျားကိုက်ခံရရင် လတ်တလော အခုလိုလုပ်ပေးနိုင်တယ်။ ပျားက တုပ်ပြီးရင် အချွန်လိုမျိုး အစွယ်ပုံစံ အချောင်းလေး အသားထဲ စိုက်ဝင်နေတယ်။

ပျားတွေက အုပ်စုလိုက်နေထိုင်တတ်ပြီး အတောင်ပါတဲ့ အင်းဆက်အုပ်ဝင် သတ္တဝါတွေပါ။ နကျယ်ကောင်၊ ပုရွတ်ဆိတ်တို့နဲ့ တစ်အုပ်စုထဲပါ။ ပျားမျိုးကွဲပေါင်းများစွာရှိပါတယ်။ ပန်းပင်တွေ သစ်ပင်ကြီးတွေမှာ အသိုက်ဖွဲ့နေတတ်တယ်။

 အတောင်ပါတဲ့ အင်းဆက်အုပ်ဝင် သတ္တဝါတွေပါ

ပျားတွေက အုပ်စုလိုက်နေထိုင်တတ်ပြီး အတောင်ပါတဲ့ အင်းဆက်အုပ်ဝင် သတ္တဝါတွေပါ (Photo by NBC News)

ပျားအုံကို သတိထားပါ

ကလေးတွေသဘာဝ ပြေးလွှားဆော့ကစားကြတယ်။ နောက်ပြီး စူးစမ်းတယ်။ အကယ်လို့ မေမေတို့အိမ် ဒါမှမဟုတ် ကလေးဆော့တဲ့ပတ်ဝန်းကျင်မှာ ပျားအုံတွေရှိရင် သတိထားပါ။ ကလေးက စူးစမ်းစိတ်နဲ့ ပျားအုံကို သွားထိတာ၊ တုတ်နဲ့ပေါက်တာမျိုး လုပ်လိုက်မယ်ဆိုရင် ပျားကိုက်ခံရမှာ အသေအချာပါပဲ။ တခါတလေ ကလေးကို ဘာအကောင်ကိုက်လိုက်မှန်းမသိ ဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ ပျားတုပ်တာနဲ့ ပုရွက်ဆိတ်၊ နကျယ်ကောင် ကိုက်တဲ့ ဒဏ်ရာနဲ့ ဆင်တူလို့ပါ။ ဆရာဝန်ဆီပြမှ ဘာအကောင်ကိုက်တယ်ဆိုတာ သိမှာပါ။

ပျားကိုက်ခံရတဲ့ လက္ခဏာ

ပျားတုပ်ခံရတဲ့ လက္ခဏာတွေကတော့ ကိုက်ခံရတဲ့နေရာမှာ ပူနေမယ်။ ရဲလာပြီးတော့ အနီရောင်အဖုတွေပတ်ပတ်လည် ထလာမယ်။ ပုရွက်ဆိတ်ကိုက်ခံရရင်တော့ အနီရောင်ဖု တစ်ဖုပဲထွက်တယ်။ ပျားတစ်ကောင်တုပ်ခံရတာထက် အကောင်များစွာ အတုပ်ခံရနိုင်တယ်။

အရွယ်‌ရောက်ပြီတဲ့ ကလေးတွေနဲ့ လူကြီးတွေကတော့ ဘာကောင်ကိုက်ခံရလဲဆိုတာ သိကြတယ်။ ကလေးတွေကတော့ သိပ်မသိကြဘူး။ ပတ်ဝန်းကျင်ကိုကြည့်ပြီး ဘာကောင်ကိုက်လဲဆိုတာ မေမေတို့သိနိုင်တယ်။ ပျားတုပ်တာ ကလေးတွေအတွက် ပြဿနာသိပ်မရှိနိုင်သလို အင်းဆက်ပိုးမွှားနဲ့မတည့်တဲ့ ကလေးတွေမှာတော့ ပြဿနာအကြီးကြီး ဖြစ်စေတယ်။ ဓါတ်မတည့်တဲ့ လက္ခဏာတွေ အရင်ပြတယ်။

  1.  လက်ပေါ် အနီစက်အပြောက်တွေထလာပြီး ယားလာတယ်။
  2.  ပျို့လာတယ်။
  3.  မူးဝေလာတယ်။
  4.  လည်ချောင်းပြဿနာတွေနဲ့ အသက်ရှူရခက်တာတွေပြတယ်။ ဒီလက္ခဏာတွေပြရင် ချက်ချင်းဆေးကုသမှု ခံယူရမယ်။
ပန်းပင်တွေ သစ်ပင်ကြီးတွေမှာ အသိုက်ဖွဲ့နေတတ်တယ်

ပန်းပင်တွေ သစ်ပင်ကြီးတွေမှာ အသိုက်ဖွဲ့နေတတ်တယ် (Photo by Wonderopolis)

ကလေး ပျားကိုက်ခံရရင် လတ်တလော အခုလိုလုပ်ပေးနိုင်တယ်။ ပျားက တုပ်ပြီးရင် အချွန်လိုမျိုး အစွယ်ပုံစံ အချောင်းလေး အသားထဲ စိုက်ဝင်နေတယ်။ ပျားက ပျံသွားရင်တောင် ဒီအချောင်းလေးက အသားထဲမှာ ကျန်ရစ်တယ်။

  1. ဒီအစွယ်လိုမျိုး အချောင်းကို အရင်ဖယ်ရှားပါ။
  2.  တုပ်ခံရတဲ့နေရာကို ဆပ်ပြာနဲ့ ရေဆေးပါ။
  3.  ရေခဲလေးနဲ့ အုပ်ပေးထားပါ။
  4.  အကယ်လို့ အလွန်နာနေသေးရင် ဆရာဝန်ဆီဖုန်းဆက်ပြီး ဘယ်လို နာကျင်မှုပျောက်ဆေးတိုက်ရမလဲဆိုတာ မေးပါ။ ဆေးခန်းကို သွားပါ။
ကလေးတွေ ပျားတုပ်မခံရအောင်

ကလေးတွေ ပျားတုပ်မခံရအောင်

ကလေးတွေ ပျားတုပ်မခံရအောင် ဘယ်လိုကာကွယ်မလဲ

  • အပြင်ထွက်ရင် ရှူးဖိနပ် စီးပေးပါ။
  • အင်းဆက်တွေရှိတဲ့နေရာ သွားမဆော့ခိုင်းပါနဲ့။
  • ပန်းရနံ့၊ မွေးတဲ့ရနံ့ပါတဲ့ lotion၊ hair coat တို့ကို ပျားတွေရှိတဲ့နေရာသွားမယ်ဆိုရင် မလိမ်းပေးပါနဲ့။
  • အင်းဆက်ပိုးမွှားတွေရှိတဲ့နေရာမှာ အစားမစားပါနဲ့။
  • ပျားတွေရှိတဲ့နေရာမှာ အဝါရောင်အင်္ကျီမဝတ်ပေးပါနဲ့။

မေမေတို့ရေ ကိုယ့်ကလေးက အင်းဆက်ပိုးမွှားတွေနဲ့ ဓါတ်မတည့်ဘူးဆိုရင် ပျားကိုက်ခံရတဲ့အခါ အန္တရာယ်ရှိပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles