သားသားမီးမီးတို့အတွက် ဖြည့်စွက်စာ စတင်ကျွေးရတော့မယ်ဆို

by: Khin Nyein Lwin
 0 comments  0 love

ကလေးဥာဏ်ကောင်းဖို့ စားတဲ့အစာအာဟာရကနေ သက်ရောက်နိုင်ပါတယ်။ အစာဆိုတာ နည်းခြင်းများခြင်းမဟုတ်ပဲ မျှတဖို့ အတွက် ပိုပြီးဂရုစိုက်ရပါမယ်။

 

မေမေတို့ရေ ကလေးတွေကို လေးလကနေခြောက်လကစပြီး ဖြည့်စွက်စာကျွေးလို့ ရပါတယ်နော် ။ ဖြည့်စွက်စာကျွေးတဲ့အချိန်မှာလည်း ကလေးကိုနို့ ဆက်တိုက်နေရပါမယ် ။ ကလေးအသက် တစ်နှစ် နဲ့ တစ်နှစ်ခွဲရှိလာရင် နို့ဖြတ်နိုင်သလို နောက်ကိုယ်ဝန်ရှိလာရင်လဲ နို့ ဖြတ်နိုင်ပါတယ်လို့ ဆိုပါတယ်။ ကလေးကို နို့ မဖြတ်ခင်အချိန်ထိ မိခင်နို့ တိုက်ရမှာဖြစ်သလို၊ ဖြည့်စွက်စာကိုပါ ကျွေးပေးရမှာဖြစ်ပါတယ် ။

ကလေးကို အစာစကျွေးတော့မယ်ဆိုရင် အသားငါး ၊ အသီးအရွက် ၊ ပဲ ၊ ထမင်းစတာတွေကို အာဟာရဓါတ်လုံလောက်မျှတနေအောင် ကျွေးဖို့ လိုအပ်ပါတယ်။ ဆီအနည်းငယ်ပါအောင် ကျွေးရပါမယ်။ ကလေးဝါးစရာမလိုအပ်အောင် နူးအိပြီးတခါထဲမြိုချနိုင်တဲ့အစာမျိုး လုပ်ကျွေးရပါမယ် ။ အရည်များဖြစ်တဲ့ ဟင်းရည် ၊ ပဲဟင်းရည်များ နဲ့ ကြက်ဥ၊ အာလူး၊ ကန်စွန်းဥ တို့ကိုလည်းပြုတ်ကျွေးနိုင်ပါတယ်နော်။ အသီးဖျော်ရည်တွေ ကလေးကိုတိုက်မယ်ဆိုရင်လည်း အသင့်လုပ်ပြီးသား အလွယ်တကူရနိုင်တဲ့ အချိုရည်များထက် သဘာဝအသီးစစ်စစ်ကိုဖျော်ထားတဲ့ အရည်များကိုသာ တိုက်ကျွေးသင့်ပါတယ်။

ကလေးအသက်တစ်နှစ်ကျော်ရင်တော့ လူကြီးများစားသလို ထမင်းနဲ့ဟင်းမျိုးစုံကို ကျွေးလို့ ရပါပြီ။ အသီးအနှံလေးတွေကို အသေးလေးတွေစိပ်ပြီး ကျွေးတာမျိုး၊ မပူလွန်း မစပ်လွန်းတဲ့ဟင်းရည်မျိုးကို တိုက်ကျွေးလို့ ရပါတယ်။ ကလေးကို တစ်နေ့ကိုအကြိမ်များများ နဲ့နည်းနည်းစီ ကျွေးပေးဖို့ လိုတယ်လို့ လဲဆိုပါတယ်။ ကျွေးတဲ့အခါ ထမင်းနဲ့သားရည်စာကို မျှတအောင် ကျွေးပေးဖို့လည်း လိုအပ်ပါတယ်။ တစ်ချို့ ကလေးလေးတွေ ထမင်းကိုတော့မစားဘူး၊ တခြားမုန့်ပဲသားရေစာ ကျွေးရင်စားတယ်ဆိုတာ ငယ်ငယ်ထဲက အစားအစာကို ညီညွှတ်မျှတအောင် မကျွေးခဲ့တာလည်း ပါဝင်ပါတယ်။

ကလေးကိုကျွေးတဲ့အစားအစာ၊ အသုံးအဆောင်စတာတွေဟာ အမြဲတမ်း သန့်ရှင်းနေဖို့ အထူးလိုအပ်ပါတယ်

ကလေးဥာဏ်ကောင်းဖို့ စားတဲ့အစာအာဟာရကနေ သက်ရောက်နိုင်ပါတယ်။ အစာဆိုတာ နည်းခြင်းများခြင်းမဟုတ်ပဲ မျှတဖို့ အတွက် ပိုပြီးဂရုစိုက်ရပါမယ်။ မျှတတယ်ဆိုတာ ကျွှေးတဲ့အစားအစာ အမျိုးအမယ် စုံလင်ပြီးသင့်တင်မျှတတာကို ပြောတာလည်း ဖြစ်ပါတယ်နော်။ ဒါ့အပြင် ကလေးကိုကျွေးတဲ့အစားအစာ၊ အသုံးအဆောင်စတာတွေဟာ အမြဲတမ်း သန့်ရှင်းနေဖို့ အထူးလိုအပ်ပါတယ်။ ဒါတွေကို ဂရုစိုက်ပြီးပြုလုပ်ဖို့ အရေးကြီးပါတယ်နော်။ မသန့်ရှင်းခဲ့ရင် နုနယ်တဲ့ ကလေးအတွက် မလိုလားတဲ့ ရောဂါများ ဖြစ်ပေါ်လာနိုင်တာကို ကလေးအတွက် စီစဉ်ချက်ပြုတ်တဲ့သူက အမြဲသတိပြုနေဖို့ လိုအပ်တယ်ဆိုတာ သတိပေးချင်ပါတယ်နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles