ကလေးငယ်ကို မေမေနဲ့ဖေဖေကလွဲပြီး သူစိမ်းတွေချီတဲ့အခါ သတိထားဖို့

by: Nang Htwe
 0 comments  0 love

ကလေးငယ်ကို ချီချင်တယ်ဆိုရင်တော့ ကလေးမိဘရဲ့ ခွင့်ပြုချက် ယူသင့်ပါတယ်

ကလေးငယ်လေးတွေက အပြစ်ကင်းပြီး ချစ်စရာကောင်းတာကြောင့် ချစ်ခင်သူတွေ အလွန်များပါတယ်။ ကလေးငယ်ကို အပြင်ခေါ်သွားပြီဆိုရင် ချီချင်သူတွေ အလွန်များပါတယ်။ ကလေးငယ်ကို ချီတဲ့အခါ သတိထားစရာလေးတွေရှိပါတယ်။ ဒါကတော့ ကလေးငယ်ရဲ့ ဆန္ဒနဲ့ ကျန်းမာရေးပါ။

ကလေးငယ်ကို အပြင်ခေါ်သွားပြီဆိုရင် ချီချင်သူတွေ အလွန်များပါတယ်။ ကလေးငယ်ကို ချီတဲ့အခါ သတိထားစရာလေးတွေရှိပါတယ် (Photo by SmartParents)

ကလေးငယ်ရဲ့ ဆန္ဒ

ကလေးငယ်တော်တော်များများက မိသားစုဝင်မဟုတ်တဲ့ သူစိမ်းတွေကို ကြောက်တတ်ကြပါတယ်။ ဒါကလည်း ကလေးငယ်ရဲ့ သဘာဝပါ။ မိသားစုဝင်မဟုတ်သူတွေ ချီတဲ့အခါ  စိတ်ကျဉ်းကျပ်တာ၊ နေထိုင်ရခက်တာ၊ မကြိုက်တာ၊ သူစိမ်းတွေနဲ့ မထိတွေ့ချင်တာနဲ့ လုံခြုံမှုမရှိတဲ့ ခံစားချက်မျိုး ကလေးငယ်တွေ ခံစားရပါတယ်။ ဒါကြောင့် ကလေးငယ်ရဲ့ ဆန္ဒကို လေးစားဖို့ လိုအပ်ပါတယ်။

ကျန်းမာရေး

ကလေးငယ်တွေက လူကြီးတွေလို ကိုယ်ခံစွမ်းအား မကောင်းသေးပါဘူး။ အသက်အရွယ်အလိုက် ကာကွယ်ဆေးထိုးရတာကြောင့် တချို့အသက်အရွယ်မှာ ကာကွယ်ဆေး မပြည့်စုံသေးပါဘူး။ ကလေးငယ်ကိုချီတော့မယ်ဆိုရင် ဆပ်ပြာ ဒါမှမဟုတ် hand gel နဲ့ လက်ဆေးရပါတယ်။ လက်မဆေးဘဲနဲ့ ကလေးငယ်ကို မချီသင့်ပါဘူး။ လူကြီးတွေပေါ်မှာရှိတဲ့ တချို့ပိုးမွှားတွေက ကလေးငယ်ဆီရောက်သွားတဲ့အခါ နေမကောင်းတာ၊ ဖျားနာတာ စတဲ့ လက္ခဏာတွေ ပြလာပါတယ်။ ကလေးငယ်ကိုချီတဲ့သူဆီမှာ ပြင်ပက တချို့မှာ ကူးစက်ရောဂါ အထူးသဖြင့် တီဗီနဲ့ အသည်းရောင်အသားဝါ ရောဂါအခံရှိတယ်ဆိုရင် ကလေးငယ်ဆီ အလျင်အမြန် ကူးစက်သွားစေနိုင်ပါတယ်။ ကလေးငယ်ကို နမ်းတာကလည်း အလွန်အန္တရာယ်များပါတယ်။

ကလေးငယ်လေးတွေက အပြစ်ကင်းပြီး ချစ်စရာကောင်းတာကြောင့် ချစ်ခင်သူတွေ အလွန်များပါတယ် (Photo by Freepik)

ဓါတ်မတည့်တဲ့ ဝေဒနာ

တချို့ကလေးငယ်တွေမှာ မွေးရာပါ ဓါတ်မတည့်တဲ့ ဝေဒနာ ခံစားရလေ့ရှိပါတယ်။ ဓါတ်မတည့်တဲ့ ပြဿနာက ဒီအတိုင်းကြည့်မယ်ဆိုရင် မသိနိုင်ပါဘူး။ သူစိမ်းတွေ အနေနဲ့ ကလေးငယ်ကို ချီလိုက်တဲ့အခါ ပြန်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကလေးငယ်မှာ ဓါတ်မတည့်တဲ့ ဝေဒနာ ရှိတယ်ဆိုရင် သူစိမ်းတွေ မချီခိုင်းတာ အကောင်းဆုံးပါ။

ခွင့်ပြုချက်

ကလေးငယ်ရဲ့ အုပ်ထိန်းသူ မိဘတွေဖြစ်တဲ့ မေမေဖေဖေရဲ့ ခွင့်ပြုချက်ကို ရယူသင့်ပါတယ်။ တချို့မေမေဖေဖေက ကိုယ့်ရဲ့ကလေး တခြားသူစိမ်းတွေ ချစ်တာကို လက်ခံပေမယ့် တချို့မိဘတွေက မကြိုက်ကြပါဘူး။ ဒါကြောင့် ကလေးငယ်ရဲ့ မိဘက မကြိုက်ဘူးဆိုရင် ဒါမှမဟုတ် မကြိုက်တဲ့ လက္ခဏာကို ပြတယ်ဆိုရင် ရပ်တန့်သင့်ပါတယ်။ ကလေးငယ်ကို ချီချင်တယ်ဆိုရင်တော့ ကလေးမိဘရဲ့ ခွင့်ပြုချက် ယူသင့်ပါတယ်။

မေမေဖေဖေတို့အနေနဲ့ ကိုယ့်ရဲ့ ကလေးငယ်ကို သူစိမ်းတွေ ချီတာ မကြိုက်ဘူးဆိုရင် အားနာမနေဘဲ ငြင်းပယ်သင့်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x