အသက်(၆)လအောက် မေမေ့ကလေးလေး ဘာကြောင့် အလွန်ဝနေတာလဲ

by: Nang Htwe
 0 comments  1 love

သကြားပါတဲ့ အစားအသောက်တွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေ၊ သစ်သီးဖျော်ရည်တွေ အသက်(၆)လမရောက်ခင် ကျွေးရင် ကလေး ကိုယ်အလေးချိန် များတယ်။

ကလေးတွေ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆီက စွမ်းအင်အဖြစ်အလုပ်လုပ်ပြီး ဦးနှောက်လျင်မြန်စွာ ကြီးထွားလာဖို့နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုတွေအတွက် အသုံးပြုတယ်။ ကလေးတွေရဲ့ အဆီ(၉၅)ရာခိုင်နှုန်းဟာ white adipose tissue လို့ခေါ်တဲ့ အဖြူရောင်အဆီ ဖြစ်ပြီး ကျန် (၅)ရာခိုင်နှုန်းကတော့ အညိုရောင်အဆီလို့ခေါ်တဲ့ brown adipose tissue တွေပါပဲ။

မွေးကင်းစ အဝလွန် ကလေး

သုတေသနပြုချက်တွေအရ မိဘမျိုးရိုးရဲ့ ကိုယ်အလေးချိန်က ကလေးအသက်(၄)နှစ်အထိ သက်ရောက်မှုရှိတယ်။ လွှမ်းမိုးနိုင်တယ် (Photo by Today Show)

ကလေးတွေ အဝလွန်တဲ့ အဓိက အကြောင်းအရင်းများ

(၁) မျိုးရိုး

သုတေသနပြုချက်တွေအရ မိဘမျိုးရိုးရဲ့ ကိုယ်အလေးချိန်က ကလေးအသက်(၄)နှစ်အထိ သက်ရောက်မှုရှိတယ်။ လွှမ်းမိုးနိုင်တယ်။

(၂) ကျား၊ မ

ယောက်ျားလေးတွေက မိန်းကလေးတွေထက် ကိုယ်အလေးချိန် ပိုများတယ်။ ဒါက အန်ဒရိုဂျင် (ကျားဟော်မုန်း) ကြောင့်ပါ။

(၃) အကြီး၊ အလတ်၊ အငယ်

ဒုတိယမြောက်မွေးတဲ့ကလေးတွေက တခြားမောင်နှမတွေထက် ကိုယ်အလေးချိန် ပိုမြင့်တယ်။ ဒါကလည်း မေမေတို့ ကိုယ်ဝန်ဆောင်ခဲ့တဲ့ အသက်အရွယ်ပေါ်လည်း မူတည်တယ်။

(၄) ကိုယ်ဝန်ဆောင်မိခင်

အဝလွန်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကနေ မွေးဖွားလာတဲ့ ကလေးတွေနောက်ပိုင်းမှာ အဝလွန်လာနိုင်တယ်။

ကလေး ကိုယ်ဝန်ဆောင် အဝလွန်

မေမေတို့ကိုယ်ဝန်ဆောင်ချိန်တုန်းက ကျန်းမာရေးအခြေအနေတစ်ခုခုရင်ဆိုင်ရပြီး မွေးလာတဲ့နောက်ပိုင်းမှာ ကလေးတွေ အဝလွန်တဲ့ ပြဿနာကြုံရနိုင်တယ် (Photo by Andrea Sollenberger Photography)

(၅) မိခင်ကျန်းမာရေး

မေမေတို့ကိုယ်ဝန်ဆောင်ချိန်တုန်းက ကျန်းမာရေးအခြေအနေတစ်ခုခုရင်ဆိုင်ရပြီး မွေးလာတဲ့နောက်ပိုင်းမှာ ကလေးတွေ အဝလွန်တဲ့ ပြဿနာကြုံရနိုင်တယ်။

(၆) ကိုယ်အလေးချိန်

ကိုယ်ဝန်ဆောင်ချိန်တုန်းက အဆီတွေ၊ သကြားတွေ စတဲ့ အစားအသောက်အလွန်အကဲ စားခဲ့ရင် မွေးလာတဲ့ကလေးတွေ ကိုယ်အလေးချိန် များကြတယ်။

(၇) ကိုယ်ဝန်ဆောင်အပတ်စဥ်

ကိုယ်ဝန်ဆောင် (၄၂)ပတ် အချိန်ပြည့်မှ မွေးဖွားလာတဲ့ကလေးတွေ  တခြားကလေးထက် ကိုယ်အလေးချိန် ပိုများတယ်။ ဘာကြောင့်လဲဆိုတာကတော့ အကြောင်းပြချက် တိတိကျကျ မရှိပါဘူး။

(၈) အလွန်အကျွံကျွေးခြင်း

နို့ဗူးတိုက်တာ၊ ဖော်မြူလာနို့မှုန့်တိုက်တာမျိုးကလည်း ကလေးကို ကိုယ်အလေးချိန် တိုးစေတယ်။

(၉) အစားအသောက်

အသက်(၆)လမပြည့်ခင် အစားအသောက်တွေ ကျွေးတဲ့ကလေးတွေမှာ အဝလွန်တယ်။  သကြားပါတဲ့ အစားအသောက်တွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေ၊ သစ်သီးဖျော်ရည်တွေ အသက်(၆)လမရောက်ခင် ကျွေးရင် ကလေး ကိုယ်အလေးချိန် များတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles