မိုးရာသီမှာ ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာများ

by: Phyo Pyae Thu
 0 comments  6 love

မိုးရာသီတစ်လျှောက်လုံးမှာ မေမေ့ကလေးလေး ကျန်းမာစေဖို့ ရှောင်ရှားရမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။ မေမေတို့ ချင့်ချင့်ချိန်ချိန် ကျွေးပေးပါနော်။

အချိုလွန်ကဲတဲ့ အစားအစာတွေကို မကျွေးသင့်ပါဘူး (Photo: Babble)

မေမေတို့ရေ သားသားမီးမီးလေးတွေ မိုးရာသီမှာ ကျန်းမာစေဖို့အတွက် ကျွေးရမယ့်အစားအစာတွေ ရှိသလို သတိထားပြီး ကျွေးရမယ့် အစားအစာတွေလည်း ရှိပါတယ်။ မိုးရာသီဟာ တခြားရာသီတွေထက် ရောဂါပိုပြီး ဖြစ်ပွားလွယ်ပါတယ်။ ဘာလို့လဲဆိုတော့ ဘက်တီးရီးယားတွေအပြင် ခြင်၊ ယင်တွေလည်း ပိုမိုများပြားတာကြောင့်ပါ။ မိုးရာသီတစ်လျှောက်လုံးမှာ မေမေ့ကလေးလေး ကျန်းမာစေဖို့ ရှောင်ရှားရမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။ မေမေတို့ ချင့်ချင့်ချိန်ချိန် ကျွေးပေးပါနော်။

အမှည့်လွန်တဲ့ အသီးတွေ မကျွေးဖို့ အရေးကြီးပါတယ် (Photo: Babble)

သရက်သီး

မိုးရာသီမှာ အသီးအနှံတွေ ပိုပြီးပေါများပါတယ်။ အသီးအနှံတွေက ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုပေမယ့် အမှည့်လွန်တဲ့ အသီးတွေ မဖြစ်ဖို့ အရေးကြီးပါတယ်။ သရက်သီးမှာ ပါဝင်တဲ့ အချဉ်ဓါတ်တွေ များများကျွေးမိမယ်ဆိုရင် ဝမ်းပျက်ဝမ်းလျှောခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျွေးချင်တယ်ဆိုရင်တော့ လျှော့ကျွေးရပါမယ်။

ဒိန်ချဉ်

ဒိန်ချဉ်လည်း လျှော့ကျွေးရပါမယ်နော်။ မိုးရာသီမှာ ဖျားနာတာတွေ ဖြစ်နိုင်ပြီး ဒိန်ချဉ်တိုက်မယ်ဆိုရင် ချောင်းဆိုးတာနဲ့ လည်ချောင်းနာတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဆိုရင် အဖျားက တော်ရုံနဲ့ ပြန်ကျမှာ မဟုတ်ပါဘူး။ ဒါကြောင့် တခြားရာသီမှာ တိုက်ပါနော်။

ယင်နားတဲ့ အစားအစာ

ယင်နားတဲ့ အစားအစာမှန်သမျှ အထူးရှောင်ကြဉ်ရပါမယ်။ ဘာလို့လဲဆိုတော့ ယင်နားတဲ့အစားအစာတွေ စားမိမယ်ဆိုရင် ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်တာကြောင့်ပါ။ မသန့်ရှင်းတဲ့ အစားအစာတွေက ကလေးကို ဖျားနာခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

ကော်ဖီနဲ့ အချိုရည်များ

ကော်ဖီတွေမှာ ပါဝင်တဲ့ ကဖင်းတွေက ကလေးတွေရဲ့ အစာခြေစနစ်ကို နှောင့်နှေးစေပါတယ်။ ဒီလိုဆိုရင် မေမေ့ကလေးလေး ဝမ်းကိုက်တာတွေ ဖြစ်လာနိုင်ပါသေးတယ်။ အချိုရည်တွေက အေးတဲ့ရာသီမှာဆိုရင် ချွဲကြပ်တာနဲ့ ဖျားနာခြင်းတွေ ဖြစ်စေတာကြောင့် မကျွေးပါနဲ့။ သကြားလုံးကျွေးတာနဲ့ အချိုလွန်ကဲတဲ့ အစားအစာတွေကို မကျွေးသင့်ပါဘူး။

အသုပ်စုံ

မေမေတို့ရေ မိုးတွင်းမှာ လက်သုပ်စုံတွေ ကျွေးတာက ဖျားနာတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီအသုပ်စုံတွေမှာ ရောဂါပိုးတွေ ပါနေနိုင်ပါတယ်။ မိုးတွင်းမှာ စိုစွတ်လေ ဘက်တီးရီးယား ပေါက်ဖွားလေပါပဲ။ကလေးကို မိုးရာသီမှာ လက်သုပ်စုံတွေ လက်လုပ်ချဉ်တွေ မကျွေးပါနဲ့။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles