သားသားမီးမီးလေးတွေ ကျန်းမာဖို့ အိပ်ချိန်လေးတွေ ဂရုစိုက်စို့

by: Khin Nyein Lwin
 0 comments  30 love

အသက်(၂) နှစ်လောက် အရွယ်ဆိုရင် အဆော့ဘက်ကို စပြီးအားသန်လာတာမို့ နေ့လည်နေ့ခင်း အိပ်ဖို့ တော်တော်လေး ချော့သိပ်ရတဲ့ ကလေးလေးတွေ ရှိပါတယ်။

သားသားမီးမီးလေးတွေ အအိပ်အစားမှန်မှ ကြီးထွားဖွံ့ဖြိုးမှုလည်း မြန်ဆန်မှာပါ။ အသက်(၂) နှစ်လောက် အရွယ်ဆိုရင် အဆော့ဘက်ကို စပြီးအားသန်လာတာမို့ နေ့လည်နေ့ခင်း အိပ်ဖို့ တော်တော်လေး ချော့သိပ်ရတဲ့ ကလေးလေးတွေ ရှိပါတယ်။ အသက်(၁) နှစ်အရွယ်မှာ အိပ်ချိန်ဟာ နေ့လည်ခင်းမှာ (၂) နာရီ၊ ညဘက်မှာ (၁၁) နာရီခွဲ၊ အသက်(၂) နှစ်အရွယ်မှာ နေ့လည်ခင်း(၁) နာရီနဲ့ (၁၅) မိနစ်၊ အသက်(၃) နှစ်အရွယ်မှာ နေ့လည်ခင်း(၁) နာရီ ညဘက်(၁၁) နာရီ ရှိသင့်တယ်လို့ အမေရိကန် သုတေသီတွေက ဆိုထားပါတယ်။

သားသားမီးမီးလေးတို့ရဲ့ ကြီးထွားမှုနှုန်းဟာ အိပ်စက်ခြင်းမှာ ၅၀ရာခိုင်နှုန်း မူတည်ပါတယ်။ ပုံမှန်လေး အိပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ် အင်အားပြည့်စေမှာ ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာပါ ကောင်းမွန်ဖို့ အထောက်အကူပြုပါတယ်။ အိပ်စက်ခြင်းက နှလုံးအားကောင်းစေဖို့ အထောက်အကူပြုတယ်ဆိုတော့ သားသားမီးမီးလေးတွေရဲ့ နှလုံးကျန်းမာရေးအတွက် အိပ်စက်ခြင်းက အရေးကြီးတယ်နော်။ ကလေးတွေမှာ စိတ်ဖိစီးမှု ဟော်မုန်းတွေကြောင့် သွေးကြောဆိုင်ရာ ပျက်စီးမှုကို ကာကွယ်ပေးတာကလည်း အိပ်စက်ခြင်းပါပဲ။ အိပ်နေတဲ့အချိန်အတွင်းမှာ Cytokines လို့ခေါ်တဲ့ ပရိုတင်းဓါတ်တွေ ထွက်လာပြီး အဲဒီ ပရိုတင်းဓါတ်မှာ ကလေးတွေရဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ဖျားနာခြင်းတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ အိပ်ရေးဝဝ အိပ်စက်ခြင်းဟာ မှတ်ဥာဏ်ကိုလည်း ပိုမိုကောင်းမွန်စေတာမို့ သားသားမီးမီးလေးတွေ လေ့လာသင်ယူတဲ့အခါမှာ အထောက်အကူပြုပါတယ်။ ဒါကြောင့် သားသားမီးမီးလေးတွေ အိပ်ရေးဝဝ အိပ်စေဖို့ မေမေတို့ ဂရုစိုက်ပေးသင့်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: healthtoddler


Comments

0 comments
Latest video
Refer to more useful articles