ကလေးမှာ တက်ကြွလွန်ပြီး အာရုံမစိုက်နိုင်တာတွေ ဖြစ်နေပြီလား

by: Nang Htwe
 0 comments  0 love

ကိုယ့်ရဲ့ရင်သွေးငယ်ရဲ့ အမူအရာတွေ အမြဲလေ့လာအကဲခတ်ဖို့ အရေးကြီးတယ်နော်။ ADHD လက္ခဏာ သံသယရှိရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ပျောက်ကင်းအောင် ဆေးကုသမှု ခံယူပါ

မေမေတို့ရေ ကိုယ့်ရဲ့ကလေးက ဂဏှာမငြိမ်တာ၊ ငြိမ်ငြိမ်မနေနိုင်၊ တက်ကြွလွန်းတာနဲ့ အာရုံကြာကြာ မစိုက်နိုင်တာတွေ ခဏခဏ ဖြစ်နေရင် ပေါ့ပေါ့ဆဆ မနေသင့်တော့ပါဘူး။ ဒီလို လက္ခဏာတွေ ခဏခဏ ပြနေရင် ဆရာဝန်နဲ့ပြဖို့ တိုက်တွန်းပါတယ်။ ADHD ဟုတ် မဟုတ် ဆရာဝန်နဲ့ ပြသမှ သိမှာပါ။

အာရုံမစိုက်နိုင်လို့ ကျောင်းမှာ စာမသင်နိုင်တာ၊ တခြားသူတွေက လေးစားမှုမရှိတာနဲ့ တခြားနောက်ဆက်တွဲ ပြဿနာတွေ အများကြီးဖြစ်လာနိုင်ပါတယ် (Photo by istock)

ADHD ရဲ့ အရှည်ကောက်က Adult attention-deficit/hyperactivity disorder ဖြစ်ပြီး ကလေးရဲ့ စိတ်ကျန်းမာရေး ပြဿနာတစ်ခုလို့ ခေါ်နိုင်ပါတယ်။ ဒီပြဿနာက အသက်ကြီးတဲ့အထိ ပါလာနိုင်ပါတယ်။ နောက်ဆက်တွဲကတော့ ပေါင်းသင်းဆက်ဆံရေး မကောင်းတာ၊ အာရုံမစိုက်နိုင်လို့ ကျောင်းမှာ စာမသင်နိုင်တာ၊ တခြားသူတွေက လေးစားမှုမရှိတာနဲ့ တခြားနောက်ဆက်တွဲ ပြဿနာတွေ အများကြီးဖြစ်လာနိုင်ပါတယ်။

ဒီရောဂါက ကလေးဘဝအစောပိုင်းကနေ လူကြီးဖြစ်တဲ့အထိ ပါလာပါတယ်။ အများစုကတော့ ကိုယ့်ကလေးမှာ ဒီရောဂါပါလာမှန်း သတိမထားမိကြသလို၊ စစ်ရကောင်းမှန်းလည်း မသိပါဘူး။ တချို့မေမေတွေက ကလေးတက်ကြွတာ၊ ပျော်တဲ့လက္ခဏာဆိုပြီး အယူအဆတွေ မှားကြပါတယ်။ ဒီရောဂါကို ငယ်ငယ်လေးကတည်းက မကုသခဲ့ဘူးဆိုရင် အသက်ကြီးလာတဲ့အခါ(လူငယ်အရွယ်ရောက်လာတဲ့အခါ) စိတ်ရှုပ်ထွေးလွယ်တာ၊ မငြိမ်မသက်ဖြစ်တာ (ကိုယ့်ကိုယ်ကို ငြိမ်အောင် ထိန်းလို့မရတာ)၊ အာရုံစူးစိုက်ဖို့ခက်တာနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေအောင် ရုန်းကန်နေရတဲ့ အခြေအနေတွေ ကြုံလာရပါမယ်။

ADHD ရောဂါဟာ ကလေးဘဝကတည်းက ကုသတာ အမြန်ဆုံးသက်သာပျောက်ကင်းမှာဖြစ်ပြီး ဆရာဝန်နဲ့ စနစ်တကျ ပြသတာ၊ ညွှန်ကြားတဲ့ ဆေးဝါးတွေ မှန်မှန်သောက်သုံးတာ၊ အစားအသောက်တွေ စနစ်တကျ ကျွေးတာ၊ အပြုအမူကို သတိလေးနဲ့ ထိန်းချုပ်ခိုင်းတာမျိုး ကုသနိုင်ပါတယ်။ အရွယ်ရောက်သူတွေအတွက်တော့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြသတာမျိုး ပြုလုပ်ရပါတယ်။

ADHD ရှိတဲ့ ကလေးတွေရဲ့ နောက်ဆက်တွဲ လက္ခဏာတွေကတော့

  • ဒေါသထွက်လွယ်တာ
  • စနစ်တကျ၊  ဦးစားပေးတာမျိုး မလုပ်နိုင်တာ
  • ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်တွေရှိနေတာ
  • အာရုံမစိုက်နိုင်တာ
  • ပြဿနာကို ဖြေရှင်းနိုင်စွမ်း မရှိတာ
  • သည်းခံစိတ်နည်းတာ
  • စိတ်ဓါတ်အပြောင်းအလဲ ခဏခဏဖြစ်တာ
  • လောတဲ့အကျင့်ရှိတာ
  • စိတ်ဖိစီးမှုအနည်းငယ်ကို အများကြီးလို့ ခံစားရတာ စတဲ့ လက္ခဏာတွေပါ။

ကုသနည်း

ဆရာဝန်နဲ့ ပြသပြီး ကုသရမှာပဲ ဖြစ်ပါတယ်။

ဘာကြောင့် ဒီရောဂါဖြစ်ရတာလဲ

မျိုးရိုးဗီဇ

မိသားစုဝင် မေမေ၊ ဖေဖေ တို့ရဲ့ မျိုးရိုးမှာ ADHD ရှိရင် မျိုးရိုးဗီဇအရ ကလေးမှာလည်း ဆက်ခံနိုင်ပါတယ်။

ပတ်ဝန်းကျင်

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်လောင်းက ခဲနဲ့ သတ္ထုဓါတ်တွေပါတဲ့ အရာတွေ ခဏခဏ ထိတွေ့ရင်လည်း သန္ဓေသားမှာ ဒီရောဂါဖြစ်စေပါတယ်။

ဖွံ့ဖြိုးတိုးတက်ချိန်

သန္ဓသားဘဝ ဗဟိုအာရုံကြော ဖွံ့ဖြိုးတိုးတက်ချိန်မှာ ပြဿနာတက်ခဲ့ရင်လည်း ဒီပြဿနာ ဖြစ်နိုင်ပါတယ်။

ADHD ရောဂါ ပျောက်အောင် မကုသရင် မျိုးရိုးလိုက် ပါသွားနိုင်ပါတယ် (Photo by Australian Journal of Pharmacy)

ADHD ရောဂါလက္ခဏာ နောက်ထပ်ဖြစ်နိုင်ချေ

  • ADHD ရောဂါ ပျောက်အောင် မကုသရင် မျိုးရိုးလိုက် ပါသွားနိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်လောင်းက ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးသုံးစွဲခဲ့ရင်လည်း ကလေးမှာ ပါလာနိုင်ပါတယ်။
  • ကလေးရဲ့ ပတ်ဝန်းကျင်မှာ အဆောက်အအုံအဟောင်းတွေ၊ အိမ်သုတ်ဆေးဘူးတွေ၊ ရေပိုက်အဟောင်းတွေ ရှိရင်လည်း ဒီရောဂါ ရတတ်ပါတယ်။
  • အချိန်မတန်ဘဲ မွေးဖွားတဲ့ ကလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။

ADHD ကို ကလေးဘဝကတည်းက မကုခဲ့ဘူးဆိုရင် အရွယ်ရောက်လာတဲ့အခါ

  • ကျောင်းစာ ညံ့လာမယ်။
  • အလုပ်လက်မဲ့ ဖြစ်လာမယ်။
  • ငွေကြေးပြဿနာတွေ ကြုံရမယ်။
  • ဥပဒေနဲ့ ညှိ့မယ်။
  • အရက်စွဲမယ်။
  • ပစ္စည်းခိုးတာတွေလုပ်မယ်။
  • ယာဉ်မတော်တဆမှု ခဏခဏဖြစ်မယ်။
  • ပေါင်းသင်းဆက်ဆံရေး မကောင်းသူဖြစ်လာမယ်။
  • ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ညံ့ဖျင်းလာမယ်။
  • ပုံရိပ်မကောင်းဘူး။
  • ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားမယ်။

ကဲ… မေမေတို့ရေ ကိုယ့်ရဲ့ရင်သွေးငယ်ရဲ့ အမူအရာတွေ အမြဲလေ့လာအကဲခတ်ဖို့ အရေးကြီးတယ်နော်။ ADHD လက္ခဏာ သံသယရှိရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ပျောက်ကင်းအောင် ဆေးကုသမှု ခံယူပါ။

ကလေးငယ်အနာဂါတ်က မေမေတို့ရဲ့ လက်ထဲမှာ ရှိနေပါတယ်။

Ref: mayoclinic.org

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles