အသက်(၄)လအရွယ်မှာ ကျန်းမာတဲ့ သားသားမီးမီးလေးတွေဖြစ်အောင်

by: Nang Htwe
 4 comments  1 love

အသက်(၄)လ အရွယ်မှာ သားသားမီးမီးလေးတွေ ကျန်းမာဖို့နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှု ရှိမရှိ မေမေဖေဖေတို့ စစ်ဆေးပေးဖို့ မမေ့ပါနဲ့နော်။

လည်ပင်းကြွက်သားက ဦးခေါင်းကို ထိန်းနိုင်လာပါတယ် (Photo by jennifergulleyphotography)

အသက်(၄)လအရွယ် သားသားမီးမီးလေးတွေက စကားလုံးလေးတွေရဲ့ အခြေခံကိုနားလည်နေပြီး သီချင်းသံကိုလည်း သိနေပါပြီ။ လက်လေးတွေက ကောင်းကောင်းမွန်မွန် လှုပ်ရှားလာနိုင်ပြီး မေမေဖေဖေတို့ကို ရယ်ပြတတ်နေပါပြီ။ ထိုင်ဖို့ စတင်ကြိုးစားလာပြီး လှုပ်ရှားမှုတွေကိုလည်း စိတ်ဝင်စားနေတဲ့ အရွယ်ဖြစ်ပါတယ်။ အရာဝတ္ထုလှုပ်ရှားမှုတွေနဲ့ လူစိမ်းတွေရဲ့ မျက်နှာကို စူးစိုက်ပြီး ကြည့်တတ်ပါတယ်။ သူတို့လေးတွေရဲ့နာမည်လေးတွေကို မှတ်မိနေပြီး စိတ်ခံစားချက်အလိုက် မျက်နှာပုံစံတွေကို ပြောင်းလဲတတ်ပါတယ်။

လက်လေးတွေက ကောင်းကောင်းမွန်မွန် လုပ်ရှားလာနိုင်ပြီး မေမေဖေဖေတို့ကို ရယ်ပြတက်နေပါပြီ (Photo by whattoexpect)

သားသားမီးမီးလေးတွေရဲ့ စိတ်လုံခြုံမှုနဲ့ ကျန်မာရေးကောင်းမွန်ဖို့အတွက် မေမေဖေဖေတို့ ဘယ်လိုပြုစုစောင့်ရှောက်ရမယ်ဆိုတာကို Kalay ကနေ ပြောပြပေးမယ်နော်။

ကျန်းမာတဲ့ သားသားမီးမီးလေးတွေဖြစ်အောင်

  • သားသားမီးမီးလေးတွေရဲ့ စိတ်ခံစားချက်၊ ပေါင်းသင်းဆက်ဆံရေး၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှု ရှိမရှိ စတာတွေကို မေမေဖေဖေတို့က အမြဲစောင့်ကြည့်နေဖို့ လိုပါတယ်။
  • အစာစားနိုင်ခြင်း၊ အရုပ်လေးတွေနဲ့ ကစားနိုင်ခြင်းနဲ့ ပျော်ရွင်မှုရှိမရှိ စစ်ဆေးပေးဖို့ လိုပါတယ်။
  • အရာဝတ္ထုတွေပေါ်ကို တုန့်ပြန်နိုင်ခြင်း ရှိမရှိ ကစားစရာအရုပ်ကလေးတွေနဲ့ စစ်ဆေးပေးပါ။
  • အာရုံစူးစိုက်မှု ရှိမရှိ သတိထားပေးပါ။ မေမေဖေဖေတို့က သားသားမီးမီးလေးတွေကို အနမ်းပေးတဲ့အခါမှာ တုန့်ပြန်မှု ရှိမရှိ စောင့်ကြည့်ပေးပါ။
  • မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးလေးတို့ကို တစ်ယောက်ထဲ မပစ်ထားသင့်ပါဘူး။ သူတို့လေးတွေက ဝမ်းနည်းလွယ်တာကြောင့် ဝုန်းဒိုင်းကြဲ ငိုနိုင်ပါတယ်။
  • သားသားမီးမီးလေးတွေရဲ့ ငိုသံကိုနားထောင်ပြီး ခွဲခြားတတ်ဖို့ လိုပါတယ်။ ဗိုက်ဆာတာ၊ ဝမ်းနည်းတာနဲ့ ဆီးဝမ်းသွားတာတွေကို ခွဲခြားသိဖို့ လိုပါတယ်။
  • ဦးခေါင်းကို လည်ပင်းကြွက်သားက ထိန်းနိုင်လာပါတယ်။ ဦးခေါင်းလှုပ်ရှားမှုတွေကိုလည်း ပြုလုပ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း ရာနှုန်းပြည့် ထိန်းနိုင်ခြင်း မရှိသေးတဲ့အတွက် မေမေဖေဖေတို့က နောက်ကနေ ထိန်းပေးဖို့ လိုပါတယ်။
  • သားသားမီးမီးလေးတွေကို ချီတဲ့အခါမှာ နောက်ကျောကို ထိန်းပေးထားဖို့ လိုပါတယ်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x