အသက်(၃) နှစ်လောက်အထိ ကလေးတွေမှာအဖြစ်များတဲ့ရောဂါ

by: Phyo Pyae Thu
 0 comments  0 love

အရိုးစနစ်တွေက ကောင်းကောင်းကြီးတော့ မဖွံ့ဖြိုးသေးတာမို့  နားအခေါင်းနှင့် တိုတောင်းသော အူစတက်ချီရမ်ပြွန်လေးတွေကို  ဘက်တီးရီးယားများ အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။

နမိုးနီးယားကတော့ ကလေးရော လူကြီးမှာပါ ဖြစ်တတ်တတ်တဲ့ ရောဂါပါ (Photo: pinterest.co.uk)

မေမေတို့ရေ သားသားမီးမီးလေးတွေ မွေးကင်းစကအရွယ်ကနေ (၃) နှစ်လောက်အထိ ဘာရောဂါမှ မရှိဘဲ နေကောင်းနေဖို့ဆိုတာ တော်တော်တော့ မလွယ်ကူပါဘူး။ သားသားမီးမီးလေးတွေမှာ ဖျားနာတာတွေနဲ့ တခြားကျန်းမာရေး ပြသာနာတွေ ရှိကောင်းရှိမှာပါ။ ဒီလို ကျန်းမာရေးပြသာနာတွေထဲကမှ အဖြစ်အများဆုံး ကျန်းမာရေး အခြေအနေတွေကို မျှဝေပေးလိုက်ပါတယ်။ ဒါမှ မေမေတို့ ဆောင်ရန်၊ ရှောင်ရန်လေးတွေ ကြိုတင် လုပ်လို့ ရမှာပါနော်။

သန့်ရှင်းတဲ့ အစားအစာတွေပဲ ကျွေးပေးနော်  (Photo: pinterest.co.uk)

နမိုးနီးယားဖြစ်ခြင်း

မေမေတို့ရေ နမိုးနီးယားကတော့ ကလေးရော လူကြီးမှာပါ ဖြစ်တတ်တတ်တဲ့ ရောဂါပါ။ ဒါပေမယ့် ကိုယ်ခံအားနည်းတဲ့ ကလေးတွေဆီကိုတော့ ပိုပြီးလွယ်ကူစွာ ဝင်ရောက်နိုင်ပါတယ်။ ပိုးကူးစက်ခြင်းရဲ့ (၄၀) ရာခိုင်နှုန်းမှာတော့ နှာချေတာက နာတာရှည်ဖြစ်နိုင်ပြီး ပြင်းထန်တဲ့ လေပြွန်ရောင်ခြင်း(သို့မဟုတ်) နမိုးနီးယားကို ဖြစ်စေနိုင်ပါတယ်။ အပြင်းဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနဲ့ အသက်ရှူမဝတာတွေကတော့ လက္ခဏာတွေပါနော်။

နားရောင်ခြင်း

နားရောင်ခြင်းကလည်း သားသားမီးမီးလေးတွေမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပါပဲ။ သားသားမီးမီးလေးရဲ့ အရိုးစနစ်တွေက ကောင်းကောင်းကြီးတော့ မဖွံ့ဖြိုးသေးတာမို့  နားအခေါင်းနှင့် တိုတောင်းသော အူစတက်ချီရမ်ပြွန်လေးတွေကို  ဘက်တီးရီးယားများ အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ နားရောင်ခြင်းမှာလည်း အပြင်နားရောင်ခြင်း၊ အလယ်နားရောင်ခြင်းနဲ့၊ အတွင်းနားရောင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ညှင်းခူ သို့ psoriasis အရေပြားရောဂါ၊ နားအတော်ကြာအောင် စိုထိုင်းနေခြင်း၊ ဘက်တီးရီးယားပိုးဝင်ခြင်း၊ နားခွဲစိတ်ပြီးနောက်ပိုင်းတွေမှာ ဖြစ်နိုင်ပါတယ်။ လက္ခဏာတွေ အနေနဲ့တော့ နားအခေါင်းနှင့် နားသီးတွင် ယားယံခြင်း သို့ ပြင်းထန်စွာ နာကျင်ခြင်း၊ အ၀ါရောင်အရည်များ စီးကျခြင်းနဲ့  ပြင်းထန်တဲ့ ကိစ္စတွေမှာ နားက နီရဲနေပြီး  ဖျားခြင်း ခေါင်းမူးခြင်းများကို ခံစားရနိုင်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles