Lactogrow 3 ရဲ့ အကြီးကျယ်ဆုံး မွေးနေ့ပွဲကို ကလေးတစ်ထောင်ကျော် ပါဝင်ဆင်နွှဲ

by: Khin Nyein Lwin
 0 comments  0 love

အသက် (၃)နှစ်မှ (၆)နှစ်ကြား ကလေးစုစုပေါင်း အယောက် (၁,၀၀၀)ကျော် ပျော်ပျော်ပါးပါး ပါဝင် ဆင်နွှဲခဲ့ကြပါတယ်

ရန်ကုန်၊ ၂၀၁၈ ဒီဇင်ဘာ ၂၃ရက်– နက်စလေ(Nestlé) မှ ထုတ်ကုန်တစ်ခုဖြစ်တဲ့ Lactogen 3 နို့မှုန့်ရဲ့ အကြီးကျယ်ဆုံး မွေးနေ့ ပွဲကြီးကို Carnival Land အသွင်နဲ့ ဒီဇင်ဘာလ (၂၃)ရက်နေ့က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် တွင် ကျင်းပခဲ့ရာ ပုဂ္ဂလိကကျောင်းနှင့် မိဘမဲ့ ကလေးဂေဟာ တို့ မှ အသက် (၃)နှစ်မှ (၆)နှစ်ကြား ကလေးစုစုပေါင်း အယောက် (၁,၀၀၀)ကျော် ပျော်ပျော်ပါးပါး ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။

ဒီပွဲကြီးမှာ ဘယ်ကျောင်းကမဆို အသက်(၃)နှစ်မှ (၆)နှစ်အတွင်းရှိတဲ့ ကလေးများကို အရေအတွက်အကန့်အသတ်မရှိ Group Performance Contest များနဲ့ ပါဝင်ယှဉ်ပြိင်စေခဲ့ပြီး ပထမဆု ကျပ်သုံးသိန်း၊ ဒုတိယဆု ကျပ်နှစ်သိန်း၊ တတိယဆု ကျပ်တစ်သိန်း တို့ကို အသီးသီး ချီးမြှင့်ပေးခဲ့သည်။

ဒါ့အပြင် ဒီမွေးနေ့ပွဲကြီးကို တက်ရောက်လာတဲ့ ကလေးများအားလုံးကို Carnival Land Passport များပေးအပ်ပြီး စီစဉ်ထားတဲ့ ဂိမ်းများကစားပြီးပါက Passport အားပြသပြီး လက်ဆောင်များ လဲလှယ်ပေးသည့် အစီအစဉ်ကိုလည်း ထည့်သွင်းကျင်းပခဲ့သည့်အပြင် ပွဲတော် ပိုမိုစည်ကားရန် အတွက် ကလေးများနဲ့ သက်ဆိုင်တဲ့ ပစ္စည်းများ၊ အ၀တ်အထည် ဆိုင်ခန်းများကိုလည်း ဖွင့်လှစ် ပေးခဲ့ပါတယ်။

အခမ်းအနားကို အဆိုတော် ဟဲလေး၊ ရုပ်ရှင်သရုပ်ဆောင် မယ်လိုဒီ၊ ထိပ်ထားသခင်နှင့် ခေတ်ခေတ် တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ အခြားအစီအစဉ်များအဖြစ် Carnival အကဖျော်ဖြေမှု နဲ့ စင်မြင့်ထပ်တွင် ဂိမ်းကစားခြင်းတို့ပါ ထည့်သွင်းကျင်းပခဲ့ပါတယ်။ ဒါ့အပြင် အခမ်းအနားတွင် Nestle Myanmar မှ Lactogrow 3 ရဲ့ National Consumer Promo အတွက် တတိယဆုနှင့် နှစ်သိမ့်ဆုများကို ကြေငြာပေးခဲ့ပါတယ်။ တတိယဆုအဖြစ် ဘန်ကောက် Dream World ကို မိသားစုခရီးစဉ် နဲ့ နှစ်သိမ့်ဆုအဖြစ် မိသားစုတစ်ခုလုံးအတွက် ရန်ကုန် Waterboom အခမဲ့လက်မှတ်တို့ အသီးသီးပေးအပ်ခဲ့ပါတယ်။

ဆက်လက်ပြီး Lactogrow 3 ရဲ့ National Consumer Promo ဒုတိယဆု (စင်ကာပူ Universal Studios) နဲ့ ပထမဆု (ဟောင်ကောင် Disneyland) ခရီးစဉ်တို့အတွက် ကံထူးရှင်များကို လာမည့် ဖေဖော်ဝါရီလမှာ ကြေငြာပေးသွားမှာလည်း ဖြစ်ပါတယ်။ စားသုံးသူများအနေဖြင့် ယခု ဒီဇင်ဘာလကုန်အထိ Lactogrow 3 600g ကိုဝယ်ယူပြီး ဖုန်းငွေဖြည့်ကတ်နဲ့ မိသားစု နိုင်ငံခြားခရီးစဉ်များအတွက် ပါဝင်ဆင်နွှဲ နိုင်ပါသေးကြောင်းလည်း သိရှိရပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Comments

0 comments
Latest video
Refer to more useful articles
x