အဆိုတော် Ah Boy နှင့် သရုပ်ဆောင် မြတ်ရတနာကျော် တို့ရဲ့ သမီးလေး မွေးဖွား

by: Khin Nyein Lwin
 0 comments  0 love

အဖေချော၊ အမေချောမို့ သမီးလေးက တကယ့်ကို ချစ်စရာအချောလေးပါပဲနော်

အဆိုတော် Ah Boy နှင့် သရုပ်ဆောင် မြတ်ရတနာကျော် တို့ရဲ့ သမီးဦးလေးကို ဒီကနေ့မှာ  Pun Hlaing Siloam ဆေးရုံ မှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

သမီးလေးကို ဒီနေ့ မနက် (၇) နာရီ (၂၁) မိနစ်မှာ မွေးဖွားခဲ့ပြီး (၆) ပေါင် နဲ့ (၁၄) အောင်စ ရှိပါတယ်။ အခုလို ကျန်းမာအောင်မြင်စွာ သမီးလေးကို မွေးဖွားခဲ့တဲ့အတွက် Kalay မှ ဝမ်းသာဂုဏ်ယူပါတယ်နော်။

From Kalay with

Comments

0 comments
Latest video