တန်ဖိုးရှိရာကို Tetra Pak နှင့်အတူ ကာကွယ်ပါ (စကားလုံးများဖြင့် မျှဝေခြင်း)

by: Khin Nyein Lwin
 0 comments  0 love

“တန်ဖိုးရှိရာကာကွယ်ပါ” ရဲ့အဓိပ္ပါယ်က Tetra Pak ဟာ အစား အစားသောက်တွေ၊ လူတွေနဲ့ သူတို့ရဲ့ အနာဂတ်တွေကို ဘေးဥပါဒ်ကင်းရှင်းအောင်ကာကွယ်ပေးခြင်းဘဲဖြစ်ပါတယ်

မေမေတို့တွေ အစားအသောက် ဘေးဥပါဒ်ကင်းရှင်းမှုကို ဘာကြောင့်အလေးထား သင့်ပါသလဲ? ဒီခေါင်းစဉ်က နေ့စဉ်ဘဝနဲ့ဘယ်လိုသက်ဆိုင်ပြီး မေမေတို့ချစ်ရတဲ့သူတွေကို ဘယ်လိုသက်ရောက်မှုတွေရှိနိုင်ပါသလဲ? ကမ္ဘာ့ထိပ်တန်း အစားအသောက်ထုတ်လုပ်ခြင်းနဲ့ ထုပ်ပိုးခြင်းဝန်ဆောင်မှုကုမ္ပဏီဖြစ်တဲ့ Tetra Pak ဟာ လွန်ခဲ့တဲ့လအနည်းငယ်က Myanmar Culture Valley မှာ “တန်ဖိုးရှိရာကာကွယ်ပါ” ပွဲကို ကြီးမှုးကျင်းပမယ်ဆိုတာကို online ကနေတွေ့လိုက်တဲ့အချိန်မှာ အရမ်းဝမ်းသာသွားပါတယ်။ မေမေတို့အတွက်တော့ ကျန်းမာရေးနဲ့ ဘေးဥပါဒ်ကင်းရှင်းရေးအကြာင်းကို ပိုမိုလေ့လာနိုင်ဖို့ကူညီပေးမယ့် အခွင့်အရေးတစ်ခုပါဘဲ။

မေမေတို့ရဲ့ကျန်းမာရေးကို ဘေးဥပါဒ်ကင်းရှင်းတဲ့ အစားအသောက်နဲ့ ကာကွယ်ခြင်း

Tetra Pak ရဲ့ ပြပွဲနဲ့ ဂိမ်းပြခန်းတလျှောက်ကို လျှောက်သွားကြည့်တဲ့အခါ Tetra Pak က ဘေးဥပါဒ်ကင်းရှင်းမှု၊ တီထွင်ဆန်းသစ်မှု နဲ့ သဘာဝပတ်ဝန်းကျင်ကိုကူညီပေးပြီး ကမ္ဘာတစ်ဝှမ်းလုံးက လူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တယ်ဆိုတာ သိခဲ့ရပါတယ်။ သူတို့ကုန်ပစ္စည်းအမှတ်တံဆိပ်ဖြစ်ရဲ့ ကတိစကားဖြစ်တဲ့ “တန်ဖိုးရှိရာကာကွယ်ပါ” ရဲ့အဓိပ္ပါယ်က Tetra Pak ဟာ အစား အစားသောက်တွေ၊ လူတွေနဲ့ သူတို့ရဲ့ အနာဂတ်တွေကို ဘေးဥပါဒ်ကင်းရှင်းအောင်ကာကွယ်ပေးခြင်းဘဲဖြစ်ပါတယ်။ Tetra Pak ရဲ့ UHT စက္ကူဘူးတွေမှာ အလွှာခြောက်လွှာပါဝင်ပြီး ၇၅% က စက္ကူဖြစ်ပြီး ၂၅% ကတော့ polyethylene နဲ့ အလူမီနီယံသတ္တုအလွှာနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ UHT နည်းပညာနဲ့ အလွှာခြောက်လွှာထုတ်ပိုးမှုတို့ရဲ့ ပူးပေါင်းမှုဟာ အတွင်းရှိ အစားအသောက်များကို အပူရှိန်၊ အစိုဓာတ်နဲ့ အလင်းရောင်တို့မှကာကွယ်ပေးပြီး အလင်းရောင်အထိမခံနိုင်တဲ့ ဗီတာမင် A, B2, B6, B12, C နဲ့ K အပါအဝင် အဟာရဓာတ်အားလုံးကို ထိန်းသိမ်းပေးပါတယ်။ သူတို့ကို မိုးရွာရွာနေပူပူ၊ နေရာတိုင်းနီးပါးမှာ ကြာရှည်၊ လွယ်ကူစွာသိမ်းနိုင်ပါတယ်။

အသံတွေကိုနားစွင့်ပြီး မှန်ကန်တဲ့ရွေးခြယ်မှုကို ပြုလုပ်ခြင်း

အစားအသောက်ဘေးဥပါဒ်ကင်းရှင်းရေးကို အလေးထားရင်း နာမည်ကြီး အနုပညာရှင်တွေဖြစ်ကြတဲ့ ချစ်သုဝေ၊ သက်မွန်မြင့်၊ မယ်လိုဒီ၊ ပိုင်ဖြိုးသု၊ ပိုင်ဇေရဲထွန်းနဲ့ ဇနီး ဇင်သဲနိုင် အပါအဝင် သားငယ်တို့က စက္ကူဘူးထဲမှာရှိတဲ့ Ultra High Temperature(UHT) နို့နဲ့နို့ထုတ်ကုန်ပစ္စည်းတွေအပေါ် သူတို့ရဲ့ ပံ့ပိုးမှုတွေကို ပြသဖို့အတွက် ပွဲကိုတက်ရောက်ခဲ့ပါတယ်။ သရုပ်ဆောင်၊ ဆရာဝန်ဖြစ်တဲ့အပြင် မိခင်တစ်ဦးလဲဖြစ်တဲ့ ချစ်သုဝေဟာ ကလေးတွေအတွက် အစားအသောက်ဘေးဥပါဒ်ကင်းရှင်းမှုရဲ့ အရေးပါမှုကို သိရှိနားလည်ထားတဲ့သူဖြစ်ပါတယ်။ စကားဝိုင်းပြုလုပ်ရာမှာ တာရှည်ခံပစ္စည်းတွေမပါဝင်ဘဲ နို့နဲ့နို့ထွက်ပစ္စည်းတွေကို လပေါင်းများစွာအထားခံတဲ့ နည်းပညာဖြစ်တဲ့ UHT နည်းပညာကို ဦးဆောင်တီထွင်ခဲ့တဲ့ Tetra Pak အပေါ် သူမရဲ့ယုံကြည်စိတ်ချမှုကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဟာရအထူးကု ဆရာဝန်ဒေါက်တာဝင်းဝင်းမြင့်နဲ့ Tetra Pak ရဲ့ Key Account Director Mr.CC Tang တို့ကလဲ အစားအသောက်ဘေးဥပါဒ်ကင်းရှင်းရေးရဲ့ ဗဟုသုတတွေနဲ့ Tetra Pak ဘူးခွံထဲမှာ ထုတ်ပိုးထားတဲ့ UHT နို့နဲ့ နို့ထုတ်ကုန်ပစ္စည်းတွေဟာ ယုံကြည်စိတ်ချရတဲ့ ရွေးခြယ်မှုဖြစ်ပြီး နေရာအနှံ့အပြားမှာ ဝယ်ယူရရှိနိုင်တယ်ဆိုတာ ပြောပြခဲ့ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေနဲ့ အနုပညာရှင်တွေဆီက အသုံးဝင်တဲ့ အချက်အလက်တွေကို ကြားသိရပြီးတဲ့နောက်မှာ မှန်ကန်တဲ့ရွေးခြယ်မှုကိုပြုလုပ်တတ်ဖို့ အကူအညီတွေရခဲ့ပါတယ်။

UHT နို့နဲ့နို့ထုတ်ကုန်ပစ္စည်းများ – မေမေနဲ့ မေမေတို့ချစ်ရတဲ့သူတွေအတွက် ကောင်းမွန်တဲ့အရာတွေပါ

ပွဲခင်းထဲကို လျှောက်သွားကြည့်တဲ့အခါမှာ မြန်မာနိုင်ငံအတွင်း ထိပ်တန်း ကုန်ပစ္စည်းအမှတ်တံဆိပ်တွေဖြစ်ကြတဲ့ Vito, MILO, Dutch Mill, Chokchai Farm, Ovaltine, Lactasoy, Abevia, PEP, Marigold နဲ့ Cowhead တို့ကလဲ  အခြားပွဲလာသူတွေကို ပျော်စရာကောင်းပြီး ဗဟုသုတရမယ့် အစီအစဉ်တွေနဲ့အတူ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ UHT နို့နဲ့ နို့ထွက်ကုန်ပစ္စည်းတွေရဲ့ နမူနာအမြည်းတွေကို တစ်နေကုန်တိုက်ကျွေးပြီး UHT နည်းပညာရဲ့ ထုတ်လုပ်မှုနဲ့ ထုတ်ပိုးမှုဟာ စားသောက်ကုန်တွေရဲ့အရည်အသွေးကို ကာကွယ်ယုံသာမက အရောင်၊ အနံ့နဲ့ အရသာကိုပါထိန်းသိမ်းပေးတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အစားအသောက်ဘေးဥပါဒ်ကင်းရှင်းမှုအတွက် UHT နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ UHT စက္ကူဘူးတွေရဲ့အကျိုးကျေးဇူးတွေကို အားလုံးကို အခု ပြန်ပြောပြနိုင်ပြီး ချစ်ရတဲ့သူတွေအတွက် ကျန်းမာပြီး ပျော်ရွှင်တဲ့ဘဝကိုရောက်အောင်ပြုလုပ်ပေးသွားမှာပါ။ မြန်မာနိုင်ငံမှာ တန်ဖိုးရှိရာတွေကို အားလုံးအတူတူ ကာကွယ်ကြရအောင်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Comments

0 comments
Latest video
Refer to more useful articles
x