မိသားစုအတွက် ပျော်ရွှင်စရာ ခရီးစဉ်များ

by: Nang Htwe
 0 comments  0 love

ပင်လယ်ကမ်းခြေမှာ ရေဆော့တာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာနဲ့ ပင်လယ်စာတွေ မိသားစုလိုက် စားသောက်ကြတာတွေက ကလေးငယ်အတွက် အဖိုးအဖြတ်နိုင်တဲ့ အမှတ်တရလေးတွေပါ။

အားလပ်ရက်မှာ ကလေးငယ်တွေအတွက် ပတ်ဝန်းကျင်အသစ်ကို မေမေဖေဖေတို့ရှာဖွေပေးသင့်ပါတယ်။ မကြာခဏ ရောက်ရှိနေတဲ့ နေရာတွေထက် တစ်ခါမှမသွားဖူးသေးတဲ့ ဒေသအသစ်တွေကို မိသားစုလိုက် ခရီးထွက်သင့်ပါတယ်။ ကလေးငယ်တွေမှာလည်း အသက်အရွယ်အလိုက် စိတ်ဖိစီးတာတွေ ရှိပါတယ်။ ကျောင်းပိတ်ရက်တွေမှာ စိတ်ဖိစီးမှုတွေ သက်သာစေဖို့ ခရီးထွက်ပေးသင့်ပါတယ်။

Image result for family trips asian

တောတောင်ရေမြေစိမ်းလန်းပြီး ရာသီဥတုကောင်းမွန်တဲ့ တောင်ပေါ်ဒေသကတော့ ကလေးငယ်တွေအတွက် အသစ်အဆန်းတွေ ဖြစ်နေမှာပါ (Photo by Rice)

တောင်ပေါ်ဒေသ

တောတောင်ရေမြေစိမ်းလန်းပြီး ရာသီဥတုကောင်းမွန်တဲ့ တောင်ပေါ်ဒေသကတော့ ကလေးငယ်တွေအတွက် အသစ်အဆန်းတွေ ဖြစ်နေမှာပါ။ လမ်းခရီးတစ်လျှောက် စိမ်းစိုပြီး ကြီးမားတဲ့သစ်ပင်သစ်တောတွေ၊ ကျေးငှက်တိရိစ္ဆာန်တွေနဲ့ မတူညီတဲ့ ရိုးရာဓလေ့တွေကို ကလေးငယ်က လေ့လာစူးစမ်းနေမှာပါ။ လေကောင်းလေသန့်ရရှိတာကြောင့် ကလေးငယ်တွေရဲ့ စိတ်ဖိစီးမှုတွေ သက်သာစေပါတယ်။

ပင်လယ်ကမ်းခြေ

ပင်လယ်ကြီးကို မြင်မြင်ချင်း ကလေးငယ်ဆီမှာ စိတ်ဖိစီးမှုတွေ ရှိတော့မှာ မဟုတ်ပါဘူး။ ပင်လယ်ကမ်းခြေမှာ ရေဆော့တာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာနဲ့ ပင်လယ်စာတွေ မိသားစုလိုက် စားသောက်ကြတာတွေက ကလေးငယ်အတွက် အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရလေးတွေပါ။

နိုင်ငံရပ်ခြား

ကလေးငယ်တွေကို နိုင်ငံခြားခရီးစဉ်ပို့ပေးတာက အတွေးအခေါ်နဲ့ အမြင်တွေ တိုးတက်စေပါတယ်။ လေ့လာသင်ယူမှုအား ပိုကောင်းလာစေပါတယ်။ သူငယ်ချင်း မိတ်ဆွေ အသစ်တွေ ရရှိစေပါတယ်။

မရောက်ဖူးတဲ့ နေရာဒေသများ

ပြည်တွင်းမှာပဲ မရောက်သေးတဲ့ နေရာဒေသတွေကို မိသားစုလိုက် ခရီးထွက်နိုင်ပါတယ်။ ဒေသခံတွေရဲ့ ဖော်ရွေတဲ့အပြုံး၊ လတ်ဆတ်တဲ့ ဒေသထွက်အစားအစာ၊ ရိုးရာအသုံးအဆောင်ပစ္စည်းတွေက ကလေးငယ်ရဲ့ စိတ်ကို ဆွဲဆောင်ထားစေပါတယ်။ မိသားစုနဲ့ပတ်သက်ပြီး ပျော်ရွှင်တဲ့ အမှတ်တရလေးတွေ ကလေးငယ်စီမှာ ကျန်နေရစ်မှာပါ။

ပင်လယ်ကမ်းခြေမှာ ရေဆော့တာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာနဲ့ ပင်လယ်စာတွေ မိသားစုလိုက် စားသောက်ကြတာတွေက ကလေးငယ်အတွက် အဖိုးအဖြတ်နိုင်တဲ့ အမှတ်တရလေးတွေပါ (Photo by mytour)

အားလပ်ရက်မှာ ခရီးထွက်ဖို့ ပြင်ဆင်နေပြီဆိုရင်

  • ကလေးငယ်ကို ဘယ်လိုနေရာတွေ ခရီးထွက်ချင်လဲဆိုတာ အရင်မေးပါ။ သွားမယ့် နေရာဒေသက ဓါတ်ပုံတွေ ပြပေးပါ။ မေမေဖေဖေတို့ရဲ့ ဆုံးဖြတ်ချက်သာမက ကလေးငယ်ရဲ့ သဘောတူညီမှုတွေကိုပါ ရယူသင့်ပါတယ်။
  • ခရီးထွက်တဲ့အခါ တွေ့ရာအစားအစာတွေနဲ့ ရေတွေကို မသောက်သင့်ပါဘူး။ အထူးသဖြင့် ကလေးငယ်ပါမယ့် ခရီးစဉ်တစ်လျှောက်မှာ ရေနဲ့ အစားအစာအတွက် ပြင်ဆင်ခဲ့သင့်ပါတယ်။
  • လမ်းခရီးမှာ ဆောင်ရန်ရှောင်ရန်တွေကို ခရီးမထွက်ခင်ကတည်းက ပြောပြထားသင့်ပါတယ်။
  • ခရီးအစီအစဉ် ဆွဲထားသင့်ပါတယ်။ သွားမယ့်မြို့ကို ရောက်တဲ့အခါ အစီအစဉ်ဆွဲထားတဲ့အတိုင်း လိုက်နာတာက အချိန်ကုန်သက်သာစေပြီး မနှံ့စပ်တာတွေ လိုနေတာတွေ ကင်းစေပါတယ်။
  • မြေပုံဆောင်ထားပါ။ လည်ပတ်မယ့် မြို့ ဒါမှမဟုတ် နိုင်ငံရဲ့ မြေပုံကို ကိုယ်နဲ့မကွာ ဆောင်ထားသင့်ပါတယ်။
  • အရေးပေါ် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ဆေးရုံ၊ ရဲစခန်း စတဲ့ နေရာတွေကိုလည်း သိထားဖို့ လိုအပ်ပါတယ်။

Lactogrow 3 မှ ထူးခြားတဲ့ ပရိုမိုးရှင်းအစီအစဉ်တစ်ခုကို စတင်လိုက်ပါပြီနော်

ဒီပရိုမိုးရှင်းလေးက ဘယ်လိုမျိုးလေးလဲဆိုတော့..
Lactogrow 3 အထုပ်တွေတိုင်းမှာ ခဲခြစ်စတစ်ကာလေးတွေပါဝင်ပြီး အဲဒီနေရာလေးကို ခြစ်လိုက်တာနဲ့ Code လေးတွေကို မြင်ရမှာဖြစ်ပါတယ်။ အဲဒီ Code ကလေးတွေကို စတစ်ကာပေါ်မှာ ဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေဆီကို Message ပို့ပြီး ဖုန်းဘေလ်တွေကို ချက်ချင်းကံစမ်းနိုင်မှာပါ။ ဒါတင်မကသေးဘူးနော် Lactogrow 3 အနေနဲ့ Code နံပါတ် ပေးပို့လာတဲ့ ဖုန်းနံပါတ်တွေကို မှတ်သားထားပြီး Bangkok (Dream World) ခရီးစဉ် သွားရောက်လည်ပတ်ခွင့်ကိုလည်း မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။

ကဲ..ဖုန်းဘေလ်တွေလည်းကံစမ်းရင်း ဘန်ကောက်ခရီးစဉ်မှာ လိုက်ပါခွင့်ရမယ့် အခွင့်အရေးလဲ ရှိသေးတာမို့ Lactogrow 3 ကို အခုပဲ ဝယ်ပြီး ကံစမ်းလိုက်ရအောင်လေနော်။

 

 

 

From Kalay with


Comments

0 comments
Latest video