(၁၈) လအရွယ်မှ စတင်တက်ရောက်နိုင်မယ့် Summer School ဖွင့်လှစ်မည်

by: Khin Nyein Lwin
 0 comments  0 love

အသက်၁၈လအရွယ်မှ စတင်ပြီး (၁၀) နှစ်အထိ ကလေးငယ်များအတွက် Summer School ကို Pingu’s English International Kindergarten မူကြိုကျောင်းမှဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။

 

လာမယ့် မတ်လ (၁၆) ရက်မှ စတင်ပြီး တနင်္လာမှသောကြာအထိ တက်ရောက်နိုင်မည်ဖြစ်ပြီး အချိန်မှာ (half day: 9 am – 12 pm or 1 pm – 4 pm) အထိဖြစ်ပါတယ်။  အသက်အရွယ်အလိုက် တက်ရောက်ရမယ့်အချိန် ကွာခြားသွားမယ်ဖြစ်ပါတယ်။ ဒီ Summer School မှာ ကလေးငယ်များရဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်လာအောင် မွန်းမံပေးခြင်း၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်အောင်ပြုလုပ် ပေးခြင်း၊ ကလေးငယ်များရဲ့စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်ဆောင်ရွက်ပေးခြင်း အစရှိတဲ့ အစီအစဉ်များပါဝင်မည်ဖြစ်ပါတယ်။ Second Language များသင်ကြားရုံတင်မကဘဲ Critical thinking တိုးတက်စေရန်လည်း မွမ်းမံပေးမယ်လို့ သိရပါတယ်။

အရွယ်အလိုက်ပန်းချီဆွဲခြင်း၊ အဖွဲ့လိုက်ကစားခြင်းအစရှိသောကျောင်းသားဗဟိုပြု စာသင်ခန်းအတွေ့အကြုံများလည်း ပါဝင်ပြီး အသက် (၁၈) လမှ (၂) နှစ်အရွယ်များကို စတင်ကျောင်းထားပေးခြင်းဖြင့် စာသင်ခန်းအတွေ့အကြုံကို စောလျှင်စွာရရှိစေခြင်း၊ ကျောင်းမကြောက်တော့ခြင်း၊ ငယ်စဉ်အရွယ် ကတည်းက ပေါင်းသင်းဆက်ဆံရေးကောင်းမွန်လာခြင်း၊ အများနှင့်ဆောင်ရွက်သည့် Sharing System ကိုနားလည်လက်ခံလာခြင်း အစရှိတဲ့ အကျိုးရလာဒ်များကိုရရှိစေမည်ဖြစ်ပါတယ်။

Pingu’s English International Kindergarten မူကြိုကျောင်းက UK ကဖွင့်လှစ်တဲ့ နိုင်ငံတကာအသိအမှတ်ပြုအင်္ဂလိပ်စာမူကြိုကျောင်းဖြစ်ပြီး လက်ရှိတွင်

  • ကျောင်းခွဲ (၁)ကို အမှတ်(၂၆/က)၊ ကမ္ဘောဇရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
  • ကျောင်းခွဲ (၂)ကိုအမှတ်(15-F)၊သံတမန်လမ်း၊ ဒဂုံမြို့နယ် (မြို့မဒဂုံ)၊ ရန်ကုန်မြို့
  • ကျောင်းခွဲ (၃) ကို အမှတ် ၂၁၊ သိပ္ပံလမ်းနှင့် ၅၆,၅၇ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး တို့တွ် ဖွင့်လှစ်ထားပါတယ်။

Summer School နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို  09-975 751 817 (ဗဟန်းကျောင်း) နှင့် 09-953 053 113 (ဒဂုံကျောင်း)၊ 09750190894 (မန္တလေးကျောင်း) သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles