Ovaltine ရဲ့မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ ကျောင်းသားကျောင်းသူများ ပညာသင်ဆုချီးမြှင့်ပွဲ

by: Khin Nyein Lwin
 0 comments  0 love

အနာဂတ်အောင်မြင်မှုများ၊ ဘ၀ရည်မှန်းချက်များကို ပိုမိုထင်ရှားစွာ စိတ်ကူးပုံဖော်နိုင်စေရန် Ovaltineက ယခုပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်

 Ovaltine Myanmar ရဲ့ “အနာဂတ်အောင်မြင်မှုများဆီသို့  Ovaltine နှင့်အတူ စိတ်ကူးပုံဖော်ကြပါစို့” ခေါင်းစဉ်နဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပခဲ့တဲ့ ၂၀၁၈ခုနှစ် အိုဗာတင်း သရုပ်ဖော် ပန်းချီပြိုင်ပွဲ(၂)အတွက် ဆုရရှိခဲ့တဲ့ ကျောင်းသား၊ကျောင်းသူများကို ပညာသင်ဆုကြေးများပေးအပ်တဲ့ အခမ်းအနားကို ဒီဇင်ဘာလ (၈)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲကြီးကိုတော့  သြဂုတ်လ ၁၅ရက်နေ့ မှ နိုဝင်ဘာလ ၁၅ရက်နေ့အထိ ပညာရေးဝန်ကြီးဌာနရဲ့ ထောက်ခံအားပေးမှုနဲ့ အောင်မြင်စွာကျင်းပခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

အောက်တိုဘာလက ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပြီး အထူးအောင်မြင်ခဲ့တဲ့အတွက် ယခုနှစ်ပြိုင်ပွဲမှာတော့ မြန်မာတစ်နိုင်ငံလုံးရှိစာသင်ကျောင်းပေါင်း ၂,၈၀၂ ကျောင်းမှ ကျောင်းသား၊ကျောင်းသူပေါင်း ၂၅၄,၅၆၅ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူများက မိမိတို့ရဲ့ အနာဂတ်အောင်မြင်မှုများ၊ ဘ၀ရည်မှန်းချက်များကို ပိုမိုထင်ရှားစွာ စိတ်ကူးပုံဖော်နိုင်စေရန် ရည်ရွယ်ပြီး Ovaltine က ယခုပြိုင်ပွဲအား ကျင်းပရခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

အတန်းအလိုက် ပြိုင်ပွဲဝင်အုပ်စု သုံးခုမှ အနိုင်ရရှိသူများကို ပညာသင်ထောက်ပံ့ကြေးများ ချီးမြှင့်ပေးခဲ့ပါသည်။

  • သူငယ်တန်းမှ ၂ တန်းထိ၊
  • ၃ တန်းမှ ၅ တန်းထိနှင့်
  • ၆ တန်းမှ ၈ တန်းထိ တို့ဖြစ်သည်။

 ပြိုင်ပွဲဝင်အုပ်စုအလိုက် အနိုင်ရရှိသူ သုံးဦးစီကို ပညာသင်ဆုကြေးအဖြစ်

  • ပထမဆု ၁၀ သိန်းကျပ်
  • ဒုတိယဆု ၅ သိန်းကျပ်နှင့်
  • တတိယဆု ၁ သိန်းကျပ်စီ ပေးအပ်ချီးမြှင်ခဲ့ပါသည်။

ထို့အပြင် ပြိုင်ပွဲဝင်အုပ်စုတစ်ခုချင်းစီမှ စတုတ္တဆုနှင့် ပဉ္စမဆုရရှိသူများအား နှစ်သိမ့်ဆု အနေဖြင့် ၅၀,၀၀၀ ကျပ်စီ ချီးမြှင့်ပေးခဲ့ပါတယ်ဒ

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Comments

0 comments
Latest video
Refer to more useful articles
x