Lactogen 3 ကို Lactogrow 3 နာမည်ဖြင့် အဆင်မြင့်ပုံစံအသစ်နဲ့ ပြန်လည်မိတ်ဆက်ခြင်း အခမ်းအနား

by: Nang Htwe
 0 comments  0 love

Lactogrow 3 ကို အောက်တိုဘာ လဆန်းမှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးက စူပါမားကတ်တွေ၊ ဆေးဆိုင်တွေနဲ့ အရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါပြီ။

Nestlé မှ Lactogen 3 ကို Lactogrow 3 အမည်နဲ့ ပြောင်းလဲပြီး အဆင်မြင့် ပုံစံအသစ်နဲ့ ပြန်လည်မိတ်ဆက်ပွဲကို (၂၀၁၈) အောက်တိုဘာ (၇)ရက်နေ့ Meliá Hotel မှာ  ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပုံစံအသစ်နဲ့ ထုတ်လုပ်ထားတဲ့ Lactogrow 3 ဟာဆိုရင် ဈေးနှုန်းမပြောင်းလဲဘဲ အရင်ကထက် ပိုကောင်းတဲ့ အရည်အသွေး၊ ထုတ်ပိုးမှုတွေနဲ့ စားသုံးသူတွေဆီကို မကြာခင်မှာ ရောက်လာတော့မယ်လို့ Nestlé Myanmar Limited ရဲ့ Business Manager (NIN) မစ္စစ် မိုင်လာ (Ms. Capanzana Michelle Ailah) က ပြော ကြားခဲ့ပါတယ်။

 

Lactogrow 3 အသစ်က အသက်(၂)နှစ်အထက် ကလေးငယ်များအတွက် ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။ ပုံစံအသစ်မှာ အရသာပိုကောင်းလာပြီး ကလေးငယ်များအတွက် လိုအပ်တဲ့ DHA၊ Probiotics L.comfortis၊ HappyNutri၊ ကယ်ဆီယမ် စတဲ့ အာဟာရဓါတ်တွေ ပါဝင်ပါတယ်။ DHA ကတော့ ကလေးငယ်တွေရဲ့ အမြင်အာရုံနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်ပါတယ်။ Lactogrow 3 မှာပါဝင်တဲ့ HappyNutri မှာတော့ ကလေးငယ်တွေ ကြီးထွားဖွံ့ဖြိုးဖို့ မရှိမဖြစ် လိုအပ်နေတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ် (၁၅)မျိုးပါဝင်ပါတယ်။  Lactogrow 3 မှာ အချိုဓါတ် ထပ်ထည့်ထားခြင်း မရှိတာကြောင့် ကလေးငယ်ကို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်ပုံ အလေ့အထတွေ ဖန်တီးပေးလိုတဲ့ မေမေတွေ ရွေးချယ်ပေးသင့်ပါတယ်။ Lactogrow 3 ကို (၆၀၀)ဂရမ် ဗူးများဖြင့် အောက်တိုဘာ လဆန်းမှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးက စူပါမားကတ်တွေ၊ ဆေးဆိုင်တွေနဲ့ အရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါပြီ။

ဒီမိတ်ဆက်ပွဲ အခမ်းအနားမှာ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ Kid talents အစီအစဉ်၊ ဖျော်ဖြေရေး အစီးအစဉ်တွေအပြင် အငြိမ်းစား ပါမောက္ခ ဆရာမကြီး ဒေါ်သက်ထားဝင်း၊ ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်၊ ရုပ်ရှင်သရုပ်ဆောင် မယ်လိုဒီ နှင့် G-Six Beauty Spa တည်ထောင်သူ မသဲသဲတို့မှ ” Grow Happy” ခေါင်းစဉ်နဲ့ ကလေးငယ်များ မည်ကဲ့သို့ ကိုယ်ရောစိတ်ပါ  ကျန်းမာပျော်ရွှင်စွာ ဖွံ့ဖြိုးရန် လိုအပ်ကြောင်း စကားဝိုင်းဖွဲ့ ဆွေးနွေးတဲ့ အစီအစဉ်တွေကိုလည်း ကျင်းပသွားခဲ့ပါတယ်။

အမှတ်တံဆိပ် ပြင်ဆင်မိတ်ဆက်ခြင်း ကျင်းပပွဲ ဆင်နွှဲတဲ့အနေနဲ့ Nestlé Myanmar မှ နိုင်ငံခြားခရီးစဉ် အပါအဝင် တခြားဆုမဲပေါင်းများစွာကိုလည်း ပြုလုပ်ပေးနေပါတယ်။ မေမေတို့အနေနဲ့ ဒီကံစမ်းမဲ အစီအစဉ်ကို စိတ်ဝင်စားတယ်ဆိုရင်  Lactogrow 3 ကိုဝယ်ယူပြီး ခဲခြစ်ပေးပါ။ ဗူးပေါ်က ကုဒ်နံပါတ်ကို အောက်ပါဖုန်းနံပါတ် 09444454547 ဒါမှမဟုတ် 09444454549 တို့ကို စာတိုပို့ပြီး ကံစမ်းနိုင်ပါတယ်။

From Kalay with


Comments

0 comments
Latest video