မြို့ ကြီး သုံးမြို့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ့် Mom & Kalay Fair 2018

by: Nang Htwe
 0 comments  0 love

သီတင်းကျွတ်၊ တန်ဆောင်တိုင်နဲ့ ဒီဇင်ဘာ အားလပ်ရက်မှာ မန္တလေး၊ တောင်ကြီးနဲ့ ရန်ကုန်မှာရှိတဲ့ မိသားစုတွေကို လာရောက်ဆင်နွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

မေမေတို့ရေ သားသားမီးမီးလေးတို့ရဲ့ သီတင်းကျွတ်၊ တန်ဆောင်မုန်းနဲ့ ဒီဇင်ဘာပိတ်ရက်တွေမှာ မိသားစုအလိုက် အပန်းဖြေလို့ရနိုင်မယ့် Mom & Kalay Fair 2018 ပွဲတော်ကြီး ရောက်ရှိလို့လာပါပြီနော်။ မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တို့မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ကြောင်း အောက်တိုဘာလ (၉) ရက်နေ့က Orchid Hotel မှာ စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

Mom & Kalay Fair 2018 ပွဲတော်ကြီးကို

အောက်တိုဘာ (၂၇)ရက်နှင့် (၂၈)ရက်တို့မှာ မင်္ဂလာမန္တလေး outdoor promotion area တွင်ကျင်းပသွားမှာဖြစ်ပြီး တန်ဆောင်တိုင်ကာလ နိုဝင်ဘာ (၂၀)ရက်နဲ့ (၂၁) ရက်မှာတော့ တောင်ကြီးမြို့ city square promotion area မှာ ကျင်းပပြုလုပ်ပေးသွားမှာပါ။ ရန်ကုန်မြို့က သားသားမီးမီးလေးတွေ အတွက်တော့  ဒီဇင်ဘာ (၂၂)ရက်နေ့နဲ့ (၂၃)ရက်နေ့တွေမှာ ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။

“ဒီနေ့ kalay.com.mm ကနေ ပြုလုပ်ကျင်းပမယ့် Mom & Kalay Fair 2018 ပွဲကြီးကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး မြို့ကြီးသုံးမြို့လုံးမှာ တပြိုင်နက်ထဲ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီ Mom & Kalay Fair 2018 ပွဲကြီးမှာဆိုရင်တော့ သားသားမီးမီးတို့နဲ့ ဂေါ်ဇီလာသူငယ်ချင်းများ concept လေးနဲ့ ပွဲကို မိသားစုအလိုက် လာရောက် ပါဝင်ဆင်နွဲလို့ရမယ်။ လာမယ့် ကျောင်းပိတ်ရက်တွေဖြစ်တဲ့ သီတင်းကျွတ်၊ တန်ဆောင်တိုင်နဲ့ ဒီဇင်ဘာ အားလပ်ရက်တွေမှာ မန္တလေး၊ တောင်ကြီးနဲ့ ရန်ကုန်မှာရှိတဲ့ မိသားစုတွေ လာပြီး အပန်းဖြေဆော့ကစားလို့ ရနိုင်ပါတယ်။

ကလေးငယ်ရဲ့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေကို ဆရာဝန်နဲ့ ဆွေးနွေးပေးသွားမယ့်အပြင် ဂိမ်းအစီအစဉ်တွေ၊  ပြပွဲနဲ့ ဖျော်ဖြေပွဲတွေလည်း ပါဝင်ပါမယ်။ ဒီအစီအစဉ်တွေအားလုံးကို မြို့ကြီးသုံးမြို့လုံးမှာ ပြုလုပ်ပေးသွားမှာပါ” လို့ Marry Network Myanmar မှ General Manager မအိအိဖြိုးဇော်ကနေ ပြောကြားသွားခဲ့ပါတယ်။

ဒီပွဲတော်အတွင်း ဆိုင်ခန်းများမှ ဝယ်ယူအားပေးကြတဲ့ မိသားစုတွေကို ဗလာမပါ ကံစမ်းမဲများ ဖောက်ပေးသွားမှာပါ။ ဒါ့အပြင် ပွဲတက်ရောက်လာတဲ့ မိသားစုဝင်တွေကိုလည်း www.kalay.com.mm ကနေ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ Grand Lucky Draw ကံစမ်းမဲ အစီအစဉ်ကိုလည်း ပြုလုပ်ပေးသွားဦးမှာပါနော်။

သားသားမီးမီးလေးတို့အတွက် ဟာသအစီအစဉ်များ၊ အကအစီအစဉ်များ၊ ဖျော်ဖြေရေးအစီအစဉ်များ၊  မျက်လှည့်ပွဲများ၊ ဖက်ရှင်ရှိုးပွဲများ၊ ကျန်းမာရေးဆိုင်ရာ အစီအစဉ်များ၊ ကလေးငယ်နဲ့ မေမေတို့အတူတူ ပါဝင်နိုင်တဲ့ပြိုင်ပွဲများ စတဲ့ အစီအစဉ်ကောင်းတွေ အများကြီးပါဝင်မှာဖြစ်လို့ မေမေနဲ့ သားသားမီးမီးလေးတွေ လာရောက်ဆင်နွှဲဖို့ Kalay ကနေ ဖိတ်ခေါ်လိုက်ပါတယ်။

 

 

From Kalay with


Comments

0 comments
Latest video