မေမေတို့ရေ ပြီးခဲ့တဲ့ နိုဝင်ဘာ (၂၂)ရက်နဲ့ (၂၃)ရက်နေ့တွေမှာ kalay.com.mm ကနေ Kalay Zay ပွဲတော်ကြီးကို Junction City (Side Atrium Hall) မှာ အောင်အောင်မြင်မြင်နဲ့ ကျင်းပပေးနိုင်ခဲ့ပါတယ်။ Kalay Zay ပွဲတော်ကြီးမှာ အထူးအစီအစဉ်အနေနဲ့ Up to 50 % အထိ ဘယ်မှာမှမရနိုင်တဲ့ အထူးလျှော့ဈေးများနဲ့ ရောင်းချခဲ့တာကြောင့် မေမေတို့ပျော်ရွှင်စွာ ဝယ်ယူအားပေးခဲ့ကြပါတယ်။
Kalay Zay ပွဲတော်ကြီးမှာ
Biogesic၊ alphanutri၊ Baby Zawgyi၊ Plume Small Baby၊ Kids Plus Branded Kids Fashion၊ Care Daily Myanmar ၊ Kids Plus Myanmar၊ NatureLand၊ Pepco၊ Plume၊ EnerVon-C Kids၊ Solmux စတဲ့ ကုမ္မဏီကြီးတွေ ပါဝင်ရောင်းချပေးခဲ့ပါတယ်။ လက်ဆောင်တွေအပြင် buy one get one အစီအစဉ်တွေပါ ပါဝင်ခဲ့တာကြောင့် ဈေးဝယ်လာတဲ့ မေမေတွေအားလုံး ပျော်ရွှင်ခဲ့ပါတယ်။
အထူးအစီအစဉ်အနေနဲ့ ဈေးဝယ်လာသူအားလုံးကို
kalay ကနေ ကံစမ်းမဲတွေ ထပ်ဆင့်ဖောက်ပေးခဲ့သလို အထူး Lucky Draw အစီအစဉ်အနေနဲ့ မကြာခင်မှာ ပြသတော့မယ် ကလေးလူကြီးအားလုံးကြိုက်နှစ်သက်တဲ့ ကမ္ဘာကျော် Frozen 2 ဇာတ်ကား Movie Ticket တွေလည်း ပါဝင်ခဲ့ပါတယ်။ Frozen 2 ဇာတ်ကား Movie Ticket ကံထူးရှင်အမြောက်အမြား ပေါ်ထွက်လာခဲ့ပါတယ်။ တစ်သောင်းနဲ့ အထက် ဝယ်ယူသူတိုင်းကို Lucky Draw အစီအစဉ်များ ဖောက်ပေးခဲ့တာပါ။ မေမေတို့အတွက် အရည်အသွေးမြင့်တဲ့ ပစ္စည်းတွေကို တစ်နေရာထဲမှာ စုံစုံလင်လင်ဝယ်ယူရရှိနိုင်ခဲ့တဲ့ ပွဲတော်ကြီးပါပဲ။
Kalay Zay ပွဲတော်ကြီးမှာ ပါဝင်ခဲ့တဲ့ ကုမ္မဏီကြီးတွေနဲ့ လာရောက်ပါဝင်ဆင်နွှဲပေးခဲ့တဲ့ မေမေတို့ကိုလည်း Kalay ကနေ အထူးကျေးဇူးတင်ရှိပါတယ်။
Comments