မေမေတို့နဲ့ သားသားမီးမီးတွေအတွက် လက်မလွတ်သင့်တဲ့ Kalay Family Fun Fair 2019

by: Nang Htwe
 0 comments  0 love

ေ မေမေတို့အားလုံးအတွက်ကော ကလေးတွေအတွက် လိုအပ်တာတွေကို တစ်နေရာထဲမှာ ဝယ်ယူလို့ရမယ့်အပြင် အနုပညာရှင်များကိုယ်တိုင်ရောင်းချပေးမယ့် ဆိုင်ခန်းတွေလည်း ပါဝင်သွားမယ့် Kalay Family Fun Fair 2019 ပွဲကြီးပါနော်

မင်္ဂလာပါ မေမေတို့ရေ။ ဘာလိုလိုနဲ့ (၂၀၂၀) ကို ရောက်လာတော့မှာပါ။ ဒီလို နှစ်ကူးအချိန်အခါ နီးလာပြီဖြစ်တာကြောင့် ကမ္ဘာတစ်ဝှမ်းလုံးမှာ ပွဲတော်တွေ အပြိုင်အဆိုင် ခြိမ့်ခြိမ့်သဲ ကျင်းပြနေကြပါပြီ။ နှစ်ကူးခါနီး ကမ္ဘာတစ်ဝှမ်းလုံးမှာ ထင်ရှားတဲ့ ပွဲတော်တွေကတော့ နိုဝင်ဘာ (၁၁)မှာ (11.11 sale)၊ နိုဝင်ဘာ (၂၉)မှာ Black Friday၊ ဒီဇင်ဘာမှာတော့ ခရစ်စမတ်အကြိုပွဲတော်တွေနဲ့ နှစ်ကူး တို့ပါ။ လျှော့ဈေးတွေ၊ ရာခိုင်နှုန်း (%)၊ တစ်ခုဝယ်တစ်ခုရ ဈေးသက်သာချိန်လည်း ဖြစ်တာမို့ တစ်နှစ်သာ လိုအပ်တဲ့ ပစ္စည်းတွေကို အခုလိုအချိန်မျိုးမှာ ဝယ်ယူထားကြပါတယ်။

လာမယ့် ဒီဇင်ဘာ (၇)နဲ့(၈)ရက်နေ့မှာတော့ kalay.com.mm ရဲ့ အထူးဈေးရောင်းပွဲတော်ကြီးကို

ပြည်သူ့ရင်ပြင် (ကွင်း ၁) မှာ ဦးစီးကျင်းပမှာ ဖြစ်ပါတယ်။ ကလေးအသုံးအဆောင်ပစ္စည်းအစုံအလင်၊ အိမ်အသုံးအ‌ဆောင်ပစ္စည်းတွေ၊ ယုံကြည်စိတ်ချရတဲ့ စားသောက်ကုန်ပစ္စည်းတွေနဲ့ အဝတ်အထည် အလှကုန် အမျိုးမျိုးတွေကို တစ်နေရာထဲမှာ ဝယ်ယူလို့ရရှိမယ့် မိသားစုပွဲတော်ကြီးဖြစ်ပါတယ်။ လျှော့ဈေးတွေ၊ ရာခိုင်နှုန်း (%)တွေအပြင် Buy one Get one အစီအစဉ်တွေ လည်းရှိတာကြောင့် တစ်နှစ်စာအတွက် ဝယ်ယူဖို့ အကောင်းဆုံးပါ။

ကလေးငယ်အတွက် အရည်အသွေးမြင့် ဒိုက်ပါ(diaper)၊ အဝတ်အစား၊ အနှီး၊ ကျန်းမာရေးဆေးဝါးပစ္စည်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းတွေဖြစ်တဲ့ ပေါင်ဒါမှုန့်၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ baby oil၊ အဝတ်လျှော်ဆပ်ပြာရည် တို့အပြင် မရှိမဖြစ် ကလေးအသုံးအဆောင်ပစ္စည်းတွေကို တစ်နေရာထဲမှာ စုံစုံလင်လင် ဝယ်ယူလို့ရနိုင်ပါပြီ။ ဒီလိုမျိုး ဈေးသက်သာနေတုန်းမှာ ကလေးငယ်အတွက် အသုံးအဆောင် ပစ္စည်းတစ်နှစ်စာ ဝယ်ယူထားသင့်တဲ့အချိန်လေးပါ။

ကိုယ်ဝန်စရှိချိန်ကစပြီး ကလေးပစ္စည်းတွေကို တစ်ခုချင်းဝယ်စုကြပါတယ်။ အခု kalay ကနေ ဦးစီးကျင်းပမယ့် မိသားစုပွဲတော်ကြီးမှာ ဗိုက်ဗိုက်တို့ ဝယ်မယ့် ကလေးပစ္စည်းတွေ တစ်နေရာထဲမှာ စုံစုံလင်လင်ရရှိမှာ ဖြစ်ပါတယ်။ တစ်နေရာထဲမှာပဲ စုံစုံလင်လင်ဝယ်ယူလို့ ရနိုင်တာကြောင့် ကလေးပစ္စည်း စုဆောင်းတာနဲ့ ပတ်သက်ပြီး သက်တောင့်သက်သာဖြစ်သွားစေမှာ အမှန်ပါပဲ။

မေမေတို့အတွက်လည်း အိမ်သုံးပစ္စည်းနဲ့ အလှကုန် ပစ္စည်းတွေကို တစ်နေရာထဲမှာ ဈေးနှုန်းချိုသာစွာနဲ့ ဝယ်ယူနိုင်ပါတယ်။  မိသားစုပွဲတော်မှာ ရောင်းချမယ့် ပစ္စည်းတွေဟာဆိုရင် အရည်အသွေးကောင်းပြီး ကျန်းမာရေးထောက်ခံချက် အပြည့်အဝရရှိထားတဲ့ ပစ္စည်းတွေ ဖြစ်လို့ မေမေတို့အားလုံးပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ပါရစေ။

မေမေတို့နဲ့ အတူ လိုက်ပါလာမယ့် သားသားမီးမီးလေးတွေ မပျင်းရလေအောင် ကစားကွင်းတွေကိုလည်း စီစဉ်ပေးထားဦးမှာပါ။ မေမေတို့ အေးအေးဆေးဆေးဈေးဝယ်လို့ရနိုင်တာပေါ့နော်။ ပျော့ပျောအိအိ ကစားကွင်း၊ အရုပ်ကောက်စက်၊ ဘောလုံးကစားကွင်း တို့ကိုလည်း ထားရှိပေးသွားဦးမှာပါ။ ကလေးငယ်ကို အလွန်ပျော်မယ်လို့ အာမခံ ပါတယ်နော်။ ဈေးဝယ်ထွက်ရင်း မေမေနဲ့ သားသားမီးမီးလေးတွေ ဗိုက်ဆာတဲ့အခါမှာ အသင့်စားနိုင်တဲ့ မုန့်ဈေးတန်းအစုံအလင်တွေလည်း ပါဝင်ဦးမှာပါ။

ကလေးငယ်ရဲ့ ပင်ကိုယ်အရည်အချင်းကို ထုတ်ပြခွင့်ရမယ့် Kids Fashion Show  နဲ့ ဂိမ်းကစားပွဲတွေလည်း ပါရှိပါသေးတယ်။ နိုင်ငံကျော်အနုပညာတွေ လာရောက် ဖျော်ဖြေပေးမယ့် အစီအစဉ်တွေလည်း ရှိပါတယ်။ ဝိုး.. တစ်နေရာထဲမှာ စုံစုံလင်လင်ပါပဲ မေမေတို့ရေ။ မေမေတို့ကော သားသားမီးမီးလေးတွေပါချစ်တဲ့ ဆယ်လီတွေနဲ့ တွေ့ဆုံရမယ့် အစီအစဉ်တွေလည်း ရှိတာမို့ Kalay ရဲ့  မိသားစု အထူးဈေးရောင်းပွဲတော်ကြီးဆီကို လာရောက်ဖို့ မေမေတို့အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။

ပွဲတော်ကြီး ကျင်းပမယ့်အချိန်နဲ့ တည်နေရာကတော့

၇.၁၂.၂၀၁၉ (စနေ) မှ ၈.၁၂.၂၀၁၉ (တနင်္ဂနွေ)အထိ နေရာကတော့ ပြည်သူ့ရင်ပြင် (ကွင်း ၁) ဖြစ်ပြီး မနက် (၉) နာရီ မှ ည (၉) နာရီ အထိ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x