မေမေနဲ့ကလေးတို့အတွက် Johnson’s Baby ရဲ့ဖော်မြူလာအသစ်နဲ့ Product အသစ်

by: Nang Htwe
 0 comments  2 love

Johnson’s Baby ပစ္စည်းတွေဟာဆိုရင် ကလေးငယ်တွေရဲ့ အသားအရည်ကို အန္တရာယ်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေ လုံးဝမပါဝင်တာကြောင့် မေမေတို့ စိတ်ချစွာ ရွေးချယ်ပေးနိုင်ပါတယ်

မေမေတို့ရေ ကလေးငယ်လေးရဲ့ အသားအရည်က နူးညံ့လွန်းပြီး အထိအခိုက်လွယ်တဲ့ အသားအရည်လေးတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကလေးငယ်ရဲ့ အသားအရည်နဲ့ ထိတွေ့တဲ့ အရာမှန်သမျှ ဘေးကင်းပြီး စိတ်ချရဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ကလေးငယ်တွေအတွက်  နေ့စဉ်သုံးပေးနေတဲ့ ပစ္စည်းတွေဖြစ်တဲ့ ခေါင်းလျှော်ရည်၊ ကိုယ်တိုက်ဆပ်ပြာ၊ Baby Oil၊ ပေါင်ဒါ အစရှိတဲ့ baby products တွေက လုံခြုံစိတ်ချရမှု အပြည့်အဝ ရှိနေသင့်ပါတယ်။ 

Johnson’s Baby ဟာဆိုရင်

 မေမေတို့ရဲ့ ရင်သွေးငယ်လေးတွေအတွက် အသက်အရွယ်အလိုက် သီးသန့်ထုတ်ထားတဲ့ Baby Products ပစ္စည်းတွေဖြစ်ပါတယ်။ ကလေးတွေရဲ့ အသက်အရွယ်အလိုက် သီးသန့်ထုတ်ထားပြီး အခုဆို ပိုကောင်းတဲ့ဖော်မြူလာအသစ်နဲ့ ထုတ်ပိုးမှုပုံစံအသစ်တွေကြောင့် မေမေတို့ရဲ့ ကလေးငယ်လေးတွေနဲ့ Johnson’s Baby က အထူးကိုက်ညီနေမှာ အသေချာပဲမို့ မေမေတို့ စိတ်ချလက်ချ ရွေးချယ်ပေးနိုင်ပါတယ်။

ကလေးငယ်အတွက် အသုံးအဆောင်ပစ္စည်းတွေ ရွေးချယ်တဲ့အခါမှာ ရှောင်ရမယ့်အရာတွေလည်းရှိနေပါတယ်။ မေမေတို့သိထားတဲ့အတိုင်း ကလေးငယ်ရဲ့ အသားအရည်က လုံးဝ အထိအခိုက်မခံပါဘူး။ နောက်ပြီး တချို့အနံ့တွေက ကလေးငယ်တွေနဲ့ လုံးဝအဆင်မပြေပါဘူး။ အထူးသဖြင့်  ဆာလဖိတ်၊ ပါရာဘင်၊ ပတ်သလိတ်တို့လို ဓာတုပစ္စည်းတွေကို လုံးဝရှောင်ရှားရပါမယ်။  ဒီ့အတွက်တော့ Johnson’s Baby ပစ္စည်းတွေဟာဆိုရင် ကလေးငယ်တွေရဲ့ အသားအရည်ကို အန္တရာယ်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေ လုံးဝမပါဝင်တာကြောင့် မေမေတို့ စိတ်ချစွာ ရွေးချယ်ပေးနိုင်ပါတယ်။

Johnson’s Baby က အကောင်းဆုံးနဲ့ အနူးညံ့ဆုံး ကလေးပစ္စည်း (baby products) တွေ ထုတ်လုပ်တဲ့ ကမ္ဘာကျော်ကုမ္မဏီဖြစ်ပါတယ်။ နိုင်ငံအသီးသီးက မေမေတွေရဲ့ ယုံကြည်စိတ်ရမှု၊ ထောက်ခံချက်နဲ့ အသိအမှတ်ပြုခြင်းတွေကိုလည်း ရရှိထားပါတယ်။ ကလေးပစ္စည်းဝယ်ယူတဲ့အခါ မေမေတို့မှာ အခက်အခဲတွေ အများကြီးကြုံရပါတယ်။ အဓိကပြဿနာကတော့ baby product တွေကို ရင်သွေးငယ်လေးရဲ့ ဘယ်အရွယ်အတွက် ထုတ်ထားတယ်ဆိုတာ မကွဲပြားတာပါ။ ဥပမာ အသက်(၅)လကျော်အတွက် ထုတ်ထားတဲ့ ပစ္စည်းကို မွေးကင်းစအချိန်မှာ သွားသုံးမိတာမျိုး ဒါမှမဟုတ် ကလေးမွေးနေ့ပွဲတွေမှာ လက်ဆောင်ပေးတဲ့အခါ အသက်အရွယ်မှားယွင်းပေးတာမျိုး မကြာခဏ ကြုံရပါတယ်။ ဒီလိုမှားယွင်းကြုံရတဲ့ ပြဿနာကို Johnson’s Baby က ကူညီဖြေရှင်းပေးမှာပါ။   Johnson’s Baby ပစ္စည်းတွေရဲ့ ဗူးတွေပေါ်မှာ အသုံးပြုရမယ့်အသက်အရွယ် မွေးကင်းစအရွယ်၊ လမ်းလျှောက်တတ်စအရွယ်၊ အရွယ်ရောက်ပြီးကလေးငယ် စတဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှု အဆင့်ဆင့် ပုံလေးတွေနဲ့ ဖော်ပြထားတာကြောင့်လည်း ရင်သွေးငယ်လေးရဲ့ အသက်အရွယ်လိုက် အလွယ်တကူရွေးချယ်နိုင်ပါတယ်။

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x