သားသားမီးမီးတို့ အာဟာရပြည့်ဝဖို့အတွက် ကျွေးသင့်တဲ့ အစားအစာအုပ်စုများ

by: Khin Nyein Lwin
 0 comments  0 love

သားသားမီးမီးတို့ အသက်အရွယ်ကြီးလာတဲ့အခါ အာဟာရပြည့်ဝဖို့ ကျွေးသင့်တဲ့ အစားအစာအုပ်စုတွေ ရှိတာမို့ ဖော်ပြပေးလိုက်ပါတယ်နော်

မေမေတို့ရေ သားသားမီးမီးလေးတွေ မွေးတဲ့အချိန်ကစလို့ အာဟာရ ဖြစ်စေဖို့အတွက် ကျွေးသင့်တဲ့ အစာအာဟာရတွေ အများကြီးပါပဲနော်။ မွေးကင်းစလေးတွေမှာတော့ မေမေတို့ရဲ့ နို့ကတော့ အကောင်းဆုံးပေါ့နော်။ အသက်(၆) လက စလို့ ဖြည့်စွက်စာလေးတွေ စတင်ကျွေးလို့ရပါပြီ။ ဒီလို ဖြည့်စွက်စာအရွယ်ကနေမှ တဖြည်းဖြည်းနဲ့ အစာမာမာတွေ စားလို့ ရသည်အထိ ကြီးပြင်းလာကြမှာပါ။ သားသားမီးမီးတို့ အသက်အရွယ်ကြီးလာတဲ့အခါ အာဟာရပြည့်ဝဖို့ ကျွေးသင့်တဲ့ အစားအစာအုပ်စုတွေ ရှိတာမို့ ဖော်ပြပေးလိုက်ပါတယ်နော်။

တစ်ရက်မှာ (၂ ) ကြိမ် အဆီထုတ်ထားတဲ့အသား၊ကြက်၊ငါး စားပွဲဇွန်း (၁)ဇွန်းမှ (၃) ဇွန်း၊ ပဲအမျိုးမျိုး စားပွဲဇွန်း (၄) ဇွန်းမှ (၅) ဇွန်း၊ ကြက်ဥတစ်လုံး၊ အဆီ တစ်ရက်ကို (၃) ကြိမ်မှ (၄) ကြိမ်၊ ထောပတ်နဲ့ အဆီများ လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ကျွေးနိုင်ပါတယ်။

ကယ်လ်စီယမ်

အရိုးအဆစ်သန်မာစေတဲ့ အာဟာရဓါတ်တွေထဲက တစ်ခုပါ။ ကယ်လ်စီယမ် ဓါတ်ရရှိမယ်ဆိုရင် အရိုးပျော့ခြင်း၊ အရိုးကြွပ်ဆတ်တာနဲ့ အရိုးအားနည်းတာတွေ မဖြစ်နိုင်တော့ပါဘူး။ အဆီဓါတ်နည်းတဲ့ အစားအစာ၊ အဆီထုတ်ထားတဲ့ နွားနို့ သောက်သုံးတာက ခန္ဓာကိုယ်က စားသမျှ အစားအစာတွေထဲက ကယ်လ်စီယမ် စုပ်ယူမှုကို အားကောင်းစေပါတယ်။ ဒိန်ချဉ်၊ ဆယ်လ်မွန်ငါးနဲ့ ချိစ်တွေကလည်း ကယ်လ်စီယမ်ဓါတ်ကို ပေးစွမ်းနိုင်ပါတယ်။

ဗီတာမင် K

ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်စေတဲ့ အစာအာဟာရဓါတ်တွေကထဲပါ။ ဗီတာမင် K ဟာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကိုလည်း အလွန်ကောင်းမွန်စေတဲ့ အရာပါ။ မူမမှန် သွေးယိုစီးတာတွေကို ကာကွယ်ပေးပါတယ်။ နှလုံးအားကောင်းခြင်း၊ အရိုးအားနည်းခြင်း၊ သွားများ ကြံခိုင်သန်မာစေပြီး ကင်ဆာရောဂါ ဖြစ်ပွားတာကိုလည်း ဟန့်တားပေးနိုင်ပါတယ်။ ဟင်းနုနွယ်၊ ကိုက်လန်၊ ဂေါ်ဖီ၊ ကညွတ်ရိုး၊ မြေပဲ၊ ဖရုံစေ့နဲ့ ဘယ်ရီသီးတွေ ကျွေးနိုင်ပါတယ်။

အမျှင်ဓါတ်ကလည်း

အစာခြေစနစ်ကို ကောင်းစေတာမို့ မဖြစ်မနေ စားဖို့လိုပါတယ်။ အမျှင်ဓါတ်ကိုတော့ အသီးများနဲ့ အစိမ်းရောင်အရွက်ရှိတဲ့ ဟင်းသီးဟင်းရွက်ကနေ ရရှိနိုင်ပါတယ်။အသား၊ ငါးနဲ့ ဥအမျိုးမျိုးကတော့ ခန္ဓာကိုယ်ကြီးထွားစေပြီး ပရိုတင်းဓါတ်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဦးနှောက်ဖွံ့ဖြိုးစေတဲ့ အာဟာရဓါတ်တွေ ဖြစ်တဲ့ သံဓါတ်၊ ပိုတက်စီယမ်တွေလည်း ကျွေးရမှာပါနော်။ ငှက်ပျောသီး၊ အစေ့အဆံများ၊ ပဲအမျိုးမျိုးတို့ကို ကျွေးပေးပါနော်။

Lactogen 3 မှာ L.comfortis က (၂)နှစ် နဲ့ အထက်အရွယ် ကလေးတွေအတွက် ညီညွတ်မျှတစွာ ဖော်စပ်ထုတ်လုပ်ထားတဲ့ နို့မှုန့််ဖြစ်ပါတယ်။ အသစ်မွမ်းမံထားတဲ့ ဖော်စပ်မှုမှာတော့ ကလေးတွေရဲ့ တနေ့တာကို ပျော်ရွှင်စွာ စတင်စေနိုင်တဲ့ မှန်ကန်တဲ့ အာဟာရပေါင်းစပ်မှုများစွာ ပါဝင်ပါတယ်။ Lactogen 3 , Happy Nutri တို့တွင်  L.comfortis တစ်နည်းအားဖြင့် လတ်တိုဘက်ဆစ်လပ်ရူတရိုင်းကဲ့သို့ ခန္ဓာကိုယ်အတွက် အထူးအကျိုးပြုတဲ့ အာဟာရဓါတ်များ ပါဝင်တာကြောင့် ကလေးငယ်ရဲ့ ဖွံ့ဖြိုးဆဲ အစာချေစနစ်ကို အထောက်အကူပြုပြီး ဝမ်းဗိုက် မအီမသာဖြစ်ခြင်းကို လျှော့ကျစေတဲ့အပြင် သက်တောင့်သက်သာရှိစေပါတယ်။

 

From Kalay with


Comments

0 comments
Latest video