အမေများကို အမြတ်တနိုးရှိကြသူများအတွက် ‘ အမေများနေ့ ‘

by: Khin Nyein Lwin
 0 comments  0 love

အမေများနေ့မှာ အားလုံးသော မေမေများ ကျန်းမာပျော်ရွှင်ကြပါစေလို့ Kalay မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်

မေမေတို့ရေ ဒီကနေ့ (၂၀.၁.၂၀၁၉) ရက်နေ့ ပြာသိုလပြည့်နေ့လေးက မြန်မာပြည်မှာဆိုရင်တော့ မေမေများအားလုံးကို ချစ်ခင်မြတ်နိုးတဲ့သူတိုင်းအတွက် အမေများနေ့ပဲ ဖြစ်ပါတယ်။ ကမ္ဘာတဝန်းမှာတော့ မေလရဲ့ ဒုတိယမြောက်တနင်္ဂနွေနေ့ကို မေမေများနေ့လို့ သတ်မှတ်ထားပါတယ်။  မေမေတို့ ကိုယ်တိုင်လည်း အခုချိန်မှာ မေမေလောင်းများ နဲ့ မေမေဘဝကို ရောက်ရှိနေတဲ့သူများဖြစ်တဲ့အတွက် ကိုယ့်မေမေတွေကို အထူးသတိရချစ်ခင်မြတ်နိုးနေကြမယ်လို့လည်း ယုံကြည်ပါတယ်။

Imgae : Pakistan Today

ကိုယ်တိုင်ကိုယ်ဝန်ဆောင်ရတဲ့အချိန်မှာ

တကယ့်နံပါတ်တစ်သတိရမိတဲ့သူတွေကတော့ ကိုယ့်မေမေတွေပဲ ဖြစ်မှာပါ။ ကိုယ့်မေမေတွေရဲ့ ချစ်ခြင်းတွေကိုလည်း ကိုယ်တိုင် ကိုယ်ဝန်ဆောင်နေရတဲ့အချိန်မှာ ပိုလို့တောင် ကျေးဇူးတင်နေမိမှာပါ။ ကိုယ်ဝန်ဆောင်ပြီး ကျန်းမာပျော်ရွှင်တဲ့ ကလေးလေးကို မွေးဖွားဖို့ဆိုတာ မေမေတိုင်းရဲ့ ထပ်တူညီတဲ့ဆန္ဒဖြစ်လို့ ကိုယ့်ကိုမွေးခဲ့တဲ့ မေမေတုန်းကလည်း ဒီလိုအတွေးတွေ ထပ်တူညီခဲ့ကျမှာပါ။

 ဒါပေမယ့် အမေများနေ့ရယ်လို့ အထူးတလည်သတ်မှတ်ထားမှ မဟုတ်ပါဘူး

နေ့တိုင်းနေ့တိုင်း အမေ့ကျေးဇူးကိုအောက်မေ့နေကြသင့်ပါတယ်။  အမေ့ကိုချစ်ကြောင်းနေ့တိုင်းပြောသင့်တယ်။ အမေ့ကိုနေ့တိုင်းပျော်ရွှင်အောင်ထားသင့်ပါတယ် ။ မေမေသက်ရှိထင်ရှား ရှိနေသေးတဲ့သူတွေက အမေ့ကိုနေ့တိုင်းရှိခိုးကန်တော့သင့်တယ်။ တကယ်တော့လည်း လတိုင်း၊ လတိုင်းရဲ့ နေ့ရက်တိုင်းဟာ အမေများနေ့တွေ ဖြစ်သင့်ပါတယ်နော်။

နေ့ရက်တိုင်းက အမေများနှင့်အဖေများနေ့ ပါပဲ။ ဒါပေမယ့် ယခုလို အမေများ အားလုံး ကို ဂုဏ်ပြု ဖို့ သတ်မှတ်ထားတဲ့နေ့ကိုတော့ အမှတ်တရလေး တခုလောက်ဖန်တီးပေးပြီး မေမေများအားလုံးကို ပျော်ရွှင်စေလိုက်ရအောင်နော်။

 

From Kalay with

Comments

0 comments
Latest video