ၾသစေၾတးလ် နိုင်ငံရဲ့ COVID-19 နောက်ဆုံးရသတင်းတွေထဲမှာ ငါးလသားကလေးငယ် ကူးစက်ခံရတယ်လို့သိရပါတယ်။ သြစတြေးလျ နိုင်ငံ အနောက်ပိုင်း ပြည်နယ် (၂၅၅)ခုမှာ COVID-19 ကူးစက်မှု (၂၄)ခု ရှိခဲ့ပါတယ်။ (၂၄)ခုမှာ (၁၁)ခုက the Ruby Princess, Ovation of the Seas, Voyager of the Seas နဲ့ Celebrity Solstice စတဲ့ ဇိမ်ခံသင်္ဘောကြီးတွေမှာ အလုပ်လုပ်နေတဲ့ သင်္ဘောသားတွေ ကူးစက်ခံရတာ ဖြစ်ပါတယ်။ ပြည်နယ်တစ်ခုရဲ့ သတင်းအချက်အလက်အရ COVID-19 လက္ခဏာပြပြီး (၄၈)နာရီအတွင်း သေဆုံးတဲ့ အဖြစ်အပျက် တစ်ခုရှိခဲ့ပါတယ်။

ငါးလအရွယ်ကလေးငယ် သြစတြေးလျတွင် COVID-19 ကူးစက်ခံရ (Photo by stock image)
သြစတြေးလျ အနောက်ပိုင်း ပြည်နယ်တစ်ခုက အငြိမ်းစားတစ်ယောက် အပန်းဖြေခရီးထွက်ပြီးနောက် COVID-19 ကူးစက်ခံရတာ ပြီးခဲ့တဲ့ သောကြာနေ့က သေဆုံးသွားတယ်လို့ သိရပါတယ်။ ဒါဟာ ဒုတိယမြောက် အငြိမ်းစားတစ်ယောက် သေဆုံးခြင်းလည်း ဖြစ်ပါတယ်။

ဇိမ်ခံသင်္ဘောကြီးတွေမှာ အလုပ်လုပ်နေတဲ့ သင်္ဘောသားတွေ ကူးစက်ခံရတာ ဖြစ်ပါတယ် (Photo by gettyimage)
သြစတြေးလျ အနောက်ပိုင်း လတ်တလောရောဂါကူးစက်ခံရမှု (၂၄)ခုမှာ အသက်(၅)လမှ (၈၂)နှစ်အတွင်း ယောက်ျားလေး (၁၁)ယောက်နှင့် အမျိုးသမီး (၁၃)ဦးတို့ ပါဝင်ပါတယ်။ သူတို့နဲ့ ရင်းနှီးဆက်သွယ်နေတဲ့သူတွေကို အခု လိုက်လံစုံစမ်းစစ်ဆေးနေပါတယ်။ COVID-19 ပျံ့နှံ့ လာမှာကို သြစတြေးလျ အစိုးရအနေနဲ့ စိုးရိမ်တာကြောင့် ခရီးသည် (၉၀၀) လိုက်ပါလာတဲ့ အပျော်စီးသင်္ဘောဆိုက်ရောက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ COVID-19 ဖြစ်ပွားရာဒေသကနေ စွန့်ခွာသူတွေကို သြစတြေးလျ အစိုးရက ဒဏ်ငွေ ငါးသောင်း ချမှတ်ခဲ့ပါတယ်။
Source: dailymail
Comments