Family Fun Fair မှာ ဆိုင်ခန်းပါဝင်ရောင်းချပေးမယ့် နာမည်ကျော် အနုပညာရှင်များ

by: Nang Htwe
 0 comments  0 love

ဒီဇင်ဘာ (၇)ရက်နဲ့ (၈)ရက်နေ့မှာ ကျင်းပမယ့် Family Fun Fair မိသားစုပွဲ‌တော်ဆီကို လာရောက်ဖို့ ဖိတ်ခေါ်ပါရစေ။ နေရာလေးကတော့ ပြည်သူ့ရင်ပြင် (ကွင်း၁) မှာနော်

မေမေတို့ရေ လာမယ့်ပိတ်ရက် စနေ၊ တနင်္ဂနွေ အားလပ်ရက်မှာ Kalay.com.mm ကနေ ဦးစီးကျင်းပမယ့် Family Fun Fair မိသားစုပွဲ‌တော်ဆီကို လာရောက်ဖို့ ဖိတ်ခေါ်ပါရစေ။ ပြည်သူ့ရင်ပြင် (ကွင်း၁)မှာ ကျင်းပမှာဖြစ်တာကြောင့် မေမေတို့ကော သားသားမီးမီးလေးတွေပါ လာရောက်ဖို့ လွယ်ကူပါတယ်။ အပန်းဖြေရင်း ဈေးဝယ်လို့လည်း ရတာပေါ့နော်။

ဒီပွဲတော်မှာ ကလေးအသုံးအဆောင်ပစ္စည်းအစုံအလင်၊ အိမ်အသုံးအ‌ဆောင်ပစ္စည်းတွေ၊ ယုံကြည်စိတ်ချရတဲ့ စားသောက်ကုန်ပစ္စည်းတွေနဲ့ အဝတ်အထည် အလှကုန် အမျိုးမျိုးတွေကို တစ်နေရာထဲမှာ ဝယ်ယူလို့ရရှိမယ့် မိသားစုပွဲတော်ကြီးဖြစ်ပါတယ်။ လျှော့ဈေးတွေ၊ ရာခိုင်နှုန်း (%)တွေအပြင် Buy one Get one အစီအစဉ်တွေ လည်းရှိတာကြောင့် တစ်နှစ်စာအတွက် ဝယ်ယူဖို့ အကောင်းဆုံးပါ။ ဒီ Family Fun Fair မိသားစုပွဲ‌တော်ရဲ့ ထူးခြားချက်ကတော့ ကိုယ်ချစ်တဲ့ဆယ်လီ၊ သရုပ်ဆောင်၊ အဆိုတော်တွေနဲ့ ဒီဇိုင်နာတွေကိုယ်တိုင် ပါဝင်ရောင်းချသွားမှာပဲဖြစ်ပါတယ်။

နာမည်ကျော်အဆိုတော် Htike Htike က Accessories တွေပါဝင်ရောင်းချပေးသွားမှာဖြစ်ပြီး ကလေးဆယ်လီ Chaung Chaung က အစားအသောက်တွေ လာရောက် ရောင်းချပေးသွားမှာပါ။ နောက်ပြီး ပရိတ်သတ်အချစ်တော် Thinzar Myint Mo တို့ ချစ်သူစုံတွဲက Family Fun Fair မှာ အစားအသောက်တွေကို ရောင်းချပေးသွားဦးမှာပါ။

ဂျူးချစ်သဉ္စာ

မေမေတို့အားလုံးချစ်တဲ့ နာမည်ကျော် social Influencer Jue Chit Thinzar ရဲ့  Curvy Waist Trainer လေးတွေကို ဒီ Family Fun Fair မှာ လာရောက်ဝယ်ယူနိုင်ပါပြီ။ Curvy Waist Trainer လေးတွေကို ဆိုင်ခန်းနံပါတ် no.A8 မှာလာ‌ရောက်ဝယ်ယူနိုင်ပါပြီ။

ဖြိုးမေ

Presenter Phyo May က မေမေတို့အားလုံးအတွက် အဝတ်အစားတွေ လာရောက် ရောင်းချ‌ပေးသွားမှာဖြစ်ပြီး ဆိုင်ခန်းနံပါတ်ကတော့ no. B11 ဖြစ်ပါတယ်။

ထိုက်ထိုက်

အဆိုတော် Htike Htike ရောင်းချပေးမယ့် Accessories တွေကိုတော့ ဆိုင်ခန်းနံပါတ် A7 မှာ ဝယ်ယူနိုင်ပါတယ်။

ချောင်ချောင်း

ချစ်စရာကောင်းတဲ့ ကလေးဆယ်လီ Chaung Chaung ရဲ့ အစားအသောက်ဆိုင်ခန်း နံပါတ် F8 မှာ လာရောက် အားပေးနိုင်ပါတယ်။ အားလုံးချစ်တဲ့ ဆယ်လီကြီးကတော့ ကြက်‌ကြော်နဲ့ အားလူး‌ထောင်း‌ကြော် တို့ရောင်းချပေးသွားမှာ‌နော်။  Family Fun Fair ‌လေးမှာ Chaung Chaung ‌လေးလည်းရှိ‌‌နေမှာ‌နော်။

သဉ္စာမြင့်မိုရ်

ပရိတ်သတ်အချစ်တော် Thinzar Myint Mo တို့ ချစ်သူစုံတွဲ‌လေး ‌ရောင်းချပေးမယ့် အစားအသောက် ဆိုင်ခန်းကတော့ နံပါတ် F12 ‌လေးပါ‌နော်။ ကိုယ်ချစ်တဲ့အနုပညာရှင်တွေနဲ့လည်း တွေ့ဆုံခွင့်ရပြီး အားပေးခွင့်ရမယ့် အစီအစဉ်လေးဖြစ်တာမို့ မေမေတို့အားလုံး လာရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဒါကြောင့် လာမယ့် ဒီဇင်ဘာ (၇)ရက်နဲ့ (၈)ရက်နေ့မှာ ကျင်းပမယ့် Family Fun Fair မိသားစုပွဲ‌တော်ဆီကို လာရောက်ဖို့ ဖိတ်ခေါ်ပါရစေ။ နေရာလေးကတော့ ပြည်သူ့ရင်ပြင် (ကွင်း၁) မှာနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles