Family Fun Fair မှာ ရောင်းချပေးသွားမယ့် ချစ်သုဝေရဲ့ Just Gentle Myanmar

by: Nang Htwe
 0 comments  0 love

အစ်မချစ်တဲ့ ကလေးတွေ အမေတွေလည်းလာမယ်။ ဆယ်လီ fair လေးလည်း ဖြစ်တယ်ဆိုတော့ family fun fair လေးမှာ အစ်မတို့ Just Gentle လေး ပါဝင်ခဲ့တာပါ

မေမေတို့ရေ လာမယ့်ပိတ်ရက် စနေ၊ တနင်္ဂနွေ အားလပ်ရက်မှာ Kalay.com.mm ကနေ ဦးစီးကျင်းပမယ့် Family Fun Fair မိသားစုပွဲ‌တော်ဆီကို လာရောက်ဖို့ ဖိတ်ခေါ်ပါရစေ။ ပြည်သူ့ရင်ပြင် (ကွင်း၁)မှာ ကျင်းပမှာဖြစ်တာကြောင့် မေမေတို့ကော သားသားမီးမီးလေးတွေပါ လာရောက်ဖို့ လွယ်ကူပါတယ်။ အပန်းဖြေရင်း ဈေးဝယ်လို့လည်း ရတာပေါ့နော်။ ဒီ Family Fun Fair မိသားစုပွဲ‌တော်ရဲ့ ထူးခြားချက်ကတော့ ကိုယ်ချစ်တဲ့ဆယ်လီ၊ သရုပ်ဆောင်၊ အဆိုတော်တွေနဲ့ ဒီဇိုင်နာတွေကိုယ်တိုင် ပါဝင်ရောင်းချသွားမှာပဲဖြစ်ပါတယ်။

ခေတ်ခေတ်၊သစ်သစ်လေးတို့ရဲ့မေမေ သရုပ်ဆောင်ချစ်သုဝေ ရဲ့ Just Gentle products တွေကိုလည်း ရောင်းချပေးသွားဦးမှာနော်။

မင်္ဂလာပါ မထရီဇာက Just Gentle ဆိုတဲ့ brand လေးကို သွင်းထားတာပါ။ မထရီဇာသွင်းထားတဲ့ brand လေး မှာ ကလေးငယ်တွေအတွက် body wash ပါတယ် ပြီးလို့ရှိရင် အဝတ်လျှော်ဆပ်ပြာပါတယ် ပြီးတော့ နို့ဗူးလေးတွေဆေးတဲ့ အရည်ပါတယ်။ ဒီဟာလေးက family fun fair လေးလည်းဖြစ်တယ် ပြီးတော့ အစ်မချစ်တဲ့ ကလေးတွေ အမေတွေလည်းလာမှာဆိုတော့ ဆယ်လီ fair လေးလည်း ဖြစ်တယ်ဆိုတော့ family fun fair လေးမှာ အစ်မတို့ Just Gentle လေး ပါဝင်ခဲ့တာပါ။ ဈေးကွက်ထဲမှာ အော်ဂဲနစ် brand တွေမရှိခင် အစ်မကအရင်သွင်းခဲ့တာလို့ ပြောရမှာပေါ့နော်။ မေမေတွေကို အော်ဂဲနစ်အကြောင်းနားလည်အောင် သိလာအောင် အော်ဂဲနစ်နဲ့ ရင်းနှီးလာအောင် ရှင်းပြတဲ့အခါ အခက်အခဲအပိုင်းလေးတွေရှိပေမယ့် ခေတ်ခေတ်လေးနဲ့ သစ်သစ်လေး အတွက် safe ဖြစ်စေမယ့် အန္တရာယ်ကင်း product လေးတွေရှာရင်း တွေ့ခဲ့တဲ့ brand လေးဖြစ်တဲ့ ဒီ brand လေးကို တင်သွင်းခဲ့တာပါ။ မေမေတွေကို အရမ်းသုံးစေချင်တယ်။ အထူးသဖြင့် မွေးကင်းစ လသားအရွယ်ကနေ အသက်(၁)နှစ် (၂)နှစ် (၃)နှစ်အထိ အရေပြားက အမှားမခံတဲ့အတွက် မမက စိတ်ချရတဲ့ အော်ဂဲနစ် product လေးကို သုံးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ တင်သွင်းခဲ့ပါတယ်။ အဲဒါကြောင့် ဒီ brand လေးကို မေမေတွေလက်ထဲ ရောက်နိုင်သလောက် ရောက်စေချင်တယ်။ သုံးဖူးပြီးသွားရင်တော့ ဒါလေးကို ကြိုက်ကြတယ်။ အဲဒီအခါမှာ မေမေတွသုံးဖြစ်သွားအောင် အစ်မက အမေတွေဆီ ရောက်နိုင်သမျှရောက်အောင် ပို့ချင်တယ်။

ခေတ်ခေတ်နဲ့ သစ်သစ်လေးတို့ အသုံးပြုနေတဲ့ Just Gentle products ကို ဝယ်ယူချင်တယ်ဆိုရင်တော့ ဆိုင်ခန်းနံပါတ် B12 မှာ လာရောက် ဝယ်ယူနိုင်ပါတယ်။

ဒါကြောင့် လာမယ့် ဒီဇင်ဘာ (၇)ရက်နဲ့ (၈)ရက်နေ့မှာ ကျင်းပမယ့် Family Fun Fair မိသားစုပွဲ‌တော်ဆီကို လာရောက်ဖို့ ဖိတ်ခေါ်ပါရစေ။ နေရာလေးကတော့ ပြည်သူ့ရင်ပြင် (ကွင်း၁) မှာနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles