မေမေတို့ ကြိုက်တဲ့ ဒီဇိုင်နာတွေရဲ့ ဝတ်စုံတွေ စိတ်ကြိုက်ဝယ်ယူလို့ရမယ့် အခွင့်အရေး

by: Nang Htwe
 0 comments  0 love

နာမည်ကျော် ဒီဇိုင်နာတွေဖြစ်တဲ့ Ma Pont (My Favourite)၊ Shar Tra၊ သွင်စုထွေး၊ Iris နဲ့ Latt Latt တို့ရဲ့  Brand တွေ ပါဝင်ရောင်းချပေးသွားဦးမှာပါ

မေမေတို့ရေ လာမယ့်ပိတ်ရက် စနေ၊ တနင်္ဂနွေ အားလပ်ရက်မှာ Kalay.com.mm ကနေ ဦးစီးကျင်းပမယ့် Family Fun Fair မိသားစုပွဲ‌တော်ဆီကို လာရောက်ဖို့ ဖိတ်ခေါ်ပါရစေ။ ပြည်သူ့ရင်ပြင် (ကွင်း၁)မှာ ကျင်းပမှာဖြစ်တာကြောင့် မေမေတို့ကော သားသားမီးမီးလေးတွေပါ လာရောက်ဖို့ လွယ်ကူပါတယ်။ အပန်းဖြေရင်း ဈေးဝယ်လို့လည်း ရတာပေါ့နော်။ ဒီပွဲတော်မှာ ကလေးအသုံးအဆောင်ပစ္စည်းအစုံအလင်၊ အိမ်အသုံးအ‌ဆောင်ပစ္စည်းတွေ၊ ယုံကြည်စိတ်ချရတဲ့ စားသောက်ကုန်ပစ္စည်းတွေနဲ့ အဝတ်အထည် အလှကုန် အမျိုးမျိုးတွေကို တစ်နေရာထဲမှာ ဝယ်ယူလို့ရရှိမယ့် မိသားစုပွဲတော်ကြီးဖြစ်ပါတယ်။ လျှော့ဈေးတွေ၊ ရာခိုင်နှုန်း (%)တွေအပြင် Buy one Get one အစီအစဉ်တွေ လည်းရှိတာကြောင့် တစ်နှစ်စာအတွက် ဝယ်ယူဖို့ အကောင်းဆုံးပါ။ 

ဒီ Family Fun Fair မိသားစုပွဲ‌တော်ရဲ့ ထူးခြားချက်ကတော့ ကိုယ်ချစ်တဲ့ဆယ်လီ၊ သရုပ်ဆောင်၊ အဆိုတော်တွေနဲ့ ဒီဇိုင်နာတွေကိုယ်တိုင် ပါဝင်ရောင်းချသွားမှာပဲဖြစ်ပါတယ်။ နာမည်ကျော် ဒီဇိုင်နာတွေရဲ့ Brand တွေကို တစ်နေရာထဲမှာပဲ မေမေတို့စိတ်ကြိုက်ရွေးချယ်ဝယ်ယူလို့ရမယ့် အစီအစဉ်တွေလည်း ပါဝင်နေပါတယ်။ နာမည်ကျော် ဒီဇိုင်နာတွေဖြစ်တဲ့ Ma Pont (My Favourite)၊ Shar Tra၊ သွင်စုထွေး၊ Iris နဲ့ Latt Latt တို့ရဲ့  Brand တွေ ပါဝင်ရောင်းချပေးသွားဦးမှာပါ။

ဒီဇိုင်နာသွင်စုထွေး

အားလုံးပဲ မင်္ဂလာပါ ကျွန်မက ဒီဇိုင်နာသွင်စုထွေးပါ။ ၂၀၁၉ ဒီဇင်ဘာ (၇)ရက်နဲ့ (၈)ရက်မှာ ပြုလုပ်မယ့် Family Fun Fair ပွဲကြီးမှာ အစ်မရဲ့ Ready to Wear လေးတွေ ပါဝင်ပြီးရောင်းချသွားမှာပါ။ ဒီပွဲလေးက ဒီဇင်ဘာလည်းဖြစ်တယ် ခရစ်စမတ် sale အနေနဲ့ (20)% to (50)% အစ်မရဲ့ product တွေအကုန်လုံး distount ရောင်းချသွားမှာပါ။ ရောင်းချမယ့်ဟာတွေကတော့ ဂါဝန်တွေကော၊ ဘောင်းဘီတွေကော၊ အစ်မနာမည်နဲ့ ထုတ်ထားတဲ့ အစတွေကော အားလုံးကို (၂၀) ရာခိုင်နှုန်းကနေ ( ၅၀) ရာခိုင်နှုန်းအထိ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ပြီးတော့ ဒီပွဲလေးမှာက အနုပညာမောင်နှမတွေအားလုံး ချစ်ချစ်ခင်ခင်ပါဝင်ကြမယ်။ ဆိုင်ခန်းတွေလည်း အများကြီးဆိုတော့ အားလုံးပါဝင်ပေးကြပါဦး။

ဒီဇိုင်နာသွင်စုထွေးရဲ့ Ready to Wear လေး‌တွေနဲ့ Bag & Accessories ‌‌‌‌လေးတွေကို ဆိုင်ခန်းနံပါတ် C15 မှာ ‌လာ‌‌ရောက်ဝယ်ယူနိုင်ပါတယ်။

Sha Tra

လာမယ့် ဒီဇင်ဘာ (၇)ရက်နဲ့ (၈)ရက် Family Fun Fair ပွဲကြီးမှာ ကျွန်တော်ရဲ့ Kama Collection brand ကိုလည်းပါဝင်ရောင်းချသွားမှာပါ။ ကလေး brand လေးတွေ၊ ကလေးအင်္ကျီလေးတွေကို ရောင်းချမယ်။ လူကြီးတွေအတွက်ကော၊ ကလေးတွေအတွက်ကော အဓိက cotton နဲ့ ပတ်သက်ပြီး အဓိကရောင်းချသွားမှာ ဖြစ်ပါတယ်။ Promotion ကတော့ ကျွန်တော်စီစဉ်ထားတာလေးတွေ အများကြီးရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပါဝင်ပြီးရောင်းချမယ်။ ကျန်တဲ့ အနုပညာရှင်တွေလည်း ပါဝင်ရောင်းချမှာ ဖြစ်တဲ့အတွက် ဒီပွဲလေးကို လာရောက်အားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဒီဇိုင်နာ Sha Tra ရဲ့ Kama Collection brand ကတော့ ဆိုင်ခန်းနံပါတ် C13 မှာရှိ‌နေမှာပါ။

Ma Pont

မင်္ဂလာပါ ကျွန်မက ဒီဇိုင်နာ Ma Pont ပါ။ ဒီဇင်ဘာ (၇)ရက်နဲ့ (၈)ရက်မှာ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ကျင်းပမယ့် Kalay.com က family fun ပွဲလေးရှိပါတယ်။ အဲဒီပွဲလေးမှာ ကျွန်မရဲ့ Zoey collection လေးတွေကို ပြသရောင်းချပေးမှာ ဖြစ်ပါတယ်။ ပွဲလေးကို လာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ပွဲလေးမှာ အစ်မရဲ့ Zoey collection ထဲက တချို့ item တွေကို special discount အနေနဲ့ ရောင်းပေးမှာဖြစ်လို့ လာရောက်ကြည့်ရှူ့ ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

Ma Pont ရဲ့ Zoey collection ကတော့ ဆိုင်ခန်းနံပါတ် C14 ဖြစ်ပါတယ်။

Iris

ဒီဇိုင်နာ Iris ရဲ့ Kids Wears ‌လေး‌တွေကိုတော့ ဆိုင်ခန်းနံပါတ် C17 မှာ လာဝယ်လို့ရပြီနော်။

Latt Latt

ဒီဇိုင်နာ Latt Latt ရဲ့ Lady’s Boutique ကို‌တော့ ဆိုင်ခန်းနံပါတ် C16 မှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

တစ်နေရာထဲမှာပဲ ကိုယ်ကြိုက်တဲ့ ဒီဇိုင်နာတွေရဲ့ ဝတ်စုံတွေ စိတ်ကြိုက်ဝယ်ယူလို့ရပြီပေါ့နော်။  ဒါကြောင့် လာမယ့် ဒီဇင်ဘာ (၇)ရက်နဲ့ (၈)ရက်နေ့မှာ ကျင်းပမယ့် Family Fun Fair မိသားစုပွဲ‌တော်ဆီကို လာရောက်ဖို့ ဖိတ်ခေါ်ပါရစေ။ နေရာလေးကတော့ ပြည်သူ့ရင်ပြင် (ကွင်း၁) မှာနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles