ကိုယ်​ဝန်​​ဆောင်​နှင့်​ ​ဆောင်​ရန်​​ရှောင်​ရန်​များ ဟောပြောပွဲကျင်းပပြီးစီး

by: Phyo Pyae Thu
 0 comments  0 love

ကျန်းမာ​ရေး အသိပညာ​လေး​တွေ တိုးတက်​​စေဖို့အတွက်​ ရည်​ရွယ်​ပြီး”ကိုယ်​ဝန်​​ဆောင်​နှင့်​ ​ဆောင်​ရန်​​ရှောင်​ရန်​များ” ​ဟော​ပြောပွဲ​လေး ကျင်းပခဲ့ပါတယ်​။

မေ​မေ​လောင်း​လေးတို့​ရေ ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ ​ဆောင်​ရန်​​ရှောင်​ရန်​ ကျန်းမာ​ရေး ဗဟုသုတ​တွေ ပြည့်​စုံ​နေမှ ကိုယ်​လက်​အဂါ စုံလင်​တဲ့ သားသားမီးမီး​လေး​တွေ ​မွေးဖွားလာမှာပါ​နော်​။ ​ဗဟုသုတ​တွေ ပြည့်​စုံ​နေဖို့ဆိုရင်​​တော့ သားဖွားမီးယပ်​ဆရာဝန်​ကြီး​တွေ၊ ကျန်းမာ​ရေး​စောင့်​​ရှောက်​သူ​တွေနဲ့ စီနီယာ​မေ​မေ​တွေဆီက​နေ ရယူဖို့ လိုပါတယ်​။ ဒီလိုမျိုး ကျန်းမာ​ရေး အသိပညာ​လေး​တွေ တိုးတက်​​စေဖို့အတွက်​ ရည်​ရွယ်​ပြီး kalay.com.mm က​နေ (၂.၆.၂၀၁၈) Grand Hantha  International  ​ဆေးရုံမှာ “ကိုယ်​ဝန်​​ဆောင်​နှင့်​ ​ဆောင်​ရန်​​ရှောင်​ရန်​များ” ​ဟော​ပြောပွဲ​လေး ကျင်းပခဲ့ပါတယ်​။

 ဒီပွဲမှာ​တော့ သားဖွားမီးယပ်​အထူးကု ပါ​မောက္ခ ​ဒေါက်​တာ​ဒေါ်ခင်​​မေသင်းမှ ​မေ​မေ​လောင်းတို့ကို ​ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ ​ဆောင်​ရ​ရှောင်​ရမယ့် အချက်​​လေး​တွေ ​ဟော​ပြော​ပေးခဲ့ပါတယ်​။ ဒါ့အပြင်​ ​မေ​မေ​လောင်းတို့ သိချင်​တဲ့​မေးခွန်း​လေး​တွေကို ပြန်​​ဖြေတဲ့အစီအစဉ်​​လေးလဲ ပါဝင်​ပါ​သေးတယ်​။ အားလုံးချစ်ကြတဲ့ မဂျူးချစ်​သဉ္ဇာကလည်း အ​တွေ့အကြုံ​တွေ မျှ​ဝေ​ပေးခဲ့ပါတယ်​။ ဒီပွဲ​လေးကို​တော့ Venue Sponsered အဖြစ်​ Grand Hantha International ​ဆေးရုံက​ ကူညီ​ပေးပြီး တခြား Sponsered အဖြစ်​ အားဖြည့်​ဆန်​၊ Morison diaper နဲ့ ABC International တို့မှလည်း အားဖြည့်​ကူညီ​ပေးခဲ့ပါတယ်​။ 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: healthknowledgenews


Comments

0 comments
Latest video
Refer to more useful articles